ရှေးဟောင်း ခေတ်တစ်ခေတ်လိုဘဲ လူတိုင်းက ဝတ်ရုံတွေ ကိုယ်စီနဲ့ပါလား။ ငါကိုယ်တိုင်လည်း ဝတ်ရုံတစ်စုံ ခြုံလွမ်းထားလျှက်။ လူတိုင်းကလည်း မှုတ်ဆိတ်မွှေးရှည်ရှည်တွေနဲ့။လူတွေက သွားလာလှုပ်ရှားနေရင်းက စမ်းတစ်ဝါးဝါး လျှောက်နေတဲ့ ကျွန်ပ်ကို ကြည့်နေပါတယ်။ သူတို့ရဲ့ခေါင်းတွေက တပတ်လည်လို့ရနေတာ ထူးဆန်းတယ်။ ကလေးတွေက စလို့ အားလုံးက အလုပ်လုပ်နေကြတယ်။ မအားမလပ်နဲ့ ဘာတွေ အလုပ်ရှုပ်နေကြတာလဲ။ လူတစ်စု စုဝေးနေတဲ့ နေရာကို လျှောက်သွားလိုက်ရင်း မေးလိုက်မိတယ်။
"အိမ်မက် ခဏလောက် ငှားပါ"
ကျွန်ပ်ရဲ့ မေးသံကိုကြားတော့ တစ်ချို့က ခေါင်းကို တစ်ပါတ်လည်ကာ ပြန်ကြည့်တယ်။ တစ်ယောက်က ကျွန်ပ် အင်္ကျီကော်လံကိုဆောင့်ဆွဲကာ
"အိမ်မက်ဆိုတာ ဘာလဲ"
တစ်ယောက် လှမ်းအော်ပြောလေသည်
"အိမ်မက်က အကျိုးမြတ်ရှိလားဗျို့ "
တစ်ချို့က
"အိမ်မက်ကိုတွေ့ရင်ပြောပါ သိချင်လို့"
အိမ်မက်ကို မသိတဲ့ လူတစ်စုကို ကျွန်ပ် စွန့်ခွါရင်း အိမ်မက်ကို ရှာဖို့ ရှေ့ဆက်လျှောက်ခဲ့တယ်။ ဘယ်လို အိမ်မက်ဘဲ ဖြစ်ဖြစ် အိမ်မက်နဲ့ တွေ့ချင်တယ်။ အိမ်မက်ကို တွေ့အောင်ရှာရမယ်။ လမ်းတွေ တစ်ခုပြီး တစ်ခုကိုကျော်ဖြတ်လာရင်း အိမ်မက်ကို ငှားမဲ့လူ မရှိပါလား။ ရှာရတာ အားကုန်လာပြီင်္း လက်လျှော့လိုက်တော့မဲ့ ဆဲဆဲမှာ အရိပ်တစ်ခုကို တွေ့လိုက်တယ်။ အသက်ငယ်ငယ် မဟုတ်တဲ့ အဘိုးအို တစ်ယောက် တောင်မွေးတစ်ချောင်းနဲ့ ဖြေးဖြေးခြင်းလျှောက်လာကာ ကျွန်ပ်နဲ့ တစ်ဖြေးဖြေး နီးကပ်လာသည်။ ဒီအဘိုးဆီကနေ အိမ်မက်ကိုရအောင်ငှား ရမယ်လို့ စိတ်ကူးလိုက်တယ်။
"အဘ ကျွန်ပ်ကို အိမ်မက် ခဏလောက်ငှားပါ ခင်ဗျာ "
" မင်းက အိမ်မက်ကို လိုချင်တာလား။ ရှိတယ်ကွဲ့ ဘာလိုအိမ်မက် လိုချင်လဲ ဘယ်လိုအရသာ ကြိုက်လဲကွ ရော့ မင်းကြိုက်တာရွေး"
ပြောပြောဆိုဆိုနဲ့ အဘိုးအိုက သူပါးစပ်ထဲက တံတွေးကိုထွေးရင်း လှမ်းပေးတယ်။ အဘိုးအိုနားကိုဖြေးဖြေးခြင်း ကပ်သွားရင်းက သူပေးတဲ့ တံတွေးလုံးကို လှမ်းယူလိုက်ရင်း အရသာ ထူးကဲစွာ စားလို့ကောင်းတဲ့ အရသာလေးကို ဝါးမြိုချလိုက်မိတယ်။ အဘိုးအိုကို ကျေးဇူးတင်စကားပြောရင်း
"အဘ ပြီးရင် ဘာဆက်လုပ်ရမလဲဗျ "
ကျွန်ပ် အဘိုးအိုကို ကြည့်နေတဲ့ မျက်လုံးတွေက ဝေဝါးကာ အဘိုးအိုရဲ့ အရိပ်က တစ်ဖြေးဖြေး ပြောက်ကွယ်သွားသည်။ ကျွန်ပ် အားလုံးနဲ့ အဆက်သွယ်ပြတ်သွားကာ မှောင်ကမ္ဘာ အတိဖြစ်သွားသည်။ ပျော်ရွှင်နေတဲ့ ကျွန်ပ်နဲ့ မိသားစုတစ်ခု ရယ်မောနေတာကို တွေ့လိုက်ရတယ်။ တစ်ခဏ အတွင်းမှာဘဲ ပြောက်ကွယ်သွားခဲ့တယ်။
ကျွန်ပ် သတိရလာတဲ့ အချိန် ဘေးပတ်ဝန်းကျင်ကို ကြည့်မိလိုက်တယ်။ ရှေးခေတ်တစ်ခု မဟုတ်တဲ့ ကမ္ဘာလောက ပြီးတော့ ကျွန်ပ်၏ အခန်းငယ် ရှေ့မှာတော့ ဖတ်လက်စ စာအုပ်တစ်အုပ် စာအုပ်နံမည်က အိမ်မက်ကမ္ဘာ။ အိမ်မက်ဆိုတဲ့ အရာကို နာလည်သဘောပေါက်လိုက်မိတယ်။ အိမ်မက်ဆိုတာ ကိုယ့်စိတ်ထဲက ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုပါ။ တကယ်လက်တွေ့ ဘဝမှာ ဖြစ်မလာသေးတာကို စိတ်ကူးယဉ်ခြင်း တစ်ခုသာ ဖြစ်တယ်လို့် မှတ်ချက်ချ မိပါတယ်။
ွ
**မြတ်မွန်**

No comments:
Post a Comment