ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 7, 2011

ကျီးလိုလူစား

>
လူတွေက ၀ိုင်းအုံကြည့်နေကြတယ်။ အိမ်တစ်အိမ်ရဲ့အ၀မှာ တန်ဘိုးကြီး ဇိမ်ခံကားတစ်စီး ရပ်ထားလေတယ်။ ကားပေါ်ကဆင်းလာသူတွေက အရွယ်စုံ ကျား၊မ ၆ယောက်လောက်။ အဲ့ဒီအိမ်ကလေးရှေ့ ရပ်ပြီး အိမ်ထဲလဲမ၀င်၊ လမ်းမကနေအထဲကို လက်ညိုးငေါက်ငေါက်ထိုး။ အယုထ္ထ၊ အနထ္ထတွေ အော်၊ ဟစ်၊ ဆဲ၊ ဆို..လို့။ ၀တ်ထားတဲ့ လက်ဝတ်ရတနာတွေကိုမှ၊ စီးလာတဲ့ သိန်းထောင်ကျော်တန် ကားကြီးကိုမှ အားမနာ၊ လျှာမကျိုး ။ အိမ်ထဲဝင်လို့ ကောင်းကောင်းမွန်မွန်ပြောလို့ကော မရပေဘူးဘူးလား။ ဘာအတွက်၊ ဘာအကြောင်းကြောင့် အချင်းပွားနေကြမှန်း မသိပေမယ့် ပတ်ဝန်းကျင်မှအားမနာ၊ အရှက်မရှိ အားရအောင် ဆဲချင်ရာဆဲ၊ ဆိုချင်ရာဆိုပြီး ၀သွားလေတော့ ကားပေါ်တက်လို့ ၀ူးကနဲ မောင်းထွက်လိုက်တာများ ရပ်ကွက်က စပ်စုပြီိး ကြည့်နေကြတဲ့ လူတွေတောင် လန့်ဖြတ်ကုန်ရော။ လမ်းသွားရင်း ကြုံခဲ့ရတဲ့ အဖြစ်တစ်ခု။

………………………………@@@……………………………..

ဒီကုမ္ပဏီမှာ သူမအလုပ်လုပ်နေခဲ့တာ တက္ကသိုလ်စတက်ကတည်းက။ အဖေ့ရဲ့ညီ ကုမ္ပဏီဆိုတော့ အလုပ်အတွေ့အကြုံမရှိတဲ့ သူမအတွက် ကြိုးစားလုပ်ကိုင်ခွင့်ရတဲ့ လေ့ကျင့်ကွင်းကောင်းတစ်ခုပါဘဲ။ အဖေကတော့ ကျန်းမာရေးအရ အလုပ်မလုပ်နိုင်တော့ပြီ။ ဒီလိုနဲ့ လုပ်သက်တစ်နှစ်မှာ မားကက်တင်းဌာနမှာ သူမတာဝန်ယူခွင့် ရလာတော့ သူမရဲ့အောက်မှာ တွဲဖက်လုပ်ကိုင်ရသူ ၆ယောက်ရှိလာခဲ့တယ်။ သူမက ကုမ္ပဏီရဲ့ အရေးပါတဲ့ ထူးချွန်ဝန်ထမ်းတစ်ယောက် ဖြစ်လာခဲ့တယ်။ ကုမ္ပဏီမှာ အုပ်ချုပ်ရေးပိုင်း ဒါရိုက်တာအဖွဲ့ဝင်တွေက သူမ အဖေရဲ့ညီအကို၊ မောင်နှမများ။ မာကက်တင်းဌာနအနေနဲ့ ရောင်းရငွေတွေကို အဖေ့ရဲ့ညီငယ်တစ်ဦးကို နေ့စဉ်အပ်နှံရလေတော့ တစ်နေ့မှာ ပြဿနာတက်လေတော့တယ်။ သူမရဲ့ဖိုင်ထဲက ငွေလွှဲပြီိး ဘောက်ခြာတစ်ရွက် ပျောက်သွားတယ်။ သိပ်မကြာခင်မှာပဲ အဲ့ဒီလို ငွေလွှဲပြီးဘောက်ခြာတွေ ကြိုကြားပျောက်လာတော့တယ်။ သေချာစောင့်ကြည့် အဖြေရှာလေတော့ မသမာတဲ့နည်းနဲ့ သူမရဲ့ ဖိုင်ထဲက ဘောက်ခြာတွေရော၊ ငွေတွေပါဖြောင်နေတဲ့ သူမဦးလေးငယ်ရဲ့လုပ်ရပ်ကို လက်ပူးလက်ကြပ် သိလိုက်ရလေတော့တယ်။ သေချာပြန်စီစစ်ကြည့်တော့ ပျောက်တဲ့ ဘောက်ချာတွေရဲ့ ငွေပမာဏက နည်းနည်းစီနဲ့ မနည်းတော့။ ဒါနဲ့ ကုမ္ပဏီရဲ့အကြီးဆုံး အဖေ့ညီ ဦးကြီးကို ဖွင့်ပြောလို့ဒီကိစ္စ အရေးယူဖို့ ပြောလေတော့ နေ့ရွှေ့ညရွှေ့။ နောက်ပိုင်းမှာ ဦးကြီးကိုယ်တိုင်က အရင်လိုမဟုတ်တော့ပဲ သူမကို စကားပြောချင်သလို မပြောချင်သလိုနဲ့ ရှောင်ဖယ်၊ ရှောင်ဖယ်လုပ်လာလေတယ်။ ၀န်ထမ်းတွေကလည်း သူဘယ်လိုဆုံးဖြတ်မယ်ဆိုတာ သိချင်လာကြတယ်။ ဆိုးလာတာက သူတို့ ညီအစ်ကို မောင်နှမတွေ စုပြီး သူမကို လှောင်သလို ပြောင်သလို သရော်သလိုနဲ့ မထီတရီ ဆက်ဆံလာတာပါဘဲ။ သူမက ဖြစ်ခဲ့တဲ့ ကိစ္စအတွက် ဖြေရှင်းပေးဖို့ တိုက်တွန်းလာတော့ ဘကြီးတို့ ညီအစ်ကိုမောင်နှမအားလုံးက မှားသူအပေါ်ရပ်တည်၊ မှန်သူကိုအပြစ်ဖို့ပြီး သူတို့ရဲ့ မလှပတဲ့လိပ်ပြာတွေကို အသက်ဆက်သွင်းကြလေတယ်။ နောက်ဆုံးတော့ လိပ်ပြာဆိုးတွေကို ကျောခိုင်းစွန့်ခွာဖို့ သူမအလုပ်က ထွက်စာတင်ခဲ့တယ်။ အခုတော့ သူမက ကုမ္ပဏီကြီး တစ်ခုမှာ တာဝန်ကြီးတွေယူပြီး ထမ်းဆောင်နေချိန် သူတို့အားလုံးကတော့ တစ်ကွဲတစ်ပြဲနဲ့၊ တစ်ယောက်တစ်နေရာစီမှာ။ သူတို့ ကုမ္ပဏီကလည်း လုံးဝမှ ရပ်တန့်လို့ သွားချေပြီ။ ဒါက မျက်မြင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခု။

……………………………@@@……………………………..

သူက ဆရာဝန်တစ်ယောက်ပေမယ့် ဆေးမကုသူ။ သူက ထရိတ်ဒင်းလုပ်ငန်း၊ ဌာနဆိုင်ရာ ပရောဂျက်တွေ၊ တင်ဒါတွေကို ငွေနဲ့ပေါက်ပြီး အရယူတတ်သူ။ သူ့မိခင်နဲ့ သူ့ရဲ့အစ်မကလည်း လက်ရှိ ကိုယ်ပိုင်ကုမ္ပဏီကြီးတစ်ခုစီ တည်ထောင်ထားသူ။ သူက မိန်းမလည်းရှုပ်ချင်တယ်။ လက်ရှိ တရားဝင် မိန်းမ၂ယောက်အပြင် တခြားကောင်မလေး တွေနဲ့လည်း သူက ပွေချင်သေး။ ကုမ္ပဏီတစ်ခုရဲ့ မန်နေးဂျင်းဒါရိုက်တာ တစ်ယောက်ပေမယ့် သူက ငွေအမြဲလိုနေသူ။ ဒီဘက်ကရငွေ၊ ဟိုဘက်ကိုထည့်ရင်းနဲ့ အကြွေးတွေပွထနေသူ။ သူ့မိခင်က သူ့ကိုချစ်ရှာတော့ မနေနိုင်ပဲ ခုထက်ထိ ပံ့ပိုးနေရတော့တာ။ အဓိကပြောချင်တာ သူရဲ့စိတ်ကို။ သူက ဘယ်သူ့ကိုမှ ယုံကြည်စိတ်ချမှု မရှိသူ။ ကုန်ကုန်ပြောမယ် သူ့ကိုယ်တောင် သူမယုံဘူးတဲ့။ သူ့မှာ လူယုံဘော်ဒီဂတ်၂ယောက်ထား ထားတယ်။

တစ်ယောက်ကိုတစ်ယောက် ပြန်ပြီးကောင်တာချက်ခ်ခိုင်းတယ်။ သူ့ရဲ့ အလွန်အားကိုးရတဲ့၊ အလွန်စိတ်ချရတဲ့ အတွင်းရေးမှူးကိုတောင် တန်ပြန် ချက်ကင်လိုက်တယ်။ သူ့ရဲ့ အတွင်းရေးမှူးလေးကို သူ့ရဲ့မိသားစုဝင်တွေ၊ သူ့ရဲ့အလုပ်ကိစ္စတွေ၊ သူ့ရဲ့ပြိုင်ဖက်တွေ၊ သူ့ရဲ့အလုပ်ပါ့တနာတွေကို လျှို့ဝှက်ကုဒ်နံပါတ်တွေ အကုန်သတ်မှတ် ပေးထားပြီး နာမည်တွေ မခေါ်စေပဲ အဲ့ဒီနံပါတ်တွေ သုံးစေတယ်။ နေ့စဉ် တစ်ယောက်ချင်းစီရဲ့ ရီပို့တွေ သူ့ကို တင်ပေးရတယ်။ သူကဘယ်တော့မှာ ရုံးမထိုင်။ တပည့်နှစ်ယောက်နဲ့ ပြည်တွင်းပြည်ပ ပတ်နေသူ။ အွန်လိုင်းက အသုံးပြုသမျှ သူ့ရဲ့ အကောင့်အားလုံးက ပါ့စ်ဝေါ့တွေကိုလည်း တစ်ပါတ်တစ်ခါ ပြောင်းပြီးရင်း အပြောင်းလွန်ပြီး အကုန်မေ့ကုန်လို့ အသစ်ပြန်ဖွင့်နဲ့ ချာလပတ်လည်လို့။ သူက ဘယ်သူ့မှ မယုံကြည်သလို သူ့ရဲ့မျက်လုံးက အမြဲတမ်း ကျီးကြည့်ကြောင်ကြည့် ကြည့်သလို သူ့ရဲ့ခန္ဓာကိုယ်ကလည်း ဘယ်တော့မှ ဂဏှာမငြိမ်။ လက်ဆစ်မချိုးရင် ဒူးနှံ့။ ဒူးမနှံ့ရင် စားပွဲကိုလက်နဲ့ တစ်ဒေါက်ဒေါက်ခေါက်နဲ့ပေါ့။ သူ့ကိုသူ မကာအိုတို့၊ ကိုလံဘီယာတို့ရောက်နေတယ် ထင်သလားမသိ။ သူ့ကို၊ မလိုသူ စီးပွားဖက်တွေက လုပ်ကြံမယ့် သဘောရှိတယ်တောင်ထင်နေသူ။ ကိုယ်ခံပညာသင်တန်းတွေတက်၊ သူ့ရဲ့ ကားပေါ်မှာ၊ သူ့ရဲ့ ကျောပိုးအိတ်ထဲမှာ ဘယ်ကမှန်းမသိ သူထင်နေတဲ့ သူ့ကိုလုပ်ကြံမယ့် သူတွေကို ကာကွယ်ဖို့ တုတ်တွေ၊ နံချတ်ကူတွေ ဆောင်ထားသေး။ သူ့ဆီ ဖုန်းဆက်သူတွေကို ခွဲခြမ်းစိတ်ဖျာရအောင် တစ်ယောက်ထဲ လက်ကိုင်ဖုန်း ၄ခုလောက်ကိုင်တာ။ သူ့အတွင်းရေးမှုးမလေးကတော့ သူ့ရဲ့ အက်ဖ်ဘီအိုင်ထက်တောင် လျှို့ဝှက်လွန်းတဲ့ ဘော့စ်ဆီမှာ အောင့်အည်းသည်းညည်းခံလို့ ၃နှစ်လောက်လုပ်ပြီး ဒဏ်မခံနိုင်လေတော့ တစ်ခါတည်း အလုပ်ကနေ ထွက်လိုက်ပါလေရော..။ ဒါကလည်း ကိုယ်တိုင် ပတ်သက်ဆက်နွယ်ခဲ့ဘူးလို့သိတာ။

………………………………@@@……………………………..

မနက်က မီးဖိုချောင်က ဘေစင်မှာ ပန်းကန်းဆေးရင် မြင်ကွင်းတစ်ခုကိုတွေ့လိုက်မိတယ်။ အိမ်တစ်အိမ်က စွန့်ပစ်လိုက်တဲ့ အသားတစ်စတစ်စကို ကျီးတစ်ကောင်က အမိချီလိုက်တယ်။ အဲ့ဒီကျီးက တစ်ဖက်အိမ်ခေါင်မိုးအစွန်းမှာ နားလို့ အသားတစ်ကို သူ့ရဲ့လက်သည်းတွေနဲ့ လွတ်ထွက် မသွားအောင် ကုတ်ထားတယ်။ နဘေးနားက တခြားကျီးတွေက သူ့အနားမှာ တစ်အအနဲ့ အော်လို့ ၀ဲပျံနေတယ်။ အဲ့ဒီမှာ ၀ဲပျံနေတဲ့ ကျီးထဲက ၂ကောင်၃ကောင်လောက်က ခုနအစာချီထားတဲ့ ကျီးကို ၀ိုင်းထိုးဆိတ်ကြတယ်။ ဟိုကျီးလည်း ခုန်ပျံရင်း လက်ထဲက အသားစ ခေါင်မိုးကနေ နောက်ဖေးလမ်းမပေါ်ကို ပြုတ်ကျတယ်။ အောက်က ခွေးက ကျလာတဲ့အသားစကို အလွယ်တကူ ကောက်ယူစားလိုက်ပါလေရော။ ဒီမြင်ကွင်းကိုကြည့်ရင်း ကျွန်မစိတ်ထဲ ” မင်းအသံလေး သာယာလွန်းလို့ အော်ပြပါဦးကွာ ” ..ဆိုပြီး မြေခွေးလူလည်ရဲ့ ပါးနပ်တဲ့ လှည့်ကွက်မသိလေပဲ ဘ၀င်ကြွပြီး တစ်အအနဲ့ အအော်ကောင်းလို့ ချီထားတဲ့ဒိန်ခဲ အောက်ကိုပြုတ်အကျမှာ သစ်ပင်အောက်က မြေခွေးက အလွယ်တကူ ဒိန်ခဲကို ကိုက်ချီယူသွားလေတဲ့ ပုံပြင်ကို အမှတ်ရလိုက်မိတယ်။

ကျီးဆိုတာမျိုးက တစ်ကောင်ထဲရှိနေရင် ကြောက်လန့်တတ်တဲ့ သဘောရှိတယ်။ ကြက်တူရွေး၊ သာလိကာစတဲ့ ငှက်တွေက တစ်ကောင်ထဲ မွေးလို့ရပေမယ့် ကျီးကန်းကို တစ်ကောင်ထဲမွေးကြည့်၊ မကြာခင်သေတာပဲတဲ့။ ကျီးကန်းဆိုတဲ့ သတ္တ၀ါရဲ့သဘောကိုက အုပ်စုဖွဲ့နေတတ်တယ်။ သူတို့ခွန်အားကို အုပ်စုဖွဲ့ပြီး ပြချင်တတ်တယ်။ သူတို့ဟာ မျိုးနွယ်အချင်းချင်း စည်းလုံးတယ်လို့ ပြောလို့ရပေမယ့် အတ္တများတဲ့စည်းလုံးမှုမျိုးလို့ ပြောရင်လွန်မယ် မထင်ဘူး။ ကျီးရဲ့အော်သံဟာ တခြားငှက်တွေလို အနိမ့်အမြင့်မရှိဘူး။ သာယာမှုမရှိဘူး။ အ…အ..အ..တစ်လုံးထဲကိုပဲ ထပ်ကာတလဲလဲ အော်နေတတ်တယ်။ တခြားငှက်မျိုးနွယ်ဝင်တွေကလည်း ကျီးငှက်ဆိုရင် ရောထွေးမှုမရှိဘူး။ ကျီးကိုယ် တိုင်ကလည်း တခြားငှက်မျိုးနွယ်တွေကို မယုံကြည်စိတ်နဲ့ မရောနှောဘူး။ ကျီးရဲ့သဘာဝက အညှီအဟောက်၊ သားစိမ်းငါးစိမ်းမျိုးမှ မြိန်ရေယှက်ရေ ခံတွင်းတွေ့တယ်။ သူတို့ ကျီးအချင်းချင်းလည်း ညှာတာမှု မရှိကြဘူး။ ကျီးဆိုတဲ့ သတ္တ၀ါတွေဟာ အမြဲတမ်း စိုးရိမ်ထိတ်လန့် နေရတတ်တဲ့ သဘာဝရှိလို့ ကျီးကန်းတွေမှာ အဆီမရှိသလောက်ပဲ။ တစ်ကောင်ထဲဆိုလို့ကတော့ ဟိုကြည့်သည်ကြည့်နဲ့ ဂဏှာကို မငြိမ်တော့တာ။ ကျီးကြည့်ကြောင်ကြည့် ..ဆိုတာ အဲ့ဒီက လာတဲ့စကားပေါ့။ ကျီးတွေဟာ မနာလိုမစ္ဆရိယစိတ်ရှိတယ်။ ဘယ်နေရာက အစာကို အလစ်သုတ်ယူရမလည်း ဆိုတာပဲ အမြဲတွေးနေတတ်တယ်။ မယုံသင်္ကာစိတ် အရှိဆုံး သတ္တ၀ါဆိုရင်လည်း မမှားပါဘူး။ သူတို့ ကျီးမျိုးအချင်းချင်းတောင် မသင်္ကာသေးတာ၊ တခြားသက်ရှိသတ္တ၀ါတွေကိုတော့ မပြောလေနဲ့တော့။

ဒဏ္ဍာရီထဲမှာတော့ ထူးထူးခြားခြား ကျီးတစ်ကောင်ဟာ အုပ်စုနဲ့မဟုတ်ပဲ တစ်ကောင်ထဲ မြစ်ရေထဲမျောပါသွားတဲ့ ဆင်သေကောင်ပေါ်မှာ လိုက်ပါနားရင်း၊ စားရင်း ဆင်သေကောင်နဲ့အတူ ပါသွားလေတယ်။ ကျီးပီပီ လောဘကြီးကြီးနဲ့ ဒီလောက်ကြီးတဲ့ ဆင်သေကောင်ကြီး ငါတစ်ကောင်ထဲသာဆို ဒီတစ်သက်စားလို့ ကုန်မှာမဟုတ်ဘူး၊ ဒီတော့ ငါ့ကို တအအနဲ့ ၀ိုင်းအာပေးနေကြတဲ့ ငါ့ရဲ့ကျီးမျိုးတွေကို မပြောတော့ပဲ တစ်ကောင်ထဲ အသာလေးလိုက်သွားမှ.. ဆိုပြီး တစ်ကောင်ထဲ တကိုယ်ကောင်းစိတ်နဲ့ ဆင်သေကောင်နဲ့အတူ လိုက်ပါသွားလေသတဲ့။ ဒီလိုနဲ့ ဇိမ်ယစ်ပြီး စားလိုက်၊ အိပ်လိုက်နဲ့ ဆင်သေကောင်နဲ့ အတူမျောပါလာလိုက်တာ ပတ်ဝန်းကျင်ကို သတိထားမိချိန်ကျတော့ ဆင်သေကောင်ဟာ မြစ်ကကျော်လို့ ကမ်းမမြင်လမ်းမမြင် ပင်လယ်ထဲတောင် ရောက်နေပါလေရော။ နောက်ဆုံးတော့ လောဘကြီး၊ အချောင်ခို၊ အတ္တများ၊ စူးစမ်းဆင်ခြင်မှု အားနည်းတဲ့ ကျီးလည်း အားလုံးနဲ့ အဆက်သွယ်ပြတ်လို့ ပင်လယ်ထဲမှာ ဆင်သေကောင်ပုတ်နဲ့အတူ သေပွဲဝင်ရလေတယ်။

ခောတ်သစ်ကျီးကန်းတွေကတော့ ဒီလိုမဟုတ်ဘူးရှင့်။ ဒဏ္ဍာရီထဲက ကျီးလို ဆင်သေကောင်နဲ့အတူ မျောရင်း၊ စားရင်း၊ သောက်ရင်း လိုက်ပါသွားပေမယ့် ပတ်ဝန်းကျင်ကို မျက်ခြေမပြတ် လေ့လာလာတယ်။ စူးစမ်းတယ်။ အရှေ့က ကျီးတွေရဲ့ အားသာအားနည်းချက်တွေကို စံနမူနာယူလို့ ကျီးကျင့်ကျီးကြံ ကြံကြတယ်။ ကျီးတွေ ပါးရည်နပ်ရည်ရှိလာတဲ့ သဘောပေါ့။ ကျီးဟာ ဆင်သေကောင်ပုတ်ကို စားတာလဲစား၊ မျက်လုံးကလည်း ကျီးကန်းတောင်းမှောက်ကြည့်လို့ပေါ့။ ဆင်သေဟာ မြစ်ကိုကျော်လာပြီ။ ပင်လယ်ဝရောက်ပြီ။ သူလည်း ဗိုက်ဖောင်းကားအောင် ရသလောက် စားခဲ့ပြီးပြီ။ နောက်တစ်ကောင်ကို အလှည့်ပေးမှဆိုပြီး ပင်လယ်ထဲကို ဆင်သေကောင်ရောက်တာနဲ့ နီးစပ်ရာ ပင်လယ်ကူးသဘောင်္ နဲ့အတူ မြို့ကို ပြန်လိုက်လာခဲ့တယ်။ ကျန်ခဲ့တဲ့ သူ့ရဲ့ ကျီးမျိုးနွယ်ဝင်တွေက တစ်သွေးတစ်မွေးနဲ့ ၀ဖြိုးပြီး ပြန်လာတဲ့ကျီးကို အခမ်းအနားနဲ့ သောင်းသောင်းဖျဖျ ကြိုဆိုကြတယ်။ ပြီးတာနဲ့ နောက်ထပ်ကျီးတစ်ကောင် မျောလိုက်ဖို့အတွက် ဆင်သေကောင်ရှာပုံတော် ဖွင့်ကြလေတော့တယ်။ ပုတ်ဆော်နံဟောင်နေတဲ့ ဆင်သေကောင်နဲ့ အတူ မျောပါဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ ကျီးတွေဆိုတာ အိုး… မနည်းမနောပဲ…တဲ့။

ကျွန်မတို့ ပတ်ဝန်းကျင်မှာလည်း တအအနဲ့ မအော်မြည်တတ်တဲ့ ” ကျီးလိုလူစား ” တွေ အများကြီးပဲရှင့်။

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

**မြသွေးနီ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)