(Community Shield review: Manchester United 3-2 Manchester City )
**ကွန်မြူနတီဒိုင်း ချန်ပီယံ မန်ယူအသင်း**
၂၀၁၁-၂၀၁၂ ဘောလုံးရာသီ၏ အင်္ဂလိပ်ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်များကို မကျင်းပမီ တစ်ပတ်အလိုတွင် ကျင်းပနေကျဖြစ်သည့် ကွန်မြူနတီဒိုင်းပြိုင်ပွဲကို သြဂုတ် ၇ ရက် ၉း၃၀ နာရီတွင် ၀င်ဘလေကွင်း၌ ကျင်းပသည်။ ရန်ပုံငွေရှာဖွေပွဲဖြစ်သည့် ဤကွန်မြူနတီဒိုင်းလုပွဲတွင် မန်ချက်စတာမြို့ပြိုင်ဘက်နှစ်သင်းဖြစ်သည့် ပရီးမီးယားလိဂ်ချန်ပီယံ မန်ယူအသင်းနှင့် အက်ဖ်အေဖလားချန်ပီယံ မန်ယူအသင်းနှင့် အက်ဖ်အေဖလားချန်ပီယံ မန်စီးတီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံသည့် မန်ချက်စတာဒါဘီပွဲ ပြိုင်ဆိုင်မှုကမန်ယူ၃ဂိုး-မန်စီးတီး၂ဂိုး ဖြစ်သည်။ (အင်တာနက်)
**ဥရောပချန်ပီယံလိဂ်အုပ်စုဝင်ခွင့်ခြေစစ်ပွဲ အာဆင်နယ်နှင့် အူဒီးနိစ်တွေ့မည်**
(လန်ဒန်၊ သြဂုတ် ၆)
ဥရောပချန်ပီယံလိဂ်အုပ်စုဝင်ခွင့်ခြေစစ်ပွဲစဉ်များကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ အာဆင်နယ်အသင်းက အူဒီးနိစ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ အာဆင်နယ်အသင်းသည် လာမည့် သြဂုတ် ၁၆ ရက်တွင် အီတလီကလပ် အူဒီးနိစ်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။ ၄င်းပြိုင်ပွဲအပြီး ခုနှစ်ရက်အကြား အီတလီသို့ ဒုတိယအကျော့ အာဆင်နယ်တို့ သွားရောက်ကစားရမည်ဖြစ်သည်။ိထိုအတောအတွင်း ဘိုင်ယန်မြူုးနစ်အသင်းက အက်ဖ်စီဇူးရစ်နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ဒတ်ခ်ျကလပ်အက်ဖ်စီတွမ်တီးကလည်း ဘင်ဖီကာနှင့်ကစားရမည်ဖြစ်သည်။ ပြင်သစ်ကလပ်လိုင်ယွန်က ရုရှားကလပ် ရူဘင်ကာဇန်နှင့်ဆုံမည်ဖြစ်သည်။ အခြားပွဲများအဖြစ် ၀စ်ဆလာကရာကောနှင့် အေပိုးလ် နီကိုးရှား၊ မက္ကာဘီဟိုင်နှုင့် ဂျင့်(ခ်)၊ ဒိုင်နမိုဇာဂရက်နှင့် မော်မိုအက်ဖ်အက်ဖ်၊ ကိုပင်ဟေဂင်နှင့် ပါဇန်၊ ဘိတ်နှင့် အက်စ်ကေစထန်းဂရပ်၊ အိုဒန်ဆေးဘီကေနှင့် ပီလာရီးရဲတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ (အင်တာနက်)
**ယူ - ၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအသင်း ၁၃ သင်း နောက်တစ်ဆင့် တက်လှမ်း**
(ဘိုဂိုတာ(ကိုလံဘီယာ)၊ သြဂုတ်)
ယူ - ၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို သြဂုတ် ၅ ရက်က ကိုလံဘီယာနိုင်ငံ၌ ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိရာ အုပ်စု(က)မှ အိမ်ရှင်ကိုလံဘီယာအသင်းက တောင်ကိုရီးယားအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့်နိုင်ပြီးအုပ်စုတွင် သုံးပွဲဆက်တိုက်အနိုင်ရကာ နောက်တစ်ဆင့်တက်လာခဲ့သည်။ တစ်အုပ်စုတည်း ပြင်သစ်အသင်းက မာလီကို နှစ်ဂိုးပြတ်ဖြင့်နိုင်ပြီး ရမှတ်ခြောက်မှတ်ဖြင့် နောက်တစ်ဆင့်တက်ခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - ဟန်သစ်

No comments:
Post a Comment