ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 1, 2011

“ ပြည်သူတွေအတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးနိုင်တာဘာကြောင့်လဲ ”

>
(Bago Flood)
.............................

ပဲခူးမြို့နဲ့ဟင်္သာတမြို့တွေရေကြီးပြန်ပြီတဲ့ ၊ ပဲခူးမြို့ဆို ဘူတာကြီးက သင်္ဘောဆိပ်လားထင်ရလောက်အောင် ဆိုးဆိုးရွားရွားဖြစ်နေတာတဲ့၊ မနှစ်ကလည်း မန္တလေးနဲ့ ပဲခူးမြို့ တွေမှာ ဒီလို ရေကြီးတဲ့ဘေးဒုက္ခ ကြုံခဲ့ကြပါသေးတယ်၊ ပြည်သူတွေအဖို့ကတော့ ကံကြမ္မာကိုပုံချတာ ၊ ကပ်ဆိုက်နေတာလို့ စဉ်းစားတာတွေ မြင်ကြားနေရပါလေရဲ့ ။

တကယ်တော့ ကိုယ်ကျိုးစီးပွားနဲ့အာဏာတည်မြဲရေးအတွက်ပဲဦးစားပေးတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့အုပ်ချုပ်မှုအောက်မှာ ရရာခိုးပြီးရပ်တည်နေရတဲ့ ၀န်ထမ်းတွေရဲ့ပေါ့လျော့မှု ကြောင့် ၊ ဆည်မြောင်းဦးစီးဌာန၀န်ထမ်းတွေကြောင့်နဲ့ (အထူးသဖြင့်) နိုင်ငံတော်ကိုတာဝန်ယူအုပ်ချုပ်နေပါတယ်ဆိုတဲ့ အစိုးရအယောင်ဆောင် စစ်ယူနီဖေါင်းချွတ်တွေ ကြောင့်ပါဆိုတာများ ရေဘေးသင့်ပြည်သူတွေသိကြရင် ဘယ်လိုခံစားကြရပါလေမလဲ ။

ဟာ..! သူ့ဘာသာသဘာဝဘေးရေကြီးတာပဲ ၀န်ထမ်းတွေနဲ့ဘာဆိုင်လဲ ၊ ငါတို့အာဏာပိုင်တွေနဲ့ရော ဘာဆိုင်လို့လဲ၊ နိုင်ငံရေးနဲ့နွယ်ပြောချင်လို့ ဇွတ် ဆက်စပ်နေတာပဲလို့ စစ်ဗိုလ်ချုပ်ကြီးတွေအသိုင်းဝိုင်းက ပြောချင်ပါလိမ့်မယ် ၊ ပြီးတော့ပြောချင်းပြော မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနကိုပဲပြောရမှာ ဆည်မြောင်းဦးစီးဌာနက ဘယ်လိုပါလာရတာ လဲလို့လည်း မေးစရာရှိနိုင်ပါတယ် ၊ ပြောပါ့မယ် ။

ရေကြီးတာက သဘာဝဘေးပါ ၊ ဒါပေမဲ့ ရေကြီးမှာကိုကြိုမသိတာ၊ ပြည်သူတွေကိုကြိုတင်ရွှေ့ပြောင်းမှုမလုပ်နိုင်တာ၊နှစ်တိုင်းလို ဒီမြို့တွေမှာရေကြီး တတ်မှန်းသိလျက်နဲ့ ရေလွှဲမြောင်းတွေမဖေါက်တာ၊ ရေတားတာတမံတွေမဆောက်တာ ၊ ရေကြီးမှုဖြစ်လာတဲ့အချိန်မှာ လုံလောက်တဲ့ ကယ်ဆယ် ကူညီရေးအစီအစဉ်တွေမရှိတာ ဆိုတာတွေ ကတော့ နိုင်ငံတော်ကိုအုပ်ချုပ်နေပါတယ်ဆိုသူတွေရဲ့ ကိုယ်ကျိုးပဲရှာလိုမှု ၊ ပြည်သူတွေအပေါ် စေတနာ မမှန်မှုနဲ့ နိုင်ငံ့ဝန်ထမ်းဆိုသူတွေရဲ့ တာဝန်မဲ့မှုတွေကြောင့်ပါ ။

အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာကိုကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးပိုင်းက စီပွားရေးလုပ်ငန်းရှင်တွေဆီကလာဘ်စား ၊ လုပ်ပိုင်ခွင့်တွေချ ပေး ၊ အကျိုးတူရှယ်ယာ တွေဝင်ထားပြီး မမျှော်မှန်းနိုင်အောင်ချမ်းသာနေကြပေမဲ့ ၀န်ထမ်းလောကမှာတော့ လစာသက်သက်မလောက်ငှမှုကိုဖြေ ရှင်းဘို့ လာဘ်စားတာ ၊ သက်ဆိုင်ရာလုပ်ငန်းသုံး ပစ္စည်းစာရင်းပိုတင်တာ ၊ ဈေးနှုန်းပိုတင်တာ ၊ ခိုးရောင်းစားတာလုပ်ကြရပါတယ် ၊ လုပ်ပိုင်ခွင့်နေရာက ပစ္စည်းခိုးခွင့် ဒါမှမဟုတ် လာဘ်စားဂွင်ဖန်ခွင့် ရှိတဲ့နေရာမဟုတ်ရင် တော့ အချိန်ခိုးကြပါတယ် ၊(ဥပမာ နိုင်ငံ့ဝန်ထမ်းတာဝန်ချိန်အတွင်းမှာ ဈေး လည်ရောင်းတာ၊ချဲထိုး ချဲရောင်း ချဲတွက်လောင်းကစားလုပ်တာ၊အထက်အရာရှိနဲ့ညှိပြီး တခြား အလုပ်တွဲလုပ်နေတာမျိုးတွေက အချိန်ခိုးတာတွေပါ)။

ဝန်ထမ်းကဘာခိုးခိုး အဲ့ဒီဒါဏ်ကို ပြည်သူတွေပဲခံကြရပါတယ်၊(၀န်ထမ်းတွေကိုယ်တိုင်လဲပြန်ခံကြရပါတယ်)၊ဆေးရုံမှာလုပ်တဲ့ဝန်ထမ်းက ဆေးတွေ ခိုးထုတ်ရောင်းရင် လူနာ တွေက ဆေးရုံမှာဆေးမရှိတဲ့ဒါဏ်ကိုခံကြရပါတယ်၊အပြင်ဈေးတွေနဲ့ ကိုယ်ဘာသာဝယ်သုံးကြရပြီး မ၀ယ်နိုင်တဲ့ပြည်သူတွေအဖို့ ရောဂါကနိုင်သွားတာခံလိုက်ကြရပါတယ် ၊ လမ်း/တံတားတည်ဆောက်တဲ့ လုပ်ငန်းတွေမှာလုပ်တဲ့သူတွေကခိုးရင် လမ်းတွေမြန်မြန်ပျက်ပြီး လမ်းပန်းဆက်သွယ်ရေးနှောင့်နှေးမှုတွေဖြစ်လာတာကြောင့် သယ်ယူပို့ ဆောင်ခစရိတ်တွေပိုလာပြီး ကုန်ပစ္စည်းတွေဈေးတက်တဲ့ဒါဏ်ကို ပြည်သူ တရပ်လုံး ခံကြရပါတယ် ။

ခုလိုရေဘေးဒါဏ်ခံရတာကတော့ အချိန်ခိုးတဲ့ဝန်ထမ်းတွေနဲ့လည်း သက်ဆိုင်ပါတယ် ၊ အထက်မှာပြောခဲ့တဲ့ ဆည်မြောင်းဦးစီးဌာန၀န်ထမ်းတွေရဲ့ အချိန်ခိုးမှုကြောင့်ဆိုရင် ပိုမှန်ပါလိမ့်မယ် ။ ဒီလိုပါ…..လူတွေက မိုးဇလ(မိုးလေ၀သနဲ့ဇလဗေဒဌာန)ကိုပဲသိကြပြီး အဲ့ဒီဌာနအတွက်အချက်လက်တွေ ဘယ်ဌာနတွေကနေရနေတယ်ဆိုတာ မသိကြ ပါဘူး ၊ အဲဒီမိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာန (မိုးဇလ)အတွက် မြစ်ချောင်းဆိုင်ရာအချက်လက်တွေကို ဆည်မြောင်းဦးစီးဌာနကပေးရတာပါ ၊ ဆည်မြောင်းဦးစီးဌာနအတွက် လိုအပ်တဲ့အချက်လက်တွေကိုလဲ မိုးဇလဆီကနေယူရပါတယ် ၊ ဆည်မြောင်း ဦးစီးဌာနမှာ စီမံရေးရာဌာန ၊ ငွေစာရင်းဌာန ၊ ဖြည့်တင်းရေးဌာန ၊ တည်ဆောက်ရေးဌာန ၊ မြေတိုင်းဌာန ၊ ပုံဆွဲဌာန၊ မော်တော်ယာဉ်နဲ့ယန္တယားဌာန ၊ စက်ပြင်ဌာန၊ စာဝင်စာထွက်ဌာန ၊ ဇလဗေဒလေ့လာရေးဌာနလို့ ဌာနခွဲတွေရှိပြီး မြို့တိုင်းမှာ ရုံးခွဲဌာနခွဲတွေ ရှိပါတယ်၊ အခုလိုရေကြီးမှုဖြစ်စဉ်တွေအတွက် ပြည်သူတွေကို ရေကြီးမဲ့အကြောင်းကြိုတင်သတိပေးနိုင်ဘို့ မြစ်ချောင်းတွေမှာရှိနေတဲ့ ရေအမြင့်နဲ့ပမာဏကို နေ့တိုင်း တနေ့ သုံးကြိမ် တိုင်းတာစစ်ဆေးတွက်ထုတ်ပေးနေဘို့နဲ့ နေရာဒေသတွေအလိုက် မိုးရေချိန်တွေတိုင်းတာစစ်ဆေးနေဖို့က ဆည်မြောင်းဦးစီးဌာန၊ ဇလဗေဒလေ့လာရေး ဌာနခွဲရဲ့ တာဝန်ဖြစ်ပါတယ် ။

(Bago Flood)
ဆည်မြောင်းဦးစီးဌာန၊ ဇလဗေဒလေ့လာရေးဌာနခွဲရဲ့ထူးခြားချက်က တစ်နိုင်ငံလုံးမှာ အထက်ဗမာပြည်ရုံး(မန္တလေး)နဲ့ အောက်ဗမာပြည်ရုံး(ရန်ကုန်) ဆိုပြီး နှစ်ရုံးထဲရှိတာ ဖြစ်ပါတယ် ၊

အထက်ဗမာပြည်ရုံး(မန္တလေး)က တပ်ကုန်းအထက် (ချင်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း နဲ့ ကယားပြည်နယ်) မှာ ရှိတဲ့ မြို့တွေ မြစ်ချောင်းတွေကိုတာဝန်ယူရပြီး အောက်ဗမာပြည်ရုံး(ရန်ကုန်)ကတော့ တပ်ကုန်းကနေ အောက်ဘက် ( ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ ရခိုင်ပြည်နယ် ၊ ကရင်ပြည် နယ် ၊ မွန်ပြည်နယ် ၊ ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ တနင်္သာရီတိုင်း)မှာရှိတဲ့ မြို့ တွေ မြစ်ချောင်းတွေကိုတာဝန်ယူရပါတယ် ၊ အဓိက,က မြစ်တွေထဲကိုစီးဝင်တဲ့ချောင်းတွေ မှာ ရေမှတ်စခန်းတွေထားရှိပြီး ရေအမြင့်(Level)ကို နေ့စဉ် တနေ့သုံးကြိမ်တိုင်းတာမှတ်တမ်းတင်တာ ၊ လစဉ် ရေစီးနှုန်း ၊ ချောင်းအကျယ်နဲ့ ရေအနက်ကိုတိုင်းတာစစ်ဆေး တာ ၊ ရေထဲမှာဆားငံဓါတ်နဲ့ သဲနုံး ပါဝင်နှုန်းတိုင်းတာစစ်ဆေးတာတွေလုပ်ရပါတယ် ၊ အဲဒီလို မြစ်တွေထဲကိုစီးဝင်တဲ့ချောင်းတွေမှာ ရေမှတ်တိုင်တွေထားရှိပြီး ရှိနေတဲ့ ရေ အမြင့်ကို (တနေ့သုံးကြိမ်) မှတ်တမ်းတင်ဖို့နဲ့ ရေမှတ်တိုင်တွေကောင်းမွန်စွာတည်ရှိနေဖို့ ရေမှတ်ကြည့်လုပ်သားအဖြစ် ဆည်မြောင်းဦးစီးဌာန ၊ ဇလဗေဒလေ့ လာရေးဌာနခွဲ ရဲ့ နေ့စားလရှင်းဝန်ထမ်း ခန့်အပ်ထားရှိရပါတယ် ၊ များသောအားဖြင့် ရေမှတ်တိုင်နဲ့အနီးဆုံးရွာက ရယကဥက္ကဌမိသားစုဝင် တယောက် ယောက်က ရေမှတ်လုပ်သားအဖြစ် တာဝန်ယူဆောင်ရွက်တာဖြစ်ပါတယ် ။

ဆည်မြောင်းဦးစီးဌာန၊ ဇလဇေဒလေ့လာရေးဌာနခွဲရဲ့ ပညာရှင်ဝန်ထမ်း(မြို့ပြအင်ဂျင်နီယာ)တွေဖြစ်တဲ့ ဒုလက်ထောက်ဦးစီးမှုး(AES)၊ လက်ထောက် ဦးစီးမှုး(ES)၊ ဒုဦးစီးမှုး (SAE)တွေက တာဝန်ယူအုပ်ချုပ်ရတဲ့ရေမှတ်စခန်းတွေကို လစဉ်လှည့်လည်စစ်ဆေးပြီး ရေအမြင့်မှတ်တမ်းအချက်အလက်တွေ ရယူရတာဖြစ်ပါတယ် ၊ သက်ဆိုင်ရာဦးစီး အရာရှိ(AE)နဲ့ လက်ထောက်ညွှန်ကြားရေးမှုး(EE)တို့ဆီကနေ ခရီးသွားလာခွင့်အမိန့်(MO)ကိုသာထုတ်ယူရ ပြီး ခရီးစရိတ်ကိုတော့ ကိုယ့်ဘာသာရှာဖွေသွားကြရပါတယ် ၊ ခရီးကာလကုန်ဆုံးပြီးရုံးပြန်ရောက်တဲ့အချိန်ကျမှ သွားခဲ့တဲ့ခရီးစဉ်နဲ့ ရထားခ ၊ ကားခ တွေချရေးပြီး ခရီးစရိတ်(TA)အဖြစ်တင်ပြတောင်းခံကြရတာဖြစ်ပါတယ် ၊ အဲဒီလို တောင်းခံတဲ့အခါ စားစရိတ်(DA)ကို နေ့တွက်နဲ့ တနေ့ ၁၅ ကျပ်နှုန်း သာ နိုင်ငံတော်ခွင့်ပြုစရိတ်အဖြစ် သတ်မှတ်ပေးတာဖြစ်ပါတယ် ၊ ခရီးသွားတဲ့အချိန်လမ်းမှာဝယ်စားရင် မနက်/နေ့လည်/ညစာတွေအတွက် ကျပ် ၃၀၀၀နဲ့တောင် မလောက်နိုင်တဲ့ခေတ်မှာ တနေ့လုံးစာစားစရိတ်ကို ၁၅ ကျပ်ပဲသတ်မှတ်ထားတော့ ရက်ရှည်ခရီးသွားလာတဲ့ ဝန်ထမ်းတိုင်း ချေးငှား သွားတဲ့ ငွေပြန်မဆပ်နိုင်ဖြစ်ပြီး ဒုက္ခရောက်ကြရပါတယ် ၊ အဲဒါ ဆည်မြောင်းဦးစီးဌာနဝန်ထမ်းမှမဟုတ်ပါဘူး ၊ နိုင်ငံဝန်ထမ်းတိုင်း ရင်ဆိုင်ကြရတာဖြစ် ပါတယ်။

အဲဒီတော့ ရေမှတ်စခန်းတွေကို ကိုယ်တိုင်ကိုယ်ကျသွားပြီး လှည့်လည်စစ်ဆေးရမဲ့ဝန်ထမ်းတွေဟာ တကယ်ခရီးသွားရင်အိပ်စိုက်ရတဲ့အတွက် ရုံးမှာသာ MOထုတ်ခရီး အထွက်ပြကြပြီး ဘယ်သူမှတကယ်မသွားကြတော့ပါဘူး ၊ ရေမှတ်စောင့်တွေကို ရေမှတ်စာအုပ်ရဲ့လစဉ်ဇယားကွက်အောက်က စစ်ဆေးသူနေရာမှာ လက်မှတ်တုထိုးတတ် အောင်သင်ပေးထားကြပြီး ခရီးစဉ် ၊ လုပ်ငန်းဆောင်ရွက်မှုတင်ပြစာနဲ့ ခရီးစရိတ်တောင်းခံလွှာတွေထဲက အတိုင်းကိုက်ညီအောင် ညှိလုပ်ကြပါတယ် ၊ တကယ်ခရီးမသွား ကြဘူးဆိုတာကို သက်ဆိုင်ရာဦးစီးအရာရှိ(AE)တွေသိပေမဲ့ အလုပ်သမားမငှားရပဲ ငှားရပါတယ်လို့တင်တဲ့ဘောက်ချာတွေ ၊ မြစ်ထဲမှာတိုင်းတာဖို့ စက်လှေမငှားရပဲ ငှားပါတယ်စာရင်းပြတဲ့ဘောက်ချာတွေ ၊ ရေမှတ်တိုင်ဘာမှမဖြစ်ပဲ ပျက်ဆီးမှုပြုပြင်ရပါတယ်လို့ သစ်ဖိုး ၊ သင်္ဘောဆေးဖိုးတောင်းခံလွှာတွေ စတာတွေမှာ SAE တွေနဲ့ ES , AES တွေက လက်မှတ်ထိုးပေးကြရတာမို့ အပြန်လှန်ကျေးဇူးပြုကြတဲ့သဘောမျိုး မသိကျိုးကျွံပြုနေကြတာပါပဲ ။

စစ်ဆေးမဲ့သူတွေမလာတော့ နေ့တိုင်း မနက်၆နာရီ ၊ နေ့၁၂နာရီ ၊ ညနေ ၆နာရီတွေမှာ ရေမှတ်တိုင်ရှိရာသွားကြည့်ရေမှတ်ဖတ်ပြီး စာရင်းရေးသွင်းရ မဲ့ရေမှတ်လုပ်သား တွေကလည်း ဘယ်သူမှပုံမှန်သွားမကြည့်ကြတော့ပါဘူး ၊ သက်ဆိုင်ရာ SAE ကလှမ်းတောင်းမှ ခန့်မှန်းဖြည့်စွက်ထားတဲ့ ရေမှတ် ဇယားစာရွက်ကိုပေးပို့ကြတာဖြစ်ပါတယ် ၊ ဘယ်မြစ်ထဲကိုစီးဝင်တဲ့ ဘယ်ချောင်းရဲ့ ဘယ်လရေတိုင်းတာမှုမှတ်တမ်းဆိုတဲ့စာရွက်ကို သက်ဆိုင်ရာ AE , SAE တွေလက်မှတ်ထိုးပြီး သုတေသနဌာနကိုပို့ရပါတယ် ၊ အဲဒီလို တနိုင်ငံလုံးကမြစ်ချောင်းတွေရဲ့ မှတ်တမ်းစာရွက်မိတ္တူတွေကို မိုးလေဝသနဲ့ ဇလဇေဒဦးစီးဌာန(မိုးဇလ)က ဆည်မြောင်းဦးစီးဌာန(ရုံးချုပ်)ကနေ လစဉ်တောင်းယူပြီး သူတို့တိုင်းတာစစ်ဆေးလို့ရထားတဲ့ နေရာဒေသအလိုက် မိုးရေချိန်တွေနဲ့ ပြန်ညှိတွက်ချက်အဖြေရှာရတာဖြစ်ပါတယ် ၊ ချောင်းတွေမှာဖြစ်ပေါ်တဲ့ရေအမြင့်အမှန်ကိုသိမှ အဲဒီ ချောင်းတွေစီးဝင်တဲ့မြစ်မှာ ဖြစ် လာမဲ့ရေအမြင့်ကိုတွက်ချက်ခန့်မှန်းနိုင်ပြီး မြစ်ကြောင်းတလျှောက်မှာရှိတဲ့မြို့ရွာတွေရဲ့ စိုးရိမ်ရေမှတ်ကိုသိနိုင်မှာဖြစ်တာကို အဲဒီလိုလိမ်ညာ ရေးသွင်းထားတဲ့စာရင်းတွေနဲ့ပဲလည်ပတ်နေကြတော့ ဘယ်လိုမှမှန်အောင်မတွက်နိုင်ကြတော့တဲ့အတွက် ဘယ်လောက်ထိရေမြင့်တက်မှုဖြစ်လာမယ် ဆိုတာ ကြိုတင်မသိ ကြတော့တာဖြစ်ပါတယ် ။

ဒီလိုအခြေအနေတွေကိုကြည့်ရင် ပြည်သူတွေရေဘေးဒဏ်ခံကြရတာဟာ ရရာခိုးပြီးရပ်တည်နေရတဲ့ ၀န်ထမ်းတွေရဲ့ပေါ့လျော့မှုကြောင့် ၊ ဆည် မြောင်းဦးစီးဌာန၀န်ထမ်း တွေကြောင့်နဲ့ (အထူးသဖြင့်)နိုင်ငံတော်ကိုတာဝန်ယူအုပ်ချုပ်နေပါတယ်ဆိုတဲ့ အစိုးရအယောင်ဆောင် စစ်ယူနီဖေါင်းချွတ် တွေကြောင့်ဆိုတာ သိသာထင်ရှားပါလိမ့်မယ် ၊ တိုင်းသူပြည်သားတွေရဲ့ကံကြမ္မာဟာ တိုင်းပြည်အုပ်ချုပ်သူတွေအပေါ်မှာပဲမူတည်ပါတယ် ၊ အစိုးရက ဝန်ထမ်းတွေရဲ့ပြည့်စုံလုံလောက်မှုကိုမဖန်တီးပေးနိုင်တော့ ရရာခိုး ရပ်တည်ကြတဲ့ထွက်ပေါက်ရှာကြမှုကနေ ပြည်သူတွေကို ဘေးဒုက္ခတွေဖြစ်စေခဲ့ တာပါပဲ ။

ဒါ ဝဋ်ကြွေးတွေဆပ်နေကြရတာမဟုတ်ပါဘူး ၊ အတိတ်ဘဝကုသိုလ်ကံနည်းခဲ့လို့မဟုတ်ပါဘူး ၊ ဘုရားသခင်အလိုကျဆိုတာလည်းမဟုတ်ပါဘူး ၊ သဘာဝဘေးအန္တရာယ် သက်သက်လည်းမဟုတ်ပါဘူး၊ ဖွံ့ဖြိုးတိုးတက်နေပါပြီလို့ပြောင်လိမ်ပြီး မတရားအနိုင်ကျင့်မှုမျိုးစုံနဲ့အုပ်ချုပ်နေတာရဲ့ ဆိုးကျိုးတွေသာ ဖြစ်ပါတယ် ၊ ၂၀၀၈ မေလက ပြည်သူတွေသိန်းနဲ့ချီသေကြေဆုံးရှုံးရတဲ့ နာဂစ်မုန်တိုင်းဖြစ်နေချိန် မုန်တိုင်းသင့်ပြည်သူတွေကို ထိရောက် တဲ့ကယ်ဆယ်ကူညီရေးတွေမလုပ်ပဲ သူတို့အာဏာစက်ခိုင်မြဲရေး ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲကို ဇွတ်အဓမ္မလုပ်ခဲ့တာကိုကြည့်ရင် ပြည်သူတွေ အပေါ် ငဲ့ညှာစဉ်းစားမှုမရှိတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့သဘောထားကို သိမြင်နိုင်ပါတယ် ။

အစိုးရအမည်ခံထားတဲ့ စစ်ဗိုလ်ချုပ်တွေသာ ပြည်တွင်းစစ်မှာနေ့စဉ်သုံးနေတဲ့ အမြှောက်ဆံ၊ ကျည်ဆန်ဗုံးလက်နက်တွေအတွက်ကုန်ကျမဲ့ငွေတွေကို ရေကြီးလေ့ရှိတဲ့မြို့တွေ မှာ ရေလွှဲမြောင်းတွေဖေါက်ဖို့သုံးမယ်ဆိုရင် ၊ ရေတား တာတမံတွေ တည်ဆောက်ဖို့သုံးမယ်ဆိုရင် ၊ ကယ်ဆယ်ရေးလုပ်ငန်း သုံး ပစ္စည်းတွေဆောင်ထားဖို့သုံးမယ်ဆိုရင် ပြည်သူတွေခုလိုအဖြစ်ဆိုးတွေ ကြုံကြရပါ့မလား ။

အရင်းစစ်ရင်မြေမှာအမြစ်ဆိုသလို ပြည်သူတွေဆင်းရဲမွဲတေနေရတာရဲ့အဓိကတရားခံ ၊ ပြည်သူတွေ ရေ ၊ မီး ၊ မုန်တိုင်း ၊ ရောဂါဘယတွေနဲ့ ဘေးအန္တရယ်အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ရတာတွေရဲ့အဓိကတရားခံ ၊ ပညာရေး ကျန်းမာရေး စီးပွားရေး ကဏ္ဍစုံမှာနိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ အခြေအနေမရှိအောင် တိုင်းပြည်နိမ့်ကျနေရ တာတွေရဲ့ အဓိကတရားခံ ၊ နိုင်ငံသားအချင်းချင်းပြန်သတ်နေကြရတဲ့ ပြည်တွင်းစစ်ကိုငြိမ်းအေးအောင် မကြိုးစားပဲ ကြီးထွားသထက်ကြီးထွားအောင်လုပ်နေတဲ့ အဓိက တရားခံဟာ အစိုးရအယောင်ဆောင်စစ်ဗိုလ်ချုပ်တွေသာဖြစ်တာမို့ စစ်တပ်ကြီးစိုးချယ် လှယ်နေတဲ့ ကြံ့ဖွတ်လွှတ်တော်ဖျက်သိမ်းရေးကို ပြည်သူတရပ်လုံး ပါဝင်ဆောင်ရွက် ကြသင့်တယ်ဆိုတာ “ ပြည်သူတွေအတွက် ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးနိုင်တာဘာကြောင့်လဲ ” ဆိုတဲ့အချက်တွေနဲ့ နှိုင်းယှဉ်တင်ပြလိုက်ရ ပါတယ်..။

**မောင်ချင့်ချိန်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)