ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 21, 2011

လူထုကျန်းမာရေး (သက်သတ်လွတ်စားတိုင်း ကျန်းမာရေးကောင်းနိုင်ပါသလား)

>

**Public Health**

သက်သတ်လွတ်စားသူတွေဟာ အခွံမာသီး (Nuts)၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ အာလူးကြော်နဲ့ အကြော်စုံတွေလို အဆီများတဲ့အစာ စားတတ်ကြပါတယ်လို့ အာဟာရ Network Service မှ အာဟာရပညာရှင် Vidya က ပြောပါတယ်။

ဟင်းအချို့မှာ ပါဝင်တဲ့ အုန်းဆီနဲ့ စားအုန်းဆီတွေဟာ ပြည့်ဝဆီတွေ မြင့်မားစွာပါရှိပြီး သွေးတွင်းကိုလက်စထရော အဆင့်ကို မြင့်တက်စေနိုင်ပါတယ်။ ဥအမျိုးမျိုးနဲ့ နွားနို့ကိုပါ စားသုံးတဲ့သူတွေ Lactoovo vegetarians ဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆီတွေ စားသုံးမိနေကြပါတယ်လို့ Vidga က ဆက်ပြောပါတယ်။

တပတ်ကို ဥသုံးလုံးထက် ပိုမစားသင့်ပါ။ မလိုင်အပြည့်ပါဝင်တဲ့ နွားနို့အစား အဆီမပါဝင်တဲ့ နွားနို့နဲ့ ဒိန်ချဉ်ကို စားသုံးသင့်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးအတွက် ပိုကောင်းတာ ဒါမှမဟုတ် ပိုဆိုးတာဖြစ်စေဖို့အတွက် အသားနဲ့အရွက်တွေ နှစ်မျိုးစလုံး စားသုံးမယ့်အစား ဟင်းသီးဟင်းရွက်ပဲစားဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။ အရေးကြီးဆုံးက အာဟာရညီညွတ်ဖို့ပဲ လိုပါတယ်။

ဟင်းသီးဟင်းရွက်သာစားတဲ့ ရောဂါတချို့ရှိသူတွေဟာ ဆရာဝန်နဲ့ပြသပြီး အကြံဉာဏ်ယူသင့်ပါတယ်။ ဥပမာ-ကျောက်ကပ်ရောဂါ ရှိသူတွေဟာ ပိုတက်စီယမ်ပါဝင်မှုများတဲ့ ငှက်ပျောသီး၊ ဒူးရင်းသီးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို သတိထားပြီး စားရပါမယ်။ ကျောက်ကပ်ပျက်စီးနေတဲ့အတွက် ပိုတက်စီယမ်အဆင့်ကို ပုံမှန်ဖြစ်နေအောင် မထိန်းထားနိုင်တဲ့အတွက် သွေးတွင်းပိုတက်စီယမ်အဆင့်တွေ မြင့်တက်နေရင် နှလုံးခုန်နှုန်း စည်းချက်မမှန်တာတွေ ဖြစ်တတ်လို့ပါ။

ကျောက်ကပ်ရောဂါရှိသူတွေ အနေနဲ့ ဟင်းသီးဟင်းရွက်တွေကို မချက်ပြုတ်ခင်မှာ သူတို့မှာပါဝင်တဲ့ ပိုတက်စီယမ်တွေ လျော့သွားအောင် နာရီအနည်းငယ်ခန့် ရေစိမ်ထားသင့်ပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

ဟင်းသီးဟင်းရွက်၊ အစေ့နဲ့အသီးတွေကို အစိမ်းစားမယ်ဆိုရင်လည်း အစာမှ အဆိပ်သင့်တာမခံရအောင် ဘုံပိုင်အောက်မှာ ထွက်လာတဲ့ ရေနဲ့ စင်အောင်ဆေးကြောပြီးမှ စားသင့်ပါတယ်။
သက်သတ်လွတ် စားလေ့ရှိသူတွေမှာ အောက်ပါ အာဟာရဓာတ်တွေ ချို့တဲ့နိုင်ပါတယ်။

သံဓာတ်---
အပင်မှရရှိတဲ့ သံဓာတ်ကို ခန္ဓာကိုယ်က ကောင်းကောင်းမစုပ်ယူနိုင်တဲ့အတွက် သွေးအားနည်းရောဂါ ရရှိနိုင်ပါတယ်။ သံဓာတ်ဟာ အစိမ်းရောင် ဟင်းရွက်များ၊ သဖန်းသီး၊ ပဲအမျိုးမျိုးနဲ့ အစိမ်းရောင် ပန်းဂေါ်ဖီမှာ ပါဝင်ပါတယ်။

ကယ်လ်စီယမ်---
ကယ်လ်စီယမ်ဟာ တိုဟူး၊ အစိမ်းရောင် ပန်းဂေါ်ဖီ၊ အစေ့၊ အခွံမာသီး၊ ကိုက်လန်နဲ့ ပဲတွေမှာ ပါဝင်ပါတယ်။

အသားဓာတ်---
အပင်တွေမှာ ခန္ဓာကိုယ်တည်ဆောက်ဖို့ အရေးကြီးတဲ့ အချို့ Amino acids တွေ ပါဝင်မှုနည်းပါတယ်။ အသားဓာတ်ဟာ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့နဲ့ ပဲပိစပ်တို့မှာ ပါဝင်ပါတယ်။

ဗီတာမင် B 12---
အပင်စာ အများစုမှာ ဇီဝရုပ်ဖြစ်ပျက်ဖို့ လိုအပ်တဲ့ ဗီတာမင် B12 တွေ မပါဝင်တတ်ပါဘူး။ ဗီတာမင် B12 ချို့တဲ့ရင် ဦးနှောက်ပျက်စီးရောဂါ (Dementia) ရတတ်ပါတယ်။
ဗီတာမင် B12 ပါဝင်တဲ့ အားဖြည့်ဆေး သောက်ပါ။

omega-3 Fatty Acids ---
နှလုံးရောဂါ ပြဿနာဖြစ်နိုင်ခြေနဲ့ ကိုလက်စထရောအဆင့် လျော့ကျစေနိုင်ပါတယ်။
သီဟိုဠ်စေ့၊ ပဲပိစပ်မှ Omega-3 Fatty Acid ကို ရရှိနိုင်ပါတယ်။

**ဒေါက်တာခင်မိုးမိုး**

(Good Health 3-17-10)

**Lwan Nay Thu**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)