ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 24, 2011

ဘုရားလောင်း၏ကြင်ယာတော်နှင့်သားတော်များအကြောင်း ရှင်းလင်းချက်

>

ဗုဒ္ဓ ဘုရားအလောင်းတော်ဘ၀မှ ကြင်ယာတော် သားတော်များအကြောင်းနှင့်ပတ်သက်၍အငြင်းပွားနေကြသည်ကို
တွေ့နေရပါသည် ။
ပထမလူတစ်စုမှာ ဂေါတမဘုရားရှင်သည် မင်းသားဘ၀တွင် မယား ၇ ယောက် ၊ သား ၇
ယောက် ရှိကြောင်း ပြောဆိုရေးသားတင်ပြကြသည် ။ ၎င်းမယား ၇ယောက်မှာ -
၁ ။ သုဘနာ နှင့်သားတော် သမ၀တ္တက္ခန္ဓ
၂ ။ သဗ္ဗကာမာ နှင့်သားတော် အတုလ
၃ ။ သုစိတ္တာ နှင့်သားတော် သုပ္ပဗုဒ္ဓ
၎ ။ ရောစီနီ နှင့်သားတော် ဥတ္တရ
၅ ။ ရုစဂ္ဂတီ နှင့်သားတော် သတ္တ၀ါဟ
၆ ။ သုနန္ဒ နှင့်သားတော် ၀ိဇိတသေန
၇ ။ ယသောဓရာဗိမ္မာဒေ၀ီ နှင့်သားတော် ရာဟုလာ တို့ ဖြစ်ကြသည်ဟု ဆိုလေသည် ။
ဒုတိယလူစုမှ ဘုရားအလောင်းတော်သည် မယား ၇ယောက် ၊ သား ၇ ယောက် ရှိသည်ဟု
မကြားဖူး ။ (ဗုဒ္ဓဘာသာအထွေထွေနိဗ္ဗာန်ပေါက်လက်စွဲကျမ်း) စာမျက်နှာ၉၀တွင် မယား ၅ ယောက်
၊ သား ၅ ယောက်ရှိ ကြောင်း ပြဆိုထားသည်ကို တွေ့ဖူး ဖတ်ဖူးကြောင်းပြောဆို ရေးသားလာကြ
ပြန်သည် ။ ၎င်း မယား ၅ ယောက် ၊ သား ၅ ယောက် အမည် များကို စာမျက်နှာ ၉၀ တွင် အောက်ပါ
အတိုင်း ရေးပြထားပါသည် ။ -
ဗုဒ္ဓ၀င်အဋ္ဌကထာတွင် ဤသို့လာ၏ ၊ သိဒ္ဓတ္ထမင်းသားအား မြောက်သား ငါးယောက်ရှိ၏ ။
ပထမ ယသောဓရာ ၊ ထို့နောက် သုမိတ္တ ၊ ကဉ္စန ၊ မင်္ဂလ နှင့်မလ္လိကာမိဖုရား ဟူ၍ ငါးပါး
ဖြစ်သဖြင့် သားလည်း ငါးယောက် ဖြစ်လေသည် ။ ယသောဓရာ၏သားကြီး ရာဟုလာ ၊
သုမိတ္တာ၏သားကား ပုတ္တ ၊ ကဉ္စန၏သားကား ဥပရောဂ ၊ မင်္ဂလ၏သားကား သင်္ဃာဝရ ၊
မလ္လိကာ၏သားကား ဇာတိဝရ ဖြစ်၏ ။ ပေါင်းစုက ပဉ္စပုတ္တဘွဲ့တော်ရ၍ အရိယာငါးပါး
ဖြစ်ကြောင်း ဗုဒ္ဓ၀င်မှအကျဉ်းပြ၏ ။ အမှန်ကိုသိလိုက ဒီဃနိကာယ်အကျယ်ကျမ်း ကြည့်
ပါလေဟု ဖော်ပြထားပါသည် ။

၎င်းစာသည် အနာဂတ၀င်ကျမ်းငယ်မှလာသည် ဖြစ်၏ ။ အနာဂတ၀င်ကျမ်းငယ်တွင်
ထိုအကြောင်း လင်္ကာလေးနှင့် ပြဆိုထားပါသည် ။
" ကဿပဟု ၊ ဗုဒ္ဓမြတ်စွာ ၊ သုံးရွာသခင် ၊ မြတ်ချစ်ရှင်၏ ၊ဗုဒ္ဓ၀င်မွေခံ ၊ နာမံမည်မှတ် ၊
သိဒ္ဓတ်မင်းသား ၊ မြောက်သားငါးယောက် ၊ ကြီးမြောက်ရသော် ၊ ထိုရော်သုမိတ္တ ၊ ကဉ္စနနှင့် ၊
မင်္ဂလဟူ ၊ ဘွဲ့မူသာယာ ၊ မာလိကာမိဖုရား ၊ စဉ်လိုက်ထားမှ ၊ သားကားငါးယောက် ၊
ကြီးမြောက်နန်းလျာ ၊ ရာဟုလာဟု ၊ ရေမှတ်ပြုမှ ၊ ထိုမှတစ်ဖန် ၊ သုမိတ္တံလျှင် ၊ မွေးမြင်သည်
သား ၊ အများခေါ်ကြ ၊ သားပုတ္တလျှင် ၊ အမည်တွင်မှ ၊ကဉ္စနမိဖုရား မွေးသည့်သားကား ၊
အများတွင်ခေါ် ၊ သားတော်ဥပယောဂ ၊ တွင်ပေစွဟု ၊ မင်္ဂလဟူ ၊ သားတော်မူလည်း ၊
ထို့တူမည်ရ ၊ သင်္ဃ၀ရ ၊ ထိုမှတစ်ပါး မိဖုရားမာလ္လိကာ ၊ သားတော်မှာလည်း ၊ မည်သာတွင်သည့်
ဇာတိဝရ ၊ ပေါင်းစုကလည်း ၊ ပဉ္စဗုဒ္ဓ ၊ ဘွဲ့တော်ရ၏ ၊ အရိယာငါး ၊ ဖြစ်ကြောင်းများကို နောက်
သားသိမြင် ၊ ဗုဒ္ဓ၀င်မှ ၊မကျဉ်းပြ၏ ၊ ထိုမှတစ်ဖန် ၊ အမှန်သိရ ၊ ဒီဃနိကာယ် ၊ အကျယ်ကျမ်းပြ ၊
သိပါရ၏ ။ လောကသခင် ၊ လူတွင်လူမြတ် ၊ သိဒ္ဓတ်မင်းသား ၊ ဘုရားအနွယ် ၊ ကျဉ်းကျယ်ထုတ်ပြ ၊
လေးရပ်သောသူ ၊ လေးမျိုးလူတို့ ၊ သိယူသောအား ၊ မှတ်သားစိမ့်ငှာ ၊ ပျို့ကဗျာနှင့် ၊သိသာစိမ့်
ကြောင်း ၊ ဉာဏ်ဖြင့်လောင်း၍ ၊ ထုံးဟောင်း သက်သေ ၊ ကျမ်းကိုဖွေမှ ၊ တွေ့ပါကလည်း ၊ ခဏမကြာ ၊
ကဗျာစီကုံး ၊ အကျဉ်းရုံး၍ ၊ နောင်ထုံးစဉ်လာ ၊ မျိုးလေးဖြာတို့ ၊ သိသာခြားနား ၊ မှတ်သားစရာ ၊
ကျမ်းလာအလို ၊ လင်္ကာဆိုသည် ၊ မှတ်လိုသူတို့ သိကြောင်းတည်း "
အထက်ပါလင်္ကာကို ယူ၍ ဗုဒ္ဓဘာသာအထွေထွေနိဗ္ဗာန်ပေါက်လက်စွဲကျမ်း မှ စကားပြေ
ပြန်ရေးထားခြင်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည် ။
ထို့နောက် တတိယလူစုသည်ကား ဘုရားအလောင်းတော်တွင် မိဖုရား ၅ ပါး လည်း မဟုတ် ၊
၇ပါး လည်း မဟုတ် ၊ အမှန်တစ်ကယ်ရှိသည်ကား မိဖုရားလည်း ယသောဓရာတစ်ပါးပဲ ရှိသည် ။
သားတော် လည်းရာဟုလာ တစ်ပါးပဲ ရှိသည်ဟု ဆိုသည် ။
အမှန်မှာ တတိယလူစု၏ ဖိဖုရားလည်း ယသောဓရာဗိမ္ဗေဒေ၀ီ တစ်ဦးတည်း ၊ သားတော်
လည်း ရာဟုလာ တစ်ဦးတည်းသာရှိပါသည် ။
မယား ၇ယောက် ၊ သား ၇ယောက် ဆိုသည်မှာ -
ဒီဃနိကာယ် မဟာဝဂ္ဂဋ္ဌကထာ ဆဋ္ဌမူ စာမျက်နှာ ၁၅ , ၁၆ တို့တွင် ဘုရားခုနှစ်ဆူနှင့်သားတော် ၇ပါး
ကြင်ယာတော် ၇ပါးတို့ကို ဂါထာဖွဲ့ပြီး ပြထားပါသည် ။ သားတော် ၇ပါးဘွဲ့ဂါထာ -
သမ၀တ္တက္ခန္ဓော အတုလော ၊ သုပ္ပဗုဒ္ဓေါ စ ဥတ္တရော ။
သတ္တ၀ါဟော ၀ိဇိတသေနော ၊ ရာဟုလော ဘ၀တိ သတ္တမော --
အထက်ပါဂါထာသည် ဘုရားလောင်း ခုနှစ်ပါးတို့၏ အစဉ်အတိုင်း သားတော် ၇ ပါး
ဖြစ်ကြောင်းကို
" ဧတေ တာဝ သတ္တန္နံ ဗောဓိသတ္တာနံ အနုက္ကမေနေ၀ သတ္တပုတ္တာ ဝေဒိတဗ္ဗာ " ဟု အတိ
အလင်းဖော်ပြထား၏ ။ ထို့အတူ ဘုရားလောင်း ၇ပါးတို့၏ ကြင်ယာတော် ၇ယောက်တို့ကိုလည်း --
သုတနာ သဗ္ဗကာမာ စ ၊ သုစိတ္တာ အထ ရောစိနီ ။
ရုစဂ္ဂတီ သုနန္ဒာ စ ၊ ဗိမ္မာ ဘ၀တိ သတ္တမာ --
ဟု ဂါထာဖွဲ့ပြီး " ဧတာ တေသံ သတ္တန္နမ္ပိ ပုတ္တာနံ မာတရော အဟေသုံ " ဟု ဆက်၍ ပြဆိုပါသည် ။
အဓိပ္ပာယ်မှာ သည်အမျိုးသမီး ၇ဦးတို့သည် ထိုသားတော် ၇ပါးတို့၏ မိခင်များ ဖြစ်ကြပါသည် ဟုဆိုလို
ပါသည် ။ ဘုရား ၇ဆူတို့၏ ထိုသားတော် ကြင်ယာတော်များကို ဗုဒ္ဓ၀ံသအဋ္ဌကထာနှင့် ညှိကြည့်မည်
ဆိုပါလျှင် --
(၁) ဗုဒ္ဓ၀ံသအဋ္ဌကထာ ။ ဆဋ္ဌမူ နှာ - ၂၈၃ တွင်
" သုတနု နာမဿ အဂ္ဂမဟေသီ ၊ သမ၀တ္တက္ကန္ဓော နာမဿ ပုတ္တော "
ဝိပဿီဘုရားရှင်၏ မိဖုရားမှာ သုဘနာ ၊ သားတော်ကား သမ၀တ္တက္ခန္ဓ
(၂) စာမျက်နှာ ၂၈၉ တွင် --
" သဗ္ဗကာမာ နာမဿ အဂ္ဂမဟေသီ ၊ အတုလော နာမဿ ပုတ္တော "
သိခီဘုရားရှင်၏ မိဖုရားမှာ သဗ္ဗကာမာ ၊ သားတော်ကား အတုလ
(၃) စာမျက်နှာ ၂၉၄ တွင် --
" သုစိတ္တာ နာမဿ ဘရိယာ ၊ သုပ္ပဗုဒ္ဓေါ နာမဿ ပုတ္တော "
ဝေဿဘူဘုရားရှင်၏ မိဖုရားမှာ သုစိတ္တာ ၊ သားတော်ကား သုပ္ပဗုဒ္ဓ
(၄) စာမျက်နှာ ၃၀၀ တွင် --
" ဘရိယာ ပနဿ ရောစိနီနာမ ဗြဟ္မဏီ ၊ ဥတ္တရော နာမ ပုတ္တော "
ကကုသန်ဘုရားရှင်၏ မိဖုရားမှာ ရောစိနီပုဏ္ဏေးမ ၊ သားတော်ကား ဥတ္တရ
(၅) စာမျက်နှာ ၃၀၅ တွင် --
" ဘရိယာ ပနဿ ရုစိဂတ္တာ နာမ ဗြဟ္မဏီ ၊ သတ္တ၀ါဟော နာမ ပုတ္တော "
ကောဏာဂုမ်ဘုရားရှင်၏ မိဖုရားမှာ ရုစိဂတ္တပုဏ္ဏေးမ ၊ သားတော်ကား သတ္တ၀ါဟ
(၆) စာမျက်နှာ ၃၁၂ တွင် -
" သုနန္ဒာ နာမဿ အဂ္ဂမဟေသီ ၊ ၀ိဇိတသေနော နာမ ပုတ္တော "
ကဿပဘုရားရှင်၏ မိဖုရားမှာ သုနန္ဒာ ၊ သားတော်ကား ၀ိဇိတသေန
(၇) ဂေါတမဘုရားရှင်၏ မိဖုရားမှာ ယသောဓရာ ဗိမ္ဗာဒေ၀ီ ၊ သားတော်ကား ရာဟုလာ ဖြစ်သည် ။
ထို့ကြောင့် ဂေါတမဘုရားလောင်းတွင် မယား ၇ ယောက် ၊ သား ၇ယောက် မရှိပေ ။ မယား
တစ်ယောက် ၊ သားတစ်ယောက်သာ ရှိသည် ။
ဘုရား ၇ဆူ၏ သားမယားများနှင့် မှားယွင်း၍ မယား ၇ယောက် ၊ သား ၇ယောက် ဟု ရေးကြ
ပြောကြသည် ။ ဤကမ္ဘာတွင် ပွင့်သည့် ဘုရား ငါးဆူတို့၏ သားမယားများနှင့် ရောပြွန်း၍ မယား ၅
ယောက် ၊ သား ၅ယောက် ဟု ရေးကြ ပြောကြသည် ။ ထိုရေးသားချက်များသည် အမှန်မဟုတ်ပေ ။
အခုတင်ပြထားသည်မှာ အမှန်ဖြစ်သည် ။ မှားယွင်း၍ ပြောဆိုရေးသားတင်ပြနေသူများ အသေအချာ
မှတ်သားသင့်ပေ၏ ။

-ကျမ်းကိုး -
နိုင်ငံတော် သြ၀ါဒါစရိယ ၊ မြန်မာစာသြ၀ါဒါစရိယ
အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဒေ၀ိန္ဒာဓိပတိ (ထီးချိုင့်မြို့တည်တောဆရာတော်) ၏ ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ=အမှတ်စဉ်(၁)

**Aung Kyaw Moe**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)