**(ဟာဒယနှလုံး -တခဏပြုံး)**
သိမ်းထားပါတယ်
ဦးဇင်းတစ်ပါး ဆွမ်းခံရင်းရလာသော ငှက်ပျောသီးတစ်ဖီးကို ဆွမ်းခံနေကြအိမ်တွင် ပြန်ပြီးစွန့်ခဲ့သည်။
ဦးဇင်းသည် ထိုအိမ်မှကလေးများနှင့် တခါတရံစကားပြောလေ့ရှိသည်။ဦးဇင်းပြန်ကြွသွားချိန်သွားချိန်တွင် အမေဖြစ်သူက
ငှက်ပျောသီးမတွေ့တော့လို့ ကလေးများကို " ကလေးတွေ စားပွဲပေါ်ကငှက်ပျောသီး ဘယ်ရောက်သွားလဲ" ဟုမေးသောအခါ
ကလေးတွေက " တပည့်တော်တို့သိမ်းထားတယ်ဘုရား" လို့တပြိုင်တည်းအော်ဖြေလိုက်ကြပါသည်။
စပါယ်ယာ၏သတိပေးချက်
မီးပွိုင့်ဖြတ်ရန် စပါယ်ယာမှ ကားပေါ်ကခရီးသည်များကို သတိပေးနေပါတယ် ။
" ခရီးသည်များ မီးပွိုင့်ဖြတ်မှာဖြစ်တဲ့အတွက် တန်းများ၊လက်ကိုင်ကွင်းများကို သေချာကိုင်ထားကြပါ ၊
၅ ပေအထက်များ လက်ကိုင်တန်းများ ကိုင်ထားကြပါ၊
၅ ပေအောက်များ ခုံများကိုဖက်ထားကြပါ ၊
၃ ပေအောက်တွေကတော့ ခုံအောက်ကိုဝင်နေကြပါ ခင်ဗျား "
ပါသွားပြီ
ခရီးသည် - စပါယ်ယာ ကားခ ၁၀၀၀ တန်ပေးထားတာ မအမ်းရသေးဘူး
စပါယ်ယာ - ဘယ်မှာဆင်းမှာလဲ (စိတ်မရှည်တဲ့လေသံနှင့်)
ခရီးသည် - ရှေ့မှတ်တိုင်
စပါယ်ယာ - ဆင်းရင်အမ်းမယ် တော်တော်ချမ်းသာနေကြလားမသိဘူး အကြွေမရှိပါဘူးဆိုမှ ၅၀၀ တန်၊၁၀၀၀ တန်တွေကြည့်ပဲ.....တောက်. !
မှတ်တိုင်အရောက်
စပါယ်ယာ - မြန်မြန်ဆင်း........မြန်မြန်ဆင်း.......နောက်တစ်ယောက်........နောက်တစ်ယောက်...............
ခရီးသည်အားလုံးကားပေါ်မှဆင်းပြီးချိန်
ခရီးသည် - ဟေ့လူ ၁၀၀၀ တန်ပြန်အမ်းအုံးလေဗျာ
စကာမဆုံးခင်
စပါယ်ယာ - မောင်းဆရာရေ..............။
မသိလို့ပါ
ကလင်........ကလင်.....ဖုန်းမြည်သံနှင်အတူ ရုံးမှဝန်ထမ်းတစ်ယောက် ဖုန်းကောက်ကိုင်လိုက်သည်။
ဝန်ထမ်း - ဟဲလို.......အမိန့်ရှိပါရှင်......
ဖုန်းဆက်သူ - ဒေါ်မီးမီးနဲ့ စကားပြောချင်လို့ပါ...... (ယောက်ကျား တစ်ယောက်၏အသံ)
ဝန်ထမ်း - ဟုတ်ကဲ့.......ဘယ်သူဆက်တယ်လို့ပြောပေးရမလဲရှင်......
ဖုန်းဆက်သူ - "................" ကျောင်းတိုက်က ဦးဇင်းဆက်တယ်လို့ ဒါကာမကြီးကို ပြောပေးပါ
ဝန်ထမ်း - ဟုတ်ကဲ့ပါရှင်........ခဏကိုင်ထားပေးပါဘုရား.........
myomyosann.

No comments:
Post a Comment