**ဆင်ဆင်နာတီတင်းနစ်ပြိုင်ပွဲ အင်ဒီမာရေးနှင့်ရှာရာပိုဗာတို့ ဖလားဆွတ်ခူး**
(၀ါရှင်တန်၊ သြဂုတ် ၂၂)
ဆင်ဆင်နာတီတင်းနစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲများကို သြဂုတ် ၂၂ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားရာအမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲ၌ အင်ဒီမာရေးက ဒီဂျိုကိုဗစ်အား ၆-၄၊ ၃-၀ ဖြင့် အနိုင်ရရှိပြီး ဖလားဆွတ်ခူးရရှိသွားပြီဖြစ်သည်။ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်(၄)မာရီယာရှာရာပိုဗာက ကမ္ဘာ့အဆင့် (၁၃)ရှိ ဆားဘီးယားတင်းနစ်မယ် ဂျီလီနာဂျန်ကိုဗစ်အား ၄-၆၊ ၇-၆(၃)၊ ၆-၃ဖြင့် အနိုင်ရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။
အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၌ အိန္ဒိယမှ ဘဟူပါတီနှင့် လန်ဒန်ပတ်စ်တို့အတွဲက ပြင်သစ်မှမိုက်ကယ်လီရိုဒရာနှင့် ဆားဘီးယားမှ နီနက်ဇီမွန်ဂျစ်အတွဲအား ၇-၆(၄)၊ ၇-၆(၂)ဖြင့် နိုင်ပွဲရရှိခဲ့သည်။ (အင်တာနက်)
**နိုင်ငံတကာပြေးခုန်ပစ်ပြိုင်ပွဲ ဘယ်သူတွေဗိုလ်စွဲကြမလဲ**
(၁၃)ကြိမ်မြောက် ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဒေဂူးမြို့မှာ သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၄ ရက်အထိ ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံပေါင်း ၇၆ နိုင်ငံက အားကစားမောင်မယ်ပေါင်း ၁၅၀၀ ကျော်ပါဝင်ယှဉ်ပြိုင်ကြမှာမို့ အကြိတ်အနယ်ရှိမယ့် ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ဘယ်သူတွေ ဗိုလ်စွဲမလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:
Post a Comment