**ကိုရီးယားဂီတလောကတွင် အောင်မြင်ကျော်ကြားနေသော F(X) ဂီတအဖွဲ့**
(ဆိုးလ်၊ သြဂုတ် ၂၄)
တောင်ကိုရီးယားနိုင်ငံက ဆယ်ကျော်သက် အမျိုးသမီးငယ်များနဲ့ဖွဲ့စည်းထားတဲ့ F(X) လို့ အမည်ပေးထားတဲ့ ဂီတအဖွဲ့ဟာ ပရိသတ်များအကြား အောင်မြင်ကျော်ကြားလာတဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီဂီတအဖွဲ့ကို ၂၀၀၉ ခုနှစ်က SM Entertainment က ဖွဲ့စည်းပေးတာဖြစ်ပါတယ်။ အဖွဲ့မှာ အမျိုးသမီးငယ် ငါးဦးနဲ့ဖွဲ့စည်းပေးတာဖြစ်ပြီး သူတို့နာမည်တွေကတော့ ခရိုင်စတယ်(Krysta)၊ ဆူလ်လီ(Sulli)၊ လူနာ(Luna)၊ ဘမ်အာ(Amber)နဲ့ ဗစ်တိုးရီးယား(Victoria)တို့ပဲဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့အဓိကဖျော်ဖြေတဲ့သီချင်းတွေကတော့ ပေါ့ပ်၊ ရော့ခ်နဲ့အီလက်ထရိုပေါ့ပ်သီချင်းတွေပဲ ဖြစ်ပါတယ်။
F(x) အဖွဲ့ရဲ့ ပထမဆုံးတေးအယ်လ်ဘမ်ဖြစ်တဲ့ LA Cha Ta လို့အမည်ရတဲ့ တေးအယ်လ်ဘမ်ဟာ ၂၀၀၉ ခုနှစ်မှာ စထွက်ခဲ့ပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ ကိုရီးယားဂီတလောကမှာ အလွန်လူကြိုက်များခဲ့တဲ့ တေးအယ်လ်ဘမ်ဖြစ်ပါတယ်။ သူတို့အဖွဲ့က အဆိုချည်းသက်သက်မဟုတ်ဘဲ အဆိုနဲ့အက တွဲဖက်ထားသောကြောင့် ပရိသတ်များကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် F(x) ဂီတအဖွဲ့ရဲ့အဆို၊ အကတွေကြောင့် ကိုရီးယားဂီတလောကမှာသာမက ကိုရီးယားဂီတကို ချစ်မြတ်နိုးတဲ့နိုင်ငံတွေကပါ အားပေးလာကြတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်က တောင်ကိုရီးယားနိုင်ငံအင်ချီယွန်မြို့မျာ ကိုရီးယားဂီတပွဲတော်၂၀၁၁ ကိုကျင်းပခဲ့ပါတယ်။ အဲ့ဒီမှာ F(x) ဂီတအဖွဲ့လည်း ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ကိုရီးယားဂီတလောကမှာ အောင်မြင်မှုအတွက် အထွတ်အထိပ်သို့ရောက်နေတဲ့ F(x) ဂီတအဖွဲ့ကို ပရိသတ်တွေက အထူးနှစ်ခြိုက်စွာ အားပေးခဲ့တယ်လို့သိရပါတယ်။ (အင်တာနက်)
**ကမ္ဘာ့ဂျူဒိုချန်ပီယံ ပြိုင်ပွဲ အိုင်ဗင်နော့ဗ်အနိုင်ရ**
(ပါရီ၊ သြဂုတ် ၂၄)
ကမ္ဘာ့ဂျူဒိုချန်ပီယံပြိုင်ပွဲကို ပြင်သစ်နိုင်ငံ ပါရီမြို့၌ သြဂုတ် ၂၃ ရက်မှ ၂၈ ရက်အထိကျင်းပလျက်ရှိရာ သြဂုတ် ၂၃ ရက်က ယှဉ်ပြိုင်ခဲ့သောပွဲ၌ ဗြိတိန်နိုင်ငံမှ ကမ္ဘာ့ချန်ပီယံဟောင်း ကရင်းဖယ်လန်သည် ဘူလ်ဂေးရီးယားမှ မာတင်အိုင်ဗင်နော့ဗ်အားရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်သွားရပြီဖြစ်သည်။ ယင်းပွဲ၌ အိုင်ဗီနော့ဗ်က အသာစီးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အသက် ၂၈ နှစ်အရွယ်ရှိ ကရင်းဖယ်လန်သည် ပွဲစသည်နှင့် ပထမ ၁၅ စက္ကန့်ခန့်သာ အသာစီးရရှိခဲ့ပြီး ကျန်အချိန်များ၌ မာတင်အိုင်ဗင်နော့ဗ်၏ ထိန်းချုပ်မှုနှင့် အနိုင်ယူမှုကို ခံခဲ့ရသည်။ ၆၆ ကီလိုတန်းတွင် မွန်ဂိုလီးယားမှ ကမ္ဘာ့အဆင့်တစ် ဂျူဒိုကမားသမား ခါရှဘာတာက ဂျော်ဂျီယာမှ ဒေဗစ်ဆမ်ဘာနီအား အနိုင်ရရှိခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment