(၁) ပိုက်ဆံနည်းနည်းရှိလာတဲ့အခါ ဘဝင်လေဟပ်ပြီး
မတ်တတ်နေရင်း ဖနောင့်သံစူးသူ
(၂) ရာထူး နည်းနည်း ရှိလာတဲ့အခါ ဘဝမေ့ပြီး
ချိုင်းကြားမှာ ကိန္နရာနာပေါက်သူ
(၃) အာဏာနည်းနည်းရှိလာတဲ့အခါ လူစိတ်ပျောက်ပြီး
လည်ပင်းအောက် အကျိတ်ထွက်သူ
- လူ့တန်ဖိုးကို ကိုယ်ကျင့်သီလ၊ အသိပညာ၊
လောကအကျိုး သယ်ပိုးမှုတွေနဲ့ စံမပြုဘဲ
ငွေဘယ်လောက်ရှိလဲ၊ ရာထူးဘယ်လောက်ကြီးလဲ၊
အာဏာဘယ်လောက်ထွားလဲလို့ တိုင်းနေတဲ့သူဟာ
ဘာတန်ဖိုးမှ မရှိရှာသူပါ။
**လူဖြစ်ကျိုး မနပ်သူများ**
- တနေကုန် ဘုရားမေ့ တရားမေ့ စီးပွားရှာရင်း
လောဘနဲ့ နပန်းလုံးနေရင့့် ဘဝကိုရောင်းစားသူ
- ကိုယ့်စီးပွားတက်ဖို့အတွက် လောကအကျိုးပျက်အောင်
လုပ်ရင်တော့ ယုတ်မာသူ
- အသက်ကြီးလာလေ လောဘ ဒေါသ ပိုကြီးလေ
ဆိုရင့့် အပါယ်ရိက္ခာစုနေသူ
- ဒိဋ္ဌိကွာအောင် တရားအားထုတ်ပါလျက် ငါ့နည်း ငါ့ဆရာ ငါ့ရိပ်သာလို့
ငါစွဲအားကြီးနေရင့့် ဘုရားကို ကျောခိုင်း လျှောက်နေသူ
- ရုပ်ရှင် တီဗွီကို အချိန်လုကြည့်နိုင်ပါလျက် တစ်နေ့
တရားတစ်ပုဒ်နာဖို့တော့ အချိန်မရှိပါဘူးဆိုရင့့်ဆေးခွက်ကို မှောက်ပစ်ပြီး အဆိပ်ခွက်ကို မော့ချနေသူ
သံသရာထောင်သားများ
- ငွေတွေ ကျိကျိတက်ပဲဖွေးဖွေး
- ဘွဲတွေတလှေကြီးပဲ ရရ
- အာဏာတွေ မိုးထိုးအောင်ပဲရှိရှိ မာန်မထောင်လွှားပါနဲ့
သံသရာထောင်သားချင်း အတူတူပါ။
- မင်းအတက် မင်းပညာ ပါရဂူ ဒေါက်တာဘွဲတွေ
ဆယ်ထပ်ကွမ်းရပါစေ အပါယ်မကျအောင် မကယ်နိုင်ပါဘူး။
- မင်းရှာနေတဲ့ ပစ္စည်းဥစ္စာ မဟာပထဝီ မြေအမျှ ရှိပါစေ။
အပါယ်ဘေးဝေးဖို့ နေနေသာ အစွဲဖက် သေရင်
သရဲသဘက် တစ္ဆေတောင် ဖြစ်အုံးမယ်။
- ဘဝင်တက်ဆောင့်နေတဲ့ တန်ခိုးအာဏာ၊
စေညွှန်ရာ ရွှေဖြစ်စေဦးတော့ အစွဲအသုံးများပြီး
အလွှဲသုံးစား လုပ်မိရင် အရူးမိစ္ဆာ မက
ဘီလူး ပြိတ္တာဘဝ ရောက်လိမ့်မယ်။
အနောဓိသ၊သြဓိသမေတ္တာဖြင့်....
**MTZK**
--

No comments:
Post a Comment