ဈေးဝယ်စင်တာ တစ်ခုမှာ အမျိုးသားနှစ်ယောက် ၀င်တိုက်မိကြပါတယ်။ တစ်ယောက်က "တောင်းပန်ပါတယ်ဗျာ ... ကျွန်တော့မိန်းမကို လိုက်ရှာ နေတာနဲ့ မမြင်မိလိုက်ဘူး"လို့ဆိုတော့ နောက်တစ်ယောက်က
"ကျုပ်လည်း ကျုပ်မိန်းမနဲ့ လူကွဲသွားလို့ လိုက်ရှာနေတာ"လို့ ဆိုပါတယ်။
ဒါနဲ့ ပထမလူက နောက်လူကို "ခင်ဗျား မိန်းမက ဘယ်လိုပုံစံလဲ"လို့ မေးတော့
"အသားဖြူဖြူ၊ ကိုယ်လုံးတောင့်တောင့်နဲ့ ဘရစ်တနီနဲ့ ခပ်ဆင်ဆင်ပဲ ... ဒါနဲ့ ခင်ဗျားမိန်းမရော"လို့ ပြန်မေးပါတယ်။
အဲဒီအခါမှာ ပထမလူ ပြန်ပြောတာက
"ရတယ် ... ခင်ဗျားမိန်းမကိုပဲအရင် တွေ့အောင် ရှာကြတာပေါ့"တဲ့။
( ပျော်ရွင်နိုင်ကြပါစေ............လို့ဆုတောင်းရင်းနဲ့ ပဲ မြန်မာတိုင်း(မ်) မှ ပြန်လည်ဖော်ပြပေးထားပါတယ်။)
** BADBOY**
ရတနာထွန်း
အတွဲ ၂၆ ၊ အမှတ် ၅၁၇

No comments:
Post a Comment