(53 dead in attack on Mexico casino)
**မက္ကဆီကိုရှိ ပျော်ပွဲစားရုံမီးရှို့ခံရ၊ လူ ၅၃ ဦးသေဆုံး**
(မက္ကဆီကိုစီးတီး၊ သြဂုတ် ၂၆)
မက္ကဆီကိုနိုင်ငံမြောက်ပိုင်း မွန်တာရီမြို့တွင်ရှိသော ကာစီနိုပျော်စားရုံအဆောက်အအုံကို သြဂုတ် ၂၅ ရက်က အကြမ်းဖက်သမားများက မီးရှို့ခဲ့မှုကြောင့် လူ ၅၃ ဦးသေဆုံးကာအများအပြားဒဏ်ရာရရှိခဲ့ကြောင်း မက္ကဆီကိုအရာရှိများက သြဂုတ် ၂၆ ရက်၌ ပြောကြားသည်။ ၂၄ ဦးခန့်ရှိသော အကြမ်းဖက်လက်နက်ကိုင်သမားများသည် ရိုယာလီအမည်ရှိ ကာစီနိုပျော်ပွဲစားရုံအတွင်းဝင်ရောက်ကာ၊ လောင်စာဆီများ လိုက်လံဖျန်းပက်ပြီး မီးရှို့ခဲ့ကြခြင်းဖြစ်ကြောင်း၊ ကာစီနို ပျော်စားရုံအတွင်း လာရောက်ကစားသူအများအပြား ပိတ်မိခဲ့ခြင်းဖြစ်ကြောင်း မက္ကဆီကိုရဲတပ်ဖွဲ့က ပြောကြားသည်။ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ပြီး အဆောက်အအုံအတွင်း သေဆုံးနေသူများ၏ ရုပ်အလောင်းများအား ဆွဲထုတ်ကာ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ သေဆုံးသူဦးရေမှာ တိုးမြင့်လာဖွယ်ရှိကြောင်း ၄င်းတို့ကပြောကြားသည်။ (အင်တာနက်)
(New aerial photos show 9/11 horror)
**နယူးယောံက်၌ ၉/၁၁ ဓာတ်ပုံပြပွဲ ပြသ**
(အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု ၁၀ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြပွဲတစ်ရပ်ကို သြဂုတ် ၂၄ ရက်၌ စတင်ဖွင့်လှစ်ပြသခဲ့သည်။ မီးလောင်မှုမြင်ကွင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု မြင်ကွင်းများအပါအ၀င် တိုက်ခိုက်ခံရသည့်နေ့က မြင်ကွင်းများကို အရွယ်အစားအမျိုးမျိုး ဓာတ်ပုံပေါင်း ၅၀ ကျော်ဖြင့် သြဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ခင်းကျင်းပြသထားသည်။ (အင်တာနက်)
**အင်ဒိုနီးရားနိုင်ငံ၌ အမြန်ရေယာဉ်နစ်မြုပ်၊ ခုနှစ်ဦးသေဆုံး**
(အင်ဒိုနိးရှားနိုင်ငံ ဘော်နီရိုကျွန်းကမ်းလွန်တွင် သြဂုတ် ၂၄ ရက်က အမြန်ရေယာဉ်တစ်စင်းနစ်မြုပ်ခဲ့၇ာ ခုနှစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့များက သြဂုတ် ၂၅ ရက်၌ ပြောကြားသည်။ ခရီးသည် ၄၀ တင်ဆောင်လာသော ၄င်းအမြန်ရေယာဉ်သည် ရေလှိုင်းကြီးများ ရိုက်ခတ်ခံရမှုကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းတို့က ပြောကြားသည်။ (အင်တာနက်)
**ဂါနာနိုင်ငံ၌ ရွှေတွင်းပြိုကျ၊ နှစ်ဦးသေပြီး မိုင်းလုပ်သားအချို့ပိတ်မိနေ**
(အက်စီရာ၊ သြဂုတ် ၂၆)
ဂါနာနိုင်ငံတွင် သြဂုတ် ၂၅ ရက် နံနက်ပိုင်းက ရွှေတွင်းပြိုကျသဖြင့် မိုင်းလုပ်သားနှစ်ဦးသေဆုံးပြီး ကျန်လုပ်သားများမှာ ပိတ်မိလျက်ရှိကြောင်း၊ ၄င်းမိုင်းတွင်းမှာ မြို့တော်အက်စီရာမှ အနောက်ဘက် ၃၁၂ ကီလိုမီတာအကွာ ပလီစတီးနယ်မြေတွင်ရှိပြီး လုပ်သားများလုပ်ငန်းခွင်ဝင်နေကြစဉ် ရုတ်တရက်ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြသည်။ ကယ်တင်နိုင်ခဲ့သည့် မိုင်းလုပ်သားတစ်ဦးကိုလည်း တာကိုရာဒီမြို့ရှိ့ ပြည်သူများက ပြောကြားသည်။ ထိုဒေသရှိ မြို့ပြကောင်စီအကြီးအကဲ အစ်ဆေးကာမာလင်းက ယင်းရွှေတွင်းပြိုကျသည့်ကိစ္စကို မီဒီယာများသို့ အတည်ပြုခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ မိုင်းလုပ်သား မည်မျှပိတ်မိနေသည်ကို မသိရသေးကြောင်း ထပ်မံပြောကြားခဲ့သည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment