ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, August 6, 2011

အချိန်မီ မီးငြိမ်းသတ်နိုင်ခြင်း

>
ထိုနေ့က အချိန်မီ မီးငြိမ်းသတ်လိုက်နိုင်သည်ဟု သူက ဆိုပါသည်။
“အချိန်မီ မီးငြိမ်းသတ်လိုက်နိုင်သည်ဆိုတော့ သူ့အတွက် ဆုံးရှုံးပျက်စီးမှု မရှိဘူးပေါ့” ဟူသော အတွေးဖြင့် ကျွန်တော်က ၀မ်းသာနေပါသည်။
သူက ကျွန်တော့်ကို တော်လ်စတွိုင်း၏ ပုံပြင်တစ်ခုထဲမှ အဖြစ်အပျက်တစ်ခုကို ပြောပါသည်။ သူ့စကားက ပထမပြောလက်စ စကားနှင့် ဘာဆိုင်လို့လဲဟု ကျွန်တော်က တွေးရင်း နားထောင်နေရသည်။
တောအုပ်အတွင်း၌ ကွက်လပ်တစ်ခုရှိသည်။ ထိုကွက်လပ်၏ အလယ်၌ ထင်းရှူးပင်တစ်ပင်ရှိသည်။ ထိုထင်းရှူးပင်၏ အကိုင်းတစ်ခု၌ ကြိုးတစ်ချောင်း ချည်ထားသည်။ ထိုကြိုး၏အဖျားတွင် လေးလံသော သစ်တုံးတစ်တုံးကို ချည်ထားသည်။ သစ်တုံး၏ အောက်တည့်တည့်၌ ပျားရည်များ ထည့်ထားသော သစ်သားပုံးရှိသည်။
ထိုကွက်လပ်ဆီသို့ ၀က်ဝံများ လာနေကြသည်။ ၀က်ဝံမကြီးက ရှေ့ဆုံးမှ လျှောက်လာ၍ ယင်းနောက်မှ အခါလည်သား ၀က်ဝံကလေးတစ်ကောင်နှင့် မွေးကာစ ၀က်ဝံကလေးသုံးကောင် လိုက်ပါလာသည်။ ၀က်ဝံမကြီးသည် ဦးခေါင်းကို မော့်ကာ တရှူးရှူး အနံ့ခံပြီး နောက်က ၀က်ဝံကလေးများကို ရှေ့ဆောင်ကာ ပျားရည်ပုံးကြီးရှိရာသို့ ရှေးရှု သွားသည်။ ရှေးဦးစွာ ပျားရည်ပုံးထဲသို့ သူ၏နှာခေါင်းကို ထည့်လိုက်ပြီးနောက် ၀က်ဝံကလေးများကို လာခဲ့ရန် အသံပြုသည်။ ၀က်ဝံကလေးများက ပြေးသွား၍ ပျားရည်ကို သောက်ကြသည်။ ထိုသို့ သောက်ကြသောအခါ အပေါ်မှ တွဲလောင်းချည်ထားသော သစ်တုံးကြီးက ယိမ်း၍ သွားသည်။ ယိမ်းရာမှ ပြန်လာပြီး ၀က်ဝံကလေးများကို သစ်တုံးကြီးက တိုက်သည်။
ထိုသို့တိုက်သည်ကို မြင်သောအခါ ၀က်ဝံမကြီးက သစ်တုံးကို လက်ဖြင့် တွန်းဖယ်လိုက်သည်။ ထိုအခါ သစ်တုံးသည် ပို၍ ဝေးရာသို့ ယိမ်းသွားပြီးနောက် ပြန်လာသောအခါ ၀က်ဝံကလေး နှစ်ကောင်၏ ကျောကုန်းကို ရိုက်ခတ် မိသည်။ ၀က်ဝံကလေးများ အော်ဟစ်ကာ နံဘေးသို့ တိမ်းဖယ်လိုက်သည်။ ထိုအခါ ၀က်ဝံမကြီးမှာ ဒေါသဖြစ်လာပြီဖြစ်၍ သစ်တုံးကို လက်နှစ်ဖက်စလုံးဖြင့် ဦးခေါင်းပေါ်သို့ ကျော်သည် အထိ မြှောက်လွှဲ၍ တွန်းပစ်လိုက်သည်။ ထိုအခိုက် အခါလည်သား ၀က်ဝံကလေးသည် ပျားရည်ပုံးကြီးရှိရာသို့ ခုန်ပေါက် လာပြီးလျှင် ပျားရည်အိုးထဲသို့ နှာခေါင်းကိုနှစ်ကာ ပျားရည်ကို လောဘတကြီး စုပ်ယူလျက်ရှိသည်။ မွေးခါစ ၀က်ဝံ ကလေးများ ကလည်း ပျားရည်ပုံးရှိရာသို့ လာလျက်ရှိသည်။ ပုံးနားသို့ သူတို့မရောက်မီ သစ်တုံးသည် အရှိန်ဖြင့်ပြန်၍လာပြီးနောက် အခါလည်သား ၀က်ဝံ ကလေး၏ ဦးခေါင်းကို ရိုက်ခတ်လိုက်၍ ၀က်ဝံကလေးမှာ ပွဲချင်းပြီး သေဆုံးသွားလေသည်။

ထိုအခါ ၀က်ဝံမကြီးသည် ကြောက်မက်ဖွယ် အော်ဟစ်ကာ သစ်တုံးကို အင်အားရှိသမျှ တစ်အားလွှဲ၍ ပစ်လိုက်လေသည်။ သစ်တုံးသည် ချည်ထားရာ သစ်ကိုင်းထက်ပင် မြင့်တက်သွားသည်။ ၀က်ဝံမကြီးက ၀က်ဝံကလေးများ နှင့်အတူ ပျားရည်ပုံးအနား ချည်းကပ်သည်။ သစ်တုံးသည် အပေါ်သို့ အတက် ရပ်သွားပြီးနောက် လျင်မြန်သောအရှိန်ဖြင့် ကျလာသည်။ သစ်တုံးသည် ၀က်ဝံမကြီးကို ပြင်းထန်စွာ ရိုက်လိုက်သောကြောင့် ၀က်ဝံမကြီးသည် ပက်လက်လန်ကျ သွားပြီနောက် အသက်ကုန်သွားသည်။ ၀က်ဝံကလေးများက ထွက်ပြေးသွားကြလေသည်။

အထက်ပါ အကြောင်းအရာကို ပြောပြီးနောက် သူက ဆက်၍…
“၀က်ဝံမကြီးက အခြေအနေတွေကို မသိဘူး၊ သစ်တုံးကြီးကို ပျားရည်ပုံးပေါ်တည့်တည့် ဘာပြုလို့ တွဲလောင်း ဆွဲပြီး ချည်ထားတယ်ဆိုတာ မသိဘူး၊ ပျားရည် သောက်ချင်တာလောက်ပဲသိတာ၊ ဒီတော့ သူသောက်ချင်တာကို အဟန့်အတားပြုတဲ့ သစ်တုံးကို ဒေါသဖြစ်တယ်၊ အကြီးအကျယ် ဒေါသဖြစ်တယ်၊ သူ့သားလေးကို သေလောက်အောင် သစ်တုံးကြီးက တိုက်ပစ်လိုက်တော့ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ကို ဒေါသတွေ အရှိန်အဟုန် ကြီးမားသွားတယ်၊ ၀က်ဝံမကြီးမှာ ဒေါသမီးကြီး လောင်မြိုက်နေလိုက်တာဗျာ…”
“ကျွန်တော်လဲ ဒီလိုပါပဲ၊ မထူးပါဘူး။ အခြေအနေတွေကို မသိဘူး။ ကျွန်တော်ဒုက္ခရောက်အောင် သူဖန်တီး ထားတာကို မသိခဲ့ဘူး၊ ကျွန်တော့်မှာ ခံလိုက်ရတာ ဘာပြောကောင်းမလဲ၊ ရှိသမျှ သိက္ခာတွေလဲကျ၊ နာမည်တွေ ပျက်နဲ့၊ အဲဒီညက ဒေါသတွေ ခြောင်းခြောင်းထွက်နေတာ၊ ကျွန်တော့်ကို ဒေါသတွေ လောင်မြိုက်နေတာပေါ့ဗျာ၊ သူ့ကို လက်တုံ့ပြန်ဖို့ အစီအစဉ်တွေ လုပ်တယ်…”
“နောက်တစ်နေ့ မိုးလင်းတာနဲ့ တစ်ပြိုက်နက် သူ့ရဲ့ ကောက်ကျစ်ပုံ၊ ကောက်ကျစ်နည်းထက် အဆပေါင်းများစွာ သာတဲ့ ကျွန်တော့်ရဲ့ ပရိယာယ်ထောင်ချောက်ထဲမှာ မရှုမလှ သူကျတော့မှာကို မြင်ယောင်နေတယ်၊ လူပဲဗျာ… ကောက်ကျစ်ညစ်ပတ်တဲ့နည်းကို ရှာလိုက်ရင် တွေ့တာပါပဲ၊ အသေအချာရှာလေ ပိုပိုပြီးကောင်းတဲ့နည်းကို တွေ့လေပဲ”
“သူ့မျက်နှာကို မြင်ယောင်တိုင်း ကျွန်တော့်ဒေါသတွေက အရှိန်မြင့်မြင့်လာလေပဲ၊ တရားဥပဒေကို လက်တစ်လုံးခြား လိမ်ညာတတ်တဲ့ သူ့လိုလူမျိုး၊ အမှန်တရားနဲ့ တရားဥပဒေကို ကျွန်တော့်ဖက်မှာ မရှိအောင် ဖန်တီးနိုင်တဲ့ သူ့လိုလူမျိုးကို ရှင်းပစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တစ်ညလုံး ဒေါသတွေ လောင်မြိုက်နေတော့ အိပ်လို့ကို မပျော်ဘူး၊ အိပ်လည်း မအိပ်တော့ပါဘူးဗျာ၊ ကျွန်တော်သတ်မှတ်ထားတဲ့ အချိန်ကို ရောက်အောင် စောင့်နေတယ်… ”
“စိတ်က မငြိမ်တော့ စာအုပ်စင်က စာအုပ်တွေကို ဟိုလှန်ဒီလှော လုပ်နေမိတယ်၊ စားပွဲပေါ်မှာ ပုံထားတဲ့စာအုပ် တွေထဲက ဟိုစာအုပ်ဆွဲယူ၊ ဒီစာအုပ်ဆွဲယူ လုပ်တယ်၊ ဟိုစာမျက်နှာ၊ ဒီစာမျက်နှာ ကြုံရာကို ဖတ်တယ်၊ အဲဒီလိုဖတ်ရင်း ကျွန်တော် ခင်ဗျားကို ပြောပြခဲ့တဲ့ တော်လ်စတွိုင်းရဲ့ ၀က်ဝံမကြီးအဖြစ်အပျက်ကို ဖတ်မိတာ…”
“အဲဒီလို ဟိုစာအုပ်ကိုင်၊ သည်စာအုပ်ကို ဆွဲယူလုပ်ရင်းက ကျွန်တော့်အဖေရဲ့ မှတ်စုစာအုပ်ကို သွားတွေ့တယ်၊ မကြာခင်ကမှ အဖေ့ဆီ အလည်သွားရင်း အဖေ့လက်ရေးနဲ့ ရေးထားတဲ့စာအုပ်ကို အမှတ်တရ သိမ်းထားချင်ပါတယ်ဆိုပြီး တောင်းယူခဲ့တဲ့စာအုပ်ဗျ၊ အဲဒီ အဖေ့စာအုပ်ကို ဖွင့်ပြီး ဟိုလှန်သည်လှန်လုပ်ရင်း တစ်နေရာမှာ ပုံတစ်ပုံကို တွေ့တယ်၊ ကြည့်လိုက်တော့ မီးပွတ်ခုံပုံကို အဖေက ရေးဆွဲထားတာဗျ၊ မီးပွတ်ခုံသုံးတာကို ကျွန်တော်တို့ မမီလိုက်ပါဘူး၊ ရှေးခေတ်က အခုခေတ်မှာလို မီးကို အလွယ်တကူ မရနိုင်ဘူး၊ မီးပွတ်ခုံမှာ မီးပွတ်ယူကြရတယ်၊ အဖေက ရှေးခေတ်သုံး အဲဒီမီးပွတ်ခုံကို ရေးဆွဲထားတာဗျ…”
“အဲဒီမီးပွတ်ခုံ အောက်ဘက်မှာ အဖေက စာတစ်ပိုဒ် ရေးကူးထားတယ်…”
“မီးပွတ်ခုံကို မီးပွတ်သည်ရှိသော် မီးသည်ဖြစ်လာ၏။ ထိုမီးသည် ဖြစ်လာရာ ပွတ်ခုံကိုပင် လောင်ကျွမ်း၏။ ထို့အတူ ပညာမရှိ မိုက်မဲလျက် အကျိုးစီးပွားကို မသိသောသူအား နင်လား ငါလား ချုပ်ချယ်သော အမျက်ဒေါသသည် ထွက်လာခဲ့၏။ ထိုအမျက်ဒေါသသည် အမျက်ဒေါသထွက်လာသူကိုပင် (ဦးစွာ) လောင်ကျွမ်း၏။”
(စူဠဗောဓိဇာတ်)တဲ့ဗျာ။
“အဲဒီစာပိုဒ်ကို ဖတ်ရင်း ကျွန်တော့်နားထဲမှာ ပညာမရှိ၊ မိုက်မဲလျက် အကျိုးစီးပွားကို မသိသောသူဆိုတဲ့ စာကြောင်းက အသံတွေထွက်ပြီး ပဲ့တင်ထပ်နေသလိုပဲ။ ကျွန်တော့်အိမ်အပေါ်ထပ်ကို တက်တော့လဲ အဲဒီပညာမရှိ မိုက်မဲလျက် အကျိုးစီးပွားကို မသိသောသူ ဆိုတဲ့ အသံက လိုက်ပါလာသလိုပဲ။ အောက်ထပ်ဆင်းတော့လဲ အဲဒီအသံက ကျွန်တော်နဲ့အတူ ဆင်းလိုက်လာသလိုပဲ၊ သစ်တုံးကြီးကို မိုက်မိုက်မဲမဲနဲ့ တစ်အားကုန် တွန်းဖယ်ပစ်လိုက်တဲ့ ၀က်ဝံကြီး။ ပြီးတော့ သူ့ဆီကို အရှိန်ပြင်းစွာနဲ့ လွှဲပြီး ပြန်လာနေတဲ့ သစ်တုံးကြီးကိုလည်း မြင်ယောင်နေတယ်ဗျာ…”
“ကျွန်တော်က အိပ်ရာပေါ်မှာ လဲချလိုက်ပြီးတော့ အဖေရေးဆွဲထားတဲ့ မီးပွတ်ခုံကလေးကို ကြည့်မိတယ်၊ မီးမတောက်သေးတဲ့ မီးပွတ်ခုံကလေး၊ မီးသေနေတဲ့ ခုံကလေး၊ သစ်တုံးတစ်တုံးပေါ်မှာ တင်ထားတဲ့ မီးပွတ်ခုံ ကလေးပါဗျာ…”

“ကျွန်တော် ဖျတ်ကနဲ နိုးလာတယ်၊ ကျွန်တော့်ရင်ဘတ်ပေါ်မှာ အဖေ့စာအုပ်ကလေးကို ပိုက်မိလျက်သားပါပဲ၊ တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့ မနက် (၄)နာရီ ထိုးခါနီးပြီ။”
(၄)နာရီတိတိမှာ ကျွန်တော့်တပည့်ထံကို ဖုန်းဆက်ပါတယ်။ သူက အသင့်စောင့်နေတာဆိုတော့ ချက်ချင်းပဲ ဖုန်းကိုင်တယ်။ ကျွန်တော်က သူ့ကို လုပ်ရမယ့် အစီအစဉ်တွေကို ဖျက်လိုက်ကြောင်း၊ ပဲခူးက အဖေ့ဆီကို ကန်တော့ရန် သွားမှာမို့လို့ ကားကို ဆီထပ်ဖြည့်ပြီး (၇)နာရီအရောက် အိမ်ကိုလာဖို့သာလိုကြောင်း ပြောလိုက်ပါတယ်။
ကျွန်တော်ဗျာ…သံသရာရှည်သည့်အထိ လိုက်ပြီး ပူလောင်စေမယ့် ဒေါသမီးကို အချိန်မီ ငြိမ်းသတ်လိုက်နိုင် ပါတယ်။ အဖေနဲ့ ဆရာကြီးလီယိုတော်လ်စတွိုင်းတို့က ကျွန်တော့်ကို ကူပြီး ငြိမ်းသတ်ပေးခဲ့ကြတာပေါ့။ ကျွန်တော့် ကျေးဇူးရှင်တွေပေါ့ဗျာ။

အချိန်မီ မီးငြိမ်းသတ်လိုက်နိုင်ခြင်း အကြောင်းကို သူ ပြောဆို ပြီးဆုံးသွားသောအခါ သူ့အတွက် ဆတက်ထမ်းပိုး ၀မ်းသာမိသော ကျွန်တော်က “သာဓု" သုံးကြိမ်ခေါ်လိုက်မိပါသည်။

**မင်းချစ် သူ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)