ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 20, 2011

အိမ်မြှောင်

>
အိမ်မြှောင်အများအပြား အခန်းရဲ့နံရံမှာ ဖြိုးဖြိုးဖျောက်ဖျောက်၊ မြေဆွဲအားကို မထီမဲ့မြင် အံတုပြီး ကပ်နေကြတယ်။ ကြီးငယ်ရွတ်လတ်၊ ဖြူဖြူညိုညို ပြာနှမ်းနှမ်း…အရွယ်စုံအသွေးစုံ။ ဒီတော့.. အိမ်မြှောင်အဖွဲ့အစည်းလို့ပဲ ဆိုပါရစေတော့။ အဲဒီ အိမ်မြှောင်အဖွဲ့အစည်း မှီတင်းနေထိုင်ရာ အခန်းထဲကလူက ညနက်နက်မှာ သူတစ်ယောက်တည်း ဆိုတဲ့ အတွေးနဲ့ အထီးကျန်နေတယ်။ သူတစ်ယောက်ထဲ၊ ဒါပေမဲ့ အိမ်မြှောင်များလည်း သူနဲ့အတူတော့ ရှိနေသေးတယ်။ ရဲတင်းလှတဲ့ အိမ်မြှောင်များရဲ့ ပြေးလွှားလှုပ်ရှားမှုကြောင့် သူက သတိပြုမိသွားတယ်။ ဒါနဲ့ပဲ မတ်တပ်ရပ်ပြီး အိမ်မြှောင်အဖွဲ့အစည်းကြီးတစ်ရပ်လုံးကို စနစ်ပုံအနေအထားက အကဲခတ်နေ လိုက်မိတယ်။

ဒီကောင်တွေဟာ အိမ်မြှောင်တွေကိုး။ သူတို့ ကမ္ဘာမြေပေါ်မှာရှိကြောင်း ငါမေ့လျော့နေတာ ကြာခဲ့ပေါ့။ တကယ်တော့ သူတို့နဲ့ ငါဟာ သိပ်တော့မစိမ်းလှပါဘူး။ မစိမ်းလှဘူးဆိုပေမဲ့ ရင်းလည်း မရင်းနှီးဘူး။ တကယ်တော့ “ပိစိကွေး” (ကြောင်ကလေး) ရှိစဉ်တုန်းက သူက အိမ်မြှောင်တွေ ခုတ်လာတတ်တာကိုး။ အမြီးပြတ်ခေါင်းပြတ် ကိုးရိုးကားရားနဲ့ဆိုတော့ သိပ်မသတီလှဘူး။ သူတို့အနေနဲ့ကလည်း မျိုးနွယ်စုတစ်ရပ်လုံးရဲ့ ရန်သူတော်ကြီးရဲ့ သခင်ဖြစ်နေတယ်ဆိုတော့ သူ့ကို သိပ်သဘောကျကြလိမ့်မယ် မထင်ဘူး။ အခြေအနေအရ ရန်သူတွေလို တစ်ဖက်စီ ဖြစ်နေရပေမယ့် အိမ်မြှောင်တွေနဲ့ ကျောင်းတော်ကရန်စ ရှိခဲ့တာမျိုးတော့လည်း မဟုတ်ဘူး။ စနစ်တစ်ခုအတွင်း ကျရာနေရာက ကော်နဲ့ကပ်ထားသလို မခွာတမ်းကပ်ပြနေကြရတဲ့ သတ္တ၀ါတွေပါပဲလို့ ပညာရှိတို့တွေးပုံမျိုး တွေးဖူးတယ်ရှိအောင် တွေးကြည့်လိုက်သေးတယ်။ ပုံမှန်အားဖြင့်တော့ အိမ်မြှောင်တွေကို သူ သဘောကျမိသားပဲ။ အံမယ် သင်းတို့က နှိုင်းရသီအိုရီ (Relativity Theory) ကိုတောင် မခန့်တာပဲ။ မြေဆွဲအားကို မမှုဘဲ နံရံမှာ ကပ်နေရတယ်လို့…၊ ကြံကြံဖန်ဖန်။

အင်း… ဒါလည်းမဟုတ်သေးဘူး။ ပိုးဖလံတွေကို လုယက်စားသောက်ရင်း အရှိန်လွန်လို့ ကြမ်းပြင်ပေါ် တဖုတ်ဖုတ်ပြုတ်ကျလာတဲ့ အကောင်တွေလည်း နည်းမှမနည်းပဲ။ သတ္တိခဲတွေလို့ပဲပြောရမယ်။ သူ့ကိုလည်း မကြောက်ဘူး။ လူသားတစ်ယောက်ရဲ့ရှေ့ မှောက်ယက်ကြီးကျလာတာ တကယ်ဆို ဖုတ်ဖက်ခါပြီး အတင်းထပြေးသင့်တာပေါ့။ ခုတော့ သတိမေ့တဲ့ကောင်ကမေ့၊ ချော်လဲရောထိုင်လုပ်ပြီး ခုန်ချလိုက်တာကွ၊ ပြုတ်ကျတာမဟုတ်ဘူးဆိုတဲ့အကြည့်မျိုးနဲ့ ပေစောင်းစောင်းသူ့ကို ပြန်ကြည့်ချင်သေးတယ်။ ဒီတော့ မမုန်းပေမယ့် အမြင်တော့ နည်းနည်းကပ်မိတယ်။ လူကြီးသူမ မလေးစားတဲ့ကောင်ဆိုတော့ ငါ့ကိုလည်း အိမ်မြှောင်တောင် မလေးစားတော့ဘူးရယ်လို့ ကြိတ်ပြီးဝမ်းနည်းလိုက်မိသေးတယ်။ တကယ်တော့ အိမ်မြှောင်တွေလေးစားတာ ခံရလည်း ငါက ဘာလုပ်ရမှာလဲ။ ငါက ကြောင်မှမဟုတ်ဘဲ၊ သူတို့က ဘယ်လေးစားလိမ့်မလဲ။ သင်းတို့ဟာ အလကားသတ္တ၀ါတွေပဲ၊ မြေဆွဲအားကို အံတုနိုင်တဲ့စွမ်းရည် ရှိနေတာလည်းမဟုတ်ဘူး။ သင်းတို့တွေ လူတွေရဲ့ ခြေကြိုခြေကြား ပြေးလွှားနေရင်လည်း လမ်းလျှောက်လို့ ဘယ်အဆင်ပြေလိမ့်မလဲ။ တက်နင်းမိရင် ဖောက်ခနဲမြည်ပြီး ကားရားကြီးအသက်ထွက်၊ အမြီးပြတ်ပြန်တော့လည်း မလောက်လေးမလောက်စား အမြီးကလေးကတောင် တဆတ်ဆတ် ခုန်နေသေးတယ်။ ဒီတော့ တန်ရာတန်ရာ နံရံမှာ ခိုကပ်နေနေရတဲ့ ဘ၀။ ပန်းချီကားအောက်၊ ပြက္ခဒိန်အောက်၊ တံခါးကြား၊ ဒါတွေနဲ့ပဲ တန်တယ်။ လူတွေကြားမှာ သင်းတို့ နေလို့မှမရဘဲ။ လူတောမှ မတိုးဘဲ။ ဒါ့အပြင် ကြောင်နဲ့လူ မဟာမိတ်ဖြစ်သွားတော့ ပိုဆိုးတော့တာပေါ့။

တကယ်တော့ အိမ်မြှောင်တွေထဲမှာ အတွေးအခေါ် မခေလှတဲ့ အိမ်မြှောင်တွေလည်း အများအပြား ရှိနေပါတယ်။ သူတို့ကတော့ ခုနလို လူသားကတွေးတဲ့အတွေးတွေကို သိပ်မကြိုက်လှဘူး။ မကြိုက်ရုံဘယ်ဟုတ်မလဲ၊ အပြင်းအထန် ရှုတ်ချတယ်လို့တောင် သုံးနှုန်းလို့ရတယ်။ အိမ်မြှောင်အဖွဲ့အစည်းကြီး အဓွန့်ရှည်ဖို့ရာ အဓိကရန်သူနေရာကရပ်တည်နေတဲ့အထဲမှာ ကြောင်ပြီးရင် လူတွေက ထိပ်ဆုံးကကိုး။ လူသားတွေဟာ တိုလီမိုလီတွေ လက်ကမြင်းပြီးလုပ်တတ်သလောက် (ရုပ်ပိုင်းဆိုင်ရာတိုးတက်ခြင်းဆိုတဲ့ အသုံးအနှုန်းကို အိမ်မြှောင်တွေက ပယ်ချခဲ့ကြတယ်) အတွေးအခေါ်အရာမှာ အိမ်မြှောင်ဖလော်ဆော်ဖာအသိုင်းအ၀ိုင်းရဲ့ အမြီးဖျားတောင်မမီဘူးရယ်လို့ အမျှော်အမြင်ကြီးမားဟန်ရှိတဲ့ အိမ်မြှောင်ပျိုတစ်ကောင်က ငယ်ရွယ်သူပီပီ ပြတ်ပြတ်သားသား ဆိုတယ်။ သင်းတို့ဟာ ကြမ်းပြင်ထက်မှာ အံ့အားသင့်စရာကပ်နေတာက လွဲလို့ ကျုပ်တို့အတွက် ဘာမျှ ထူးခြားမှုမရှိဘူး။ အကျိုးတစ်စုံတစ်ရာလည်း မပြုဘူး။ တကယ်တော့ သင်းတို့ဟာ ကမ္ဘာမြေကို သူတို့ဘိုးဘွားပိုင်အမည်ပေါက် အမွေရထားတယ် သဘောထားကြတာ။ ခြေကြိုခြေကြား သူတို့အတွက် ရှုပ်နေမှာစိုးလို့ ကျုပ်တို့ကို သဘာဝတရားကြီးက နံရံပေါ်နဲ့ ချောင်ကြိုချောင်ကြား ပို့ထားတယ်လို့ အသားလွတ် တွေးနေတာပဲကြည့်လေ။ ခုလို သူတို့ဆောက်ထားတဲ့ အိမ်တွေမှာ ခိုကပ်မနေလည်း သစ်ပင်ပေါ်မှာ ကျုပ်တို့ နေလို့ရခဲ့သားပဲ။ အိမ်ကတော့ မိုးလုံလေလုံပိုရှိတာ ပေါ့လေ။ ထားပါ ဒီလိုကိစ္စတွေမှာ လူတွေ တလွဲဆံပင်ကောင်းပြီးတော်တယ်ဆိုတာ ၀န်ခံပါတယ်။ ကျုပ်တို့က အိမ်မြှောင်ပီပီ ရိုးသားကြရမယ် မဟုတ်လား။ လူသားတွေရဲ့ အတွေးတွေဝင်လာတဲ့အိမ်မြှောင်တွေကို ကြောင်စာကျွေးနေကျ မဟုတ်လားလို့ မိမိကိုယ်ကို အတွေးအခေါ်ထက်မြက်လှတယ်လို့ အထင်ရောက် နေဟန်တူတဲ့ မည်းပြာပြာအိမ်မြှောင်က အရှည်ကြီးပြောချလိုက်တယ်။ သူက အိမ်မြှောင်တွေရဲ့ အသွေးအရောင်ခွဲခြားမှု ကာကွယ်ရေးအကြီးအကဲလို့ သူ့ကိုယ်သူ ရာထူးပေးထားတယ်။ ဒီလိုသာဆိုတာပါ သူက ဘာလုပ်ရလို့လဲ။ ဘယ်အိမ်မြှောင်မကမှလည်း သူ့ကို အရောင်မည်းတယ်ဆိုပြီး မိတ်လိုက်ဖို့ ငြင်းပယ်ဖူးတာ မရှိဘူး။ သူကသာ သိမ်ငယ်သလို ဖြစ်နေတာကိုး။ သူကသာ လူ့အတွေးအခေါ်တွေ အိမ်မြှောင်တွေဆီဝင်လာခဲ့ရင် သူ့အတွက်ခက်လှချည်ရဲ့လို့ အတွေးခေါင်နေတာကိုး။ ပုတ်သင်ညိုတွေဆိုဘယ်လိုလုပ်မလဲ။ အရောင်ခဏခဏ ပြောင်းနေတော့ အသွေးအရောင်ခွဲခြားဆက်ဆံဖို့ အတော်ခက်မှာ။

တော်ကြစမ်း၊ တိတ်ကြစမ်း၊ ပါးစပ်ပေါက်ပိတ်ကြစမ်း။ အိမ်မြှောင်ဘာသာဗေဒနဲ့ မိုးခြိမ်းသံသလို ဆိုးရွားလှတဲ့ အသံကြီးကြားလိုက်ရလို့ အိမ်မြှောင်အားလုံး လန့်သွားမိတယ်။

အသံကြီးက ပလုံးပထွေးပေမယ်လို့ အိမ်မြှောင်တွေအားလုံး နားလည်လိုက်ကြတယ်။ ဒါ လူသံနဲ့ အိမ်မြှောင်စကားပြောနေတာပဲ။ ကြမ်းပြင်ကို ငုံ့ကြည့်လိုက်တော့ စောစောက အခန်းထဲကလူက အပေါ်ကိုမော့ကြည့်ပြီး သားရေကွင်းနဲ့ ချိန်ထား ပါပကော။ သားရေကွင်းဟာ လူကလေးငယ် တွေပဲ ဆော့ကြတာပါ၊ ဘယ့်နှယ်ကြောင့် မကြီးမငယ် လူဆီ ရောက်နေရပါလိမ့်။ သင်းက အိမ်မြှောင်စကားနားလည်တာကိုး… ငါတို့ပြောနေကြတာတွေ အကုန်လုံးကြား သွားပြီထင်တယ်လို့ အသက်ကြီးကြီးအိမ်မြှောင်ညိုတစ်ကောင်က မျက်စိပျက် မျက်နှာပျက်နဲ့ တီးတိုးပြောတယ်။ အိမ်မြှောင်ငယ်တွေက အိမ်မြှောင်ကြီးကတားလို့ မကြောက်ပေမဲ့ အလျှော့ပေး လိုက်ရတယ်ဆိုတဲ့ အထာနဲ့ မျက်နှာထားတင်းတင်း အတင်းလုပ်ထားရင်း ငြိမ်ကုပ်နေကြတယ်။ တကယ်တော့ သူတို့လည်း သားရေပင်ကို ကြောက်တာပါပဲ။ သားရေပင်မှန်ရင် ထိပ်ပေါက်ခေါင်းကွဲလောက်နဲ့ ပြီးတာမှ မဟုတ်တာ။ အမြီးပြတ်လိုပြတ်၊ ခေါင်းပြတ်လိုပြတ်။ အမြီးကအသစ်ပြန်ပေါက်လို့ မထောင်းသာပေမဲ့၊ ခေါင်းက ပြန်မပေါက်တာ ဆိုးတယ်။ လူ့အဖွဲ့အစည်းနဲ့မတူဘူး၊ အိမ်မြှောင်လောကမှာက ခေါင်းမရှိရင် အိမ်မြှောင်တောထဲတိုးလို့မရတော့ဘူး။ အမြီးက အိမ်မြှောင်တွေအတွက် ဘာအရေးလဲ…။ လူတွေကသာ သူတို့အမြီးမပေါက်တဲ့ကိစ္စ ကြံဖန်ဂုဏ်ယူတတ်ကြသေးတာ။ ကိုယ့်မှာ မရှိတဲ့အရာတစ်ခုအတွက်တောင် ဂုဏ်ယူတတ်တယ်ဆိုတော့.. တတ်လည်းတတ်နိုင်ကြတဲ့လူတွေ။

ဒီတော့လည်း အိမ်မြှောင်တွေက အသာငြိမ်နေကြရတယ်။ အာဏာသည် သားရေကွင်းမှာ တည်တယ် မဟုတ်လား။ အိမ်မြှောင်ရာဝင်ချင်တဲ့ အိမ်မြှောင်ကြီး တစ်ကောင်က လူရာပါဝင်ချင်လာဟန်တူတယ်။ အရဲစွန့်ပြီး ဘာကိစ္စရှိပါသလဲခင်ဗျာလို့ အိမ်မြှောင်ဘာသာနဲ့ ယဉ်ယဉ်ကျေးကျေး ပြန်မေးလိုက်တယ်။ မျက်နှာလိုမျက်နှာရ ပြုံးပြုံးလေးလုပ်ထားပေမယ့် သူ့မေးရိုးက စုတ်ချွန်းချွန်းဆိုတော့ လူရဲ့အမြင်မှာတော့ သရော်ပြုံးဖြစ်နေပါလေရော။ လူတွေအပေါ်ထားရှိတဲ့ အိမ်မြှောင်အဖွဲ့အစည်းရဲ့သဘောထားအမှန်ကို ရုတ်တရက် သိရှိထားရလို့ ဒေါသခြောင်းခြောင်း ထွက်နေတဲ့လူက လျှာမရှည်နဲ့လို့ ခပ်ပြတ်ပြတ်ဟောက်လိုက်တယ်။ အိမ်မြှောင်တွေအားလုံး ပြုံးစိစိဖြစ်သွားကြပြန်တယ်။ ကျွတ်..ကျွတ်..ကျွတ်..လို့ပဲ အလိုက်အထိုက်ဖြစ်အောင် ပြန်ပြောလိုက်ရတယ်။ အိမ်မြှောင်ပါဆိုမှ လျှာရှည်မှာပေါ့၊ လူတွေဟာ သားရေပင်အားကိုးနဲ့သာ အနိုင်ကျင့်ချင်တာ၊ ခပ်တုံးတုံးတွေပါလို့ အိမ်မြှောင်တွေအားလုံး တွေးလိုက်မိတော့ တစ်ကောင်မျက်နှာ တစ်ကောင်ကြည့်ကာ စုတ်ချွန်းချွန်း ပြုံးလိုက်မိကြတယ်။ ကံဆိုးချင်တော့ ကျွတ်…ကျွတ်…ကျွတ်…လို့ အလိုက်အထိုက်ဆိုလိုက်တာကို လူက စုတ်သပ်တာလို့ ယူဆသွားတော့ သူ့ရဲ့ဒေါသကို မထိန်းသိမ်းနိုင်တော့ဘူး။ တိတ်စမ်းလို့ပြောပြီး သားရေပင်ကို အိမ်မြှောင်အုပ်ရှိရာဆီ ရမ်းသမ်းပြီး ပစ်လိုက်တော့တယ်။ အိမ်မြှောင်တွေကတော့ ပြက္ခဒိန်အောက်၊ တိုင်ကပ်နာရီအောက်နဲ့ နီးစပ်ရာစွတ်ပြေးကြတာ ခဏတွင်းချင်း နံရံပေါ်မှာ ပြောင်သလင်းခါသွားတယ်။ ကံဆိုးတဲ့အိမ်မြှောင်တချို့က အဲယားကွန်းထဲ ၀င်ပြေးမိလို့ ခိုက်ခိုက်တုန်နေကြရရှာတာကလွဲလို့ တစ်ကောင်တလေမျှ ထိခိုက်ဒဏ်ရာမရကြပါဘူး။ စုတ်တော့လည်း မထိုးဝံ့ကြတော့ဘူး။ စုတ်ထိုးမိတဲ့ အိမ်မြှောင်ဟာ သားရေကွင်းကြည့်ရှောင်နိုင်မှဖြစ်လိမ့်မယ်လို့ သဘောပေါက်သွားကြပြီကိုး။

တကယ်တော့ အိမ်မြှောင်တွေအတွက် လျှာရှည်ဆိုတာ ပိုးဖလံတွေကို ဖမ်းနိုင်ဖို့ပဲ။ လူတွေလို စကားပြောဖို့ သီချင်းဆိုဖို့မှ မဟုတ်တာ။ သူတို့က စုတ်ထိုးတာက လွဲလို့ လျှာကလုပ်တဲ့အသံလည်း ထွက်မှမထွက်ကြတာ။ လျှာရှည်မှဗိုက်ဝမယ့် အိမ်မြှောင်တို့ရဲ့ဘ၀ပါပေါ့။ ခက်တာက လူတွေအဖို့လည်း လျှာရှည်မှဗိုက်ဝတယ်၊ အသံမြည်မှ အလုပ်ဖြစ်တယ်၊ လျှာနဲ့သာ အစာရှာရတယ်ဆိုတာကို အတွေးအခေါ်ကောင်းပါတယ်ဆိုတဲ့ အိမ်မြှောင်တွေတောင် မစဉ်းစားနိုင်ခဲ့ကြတာပဲ။ ခုချိန်ထိ အိမ်မြှောင်တွေဟာ “အလုပ်နဲ့လက်နဲ့မပြတ်ဘူး” ဆိုတဲ့ လူ့စကားကို အဟုတ်မှတ်နေကြရှာတုန်း။ အလုပ်နဲ့လျှာနဲ့မပြတ်ဘူးလို့ မှန်မှန်ကန်ကန်တွေးခေါ်နိုင်ဖို့ အိမ်မြှောင်တွေ သင်ယူကြရဦးမယ်။ ဒါပေမဲ့ လူတွေ တုံးတဲ့ကိစ္စကိုတော့ အိမ်မြှောင်တွေက ဖော်ကောင်မလုပ်ကြရှာပါဘူး။ သူတို့လျှာရှည်တာက စကားပြောဖို့မှမဟုတ်တာ။ အသံမပြုတတ်တဲ့ သူတို့ရဲ့ စေးပြစ်ပြစ်လျှာတွေမှာ ပိုးဖလံတွေ ကပ်နေတယ်လေ…. ကျွတ်.. ကျွတ်.. ကျွတ်.. ။

**တေဇာ (လရောင်လမ်း)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)