ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, September 25, 2011

လူထုကျန်းမာရေး (တကယ်ဆိုးပြီဆိုရင် မိန်းမမီးယပ်ထက် ဆိုးတဲ့ ယောက်ျားဒူလာရောဂါ)

> (ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှု ဖောက်ပြန်လို့ ဖြစ်တဲ့ ရောဂါ -Metabolic Disease)

**Public Health**

**ဂေါက် (သို့) ဒူလာရောဂါ ဆိုတာ ဘာလဲ**

ဂေါက် (သို့) ဒူလာရောဂါ ဆိုတာ အဆစ်အမြစ်ရောင်ရောဂါ တွေထဲက တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေ ပိုအဖြစ်များပါတယ်။ ခန္စာကိုယ်က အဆစ်တစ်ခုခု ရုတ်တရက် ပူလောင်သလို နာကျင်လာခြင်း၊ တောင့်တင်းလာခြင်း၊ ယောင်ရမ်းလာခြင်းတွေနဲ့ အစပျိုး ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ခြေမအဆစ်မှာ စဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ လက် အပါအ၀င် တစ်ကိုယ်လုံးက အဆစ်တွေမှာလည်း ခံစားရနိုင်ပါတယ်။

ဒီရောဂါ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှု ဖောက်ပြန်လို့ ဖြစ်တဲ့ ရောဂါ (Metabolic Disease) ၊ ပျက်စီးချို့ယွင်းသွားစေသော ရောဂါ (Degenerative Disease) တစ်ခုဖြစ်လို့ မကုဘဲနေရင် ပိုပိုဆိုးလာတတ်တဲ့ သဘာဝ ရှိပါတယ်။ ကာလကြာလာတာနဲ့ အမျှ အဆစ်တွေ၊ အရွတ်တွေ တစ်သျှူးတွေ ပျက်စီးလာမှာ အသေအချာပါပဲ။
အကြောင်းရင်းတွေက ဘာတွေလဲ
သွေးထဲမှာ ယူရစ်အက်ဆစ် ပမာဏ မြင့်တက်လာလို့ ဖြစ်ရတာပါ။ တော်ရုံမြင့်ရုံနဲ့တော့ ဂေါက်မဖြစ်ပါဘူး။ အဆမတန် များလွန်းလို့သာ မာကျောလှတဲ့ ယူရစ်အက်ဆစ် ပုံဆောင်ခဲ (uric acid crystals) တွေ ဖြစ်လာရတာပါ။ အ၀လွန်ခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ နေ့စဉ်ပုံမှန် အသားများများ စားခြင်း တွေနဲ့ တိုက်ရိုက် ဆက်စပ်ပါတယ်။ အသားစား ကြူးတယ် ဆိုတာကို စားသမျှ အစားရဲ့ ၅ ပုံ ၂ ပုံဟာ အသားဖြစ်နေခြင်းလို့ အကြမ်းဖျဉ်း ယူဆနိုင်ပါတယ်။ အသားချင်း တူရင်တောင် Sea Food လို့ခေါ်တဲ့ ပင်လယ်စာ အမျိုးမျိုးဟာ ဂေါက်ကို အထူး ဖြစ်စေ / ထကြွစေတယ်ဆိုတာ လေ့လာတွေ့ရှိ အတည်ပြုပြီး ဖြစ်ပါတယ်။ သွေးတိုးရောဂါရှိလို့ Thiazides အမျိုးအစား ဆီးချဆေးတွေ စွဲသောက်နေရသူများမှာလည်း ဖြစ်တတ်ပါတယ်။ (ဒါပေမဲ့ ယနေ့ မြန်မာဆေးလောကမှာ ဆီးဆေးပေးရင် Thiazides အမျိုးအစားတွေ ရှောင်ပေးတာ အသုံးမပြုသလောက် နည်းသွားတာ တွေ့ရပါတယ်)

မျိုးရိုးလိုက်ခြင်းဟာလည်း အတော်အသင့် ဖြစ်စေတတ်တဲ့ အကြောင်းတရားတစ်ခုပါ။ လေ့လာစစ်တမ်းကောက်ယူမှုများ အရ ဂေါက်ရောဂါရှိသူ အားလုံးရဲ့ ၁၈% ဟာ မိသားစု ရောဂါရာဇ၀င် ရှိဖူးသူတွေ ဖြစ်ကြပါတယ်။ ခဲဆိပ်သင့်စေနိုင်တဲ့ အလုပ် နေ့စဉ်လုပ်သူတွေ (ဥပမာ စနစ်တကျ အကာအကွယ် ၀တ်ဆင်မထားတဲ့ ဘက်ထရီ စက်ရုံလုပ်သားတွေ၊ ခဲပါဝင်မှု မြင့်မားတဲ့ ရေသောက်သုံးသူတွေ) ဟာ ဂေါက်ရောဂါ ဖြစ်ဖို့ အရမ်းနီးစပ်ပါတယ်။

ခန္ဓာကိုယ်ပျက်စီးချို့ယွင်းသွားစေသော ရောဂါ (Degenerative Disease)

**ရောဂါလက္ခဏာတွေက ဘာတွေလဲ **

ဂေါက် ခေါ် ဒူလာရောဂါရဲ့ အဖြစ်အများဆုံးနဲ့ အထင်ရှားဆုံး လက္ခဏာ တစ်ခုကတော့ ခြေမအဆစ် နီရဲယောင်ရမ်းပြီး စူးရှစွာ နာကျင်လာခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တစ်နေ့တာ လှုပ်ရှားမှုတွေ ရပ်ဆိုင်းလိုက်တဲ့ ညဖက်မှာ ပိုဖြစ်လေ့ရှိပါတယ်။ ခြေမအဆစ်က အများဆုံး စဖြစ်တယ်ဆိုပေမယ့် ခြေကျင်းဝတ်၊ ဒူးခေါင်း နေရာတွေမှာလည်း အထက်က ပြောခဲ့တဲ့ နာကျင်မှုမျိုး ခံစားရနိုင်ပါတယ်။

ဒီလို နာကျင်မှုဟာ သုံးလေးရက်ကနေ တစ်ပတ်နှစ်ပတ်အထိ ကြာနေနိုင်ပြီး သူ့အလိုလို ပျောက်သွားကာ လနဲ့ချီပြီး ပြန်မဖြစ်ပဲလည်း ဖြစ်နိုင်တဲ့အတွက် ဆေးခန်းသွားရမှာ ပျင်းသော အမျိုးသားများ အနေနဲ့ ဒီရောဂါအပေါ်မှာ အထူး ဂရုစိုက် မကုသမိတတ်ကြပါဘူး။ ဒီတော့ အထူးသတိပေးချင်တာ အထက်က ပြောခဲ့တဲ့ နာကျင်မှုမျိုး သင်တစ်ကြိမ် စခံစားရပြီ ဆိုတာနဲ့ ဆေးခန်းသွားပါ၊ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒီလိုမဟုတ်ရင် သင့်ရဲ့ ယူရစ်အက်ဆစ် မြင့်တက်လာမှုဟာ အချိန်နဲ့ အမျှ ပိုမိုလာမှာမို့ သင့်ရဲ့ ဂေါက်ရောဂါဟာ ဆက်လက် တိုးတက် ဖြစ်ပွားလာပြီး အဆစ်တွေ ပျက်စီးကုန်မှာ ဖြစ်ပါတယ်။ (ဒီနေရာမှာ အလေးအနက်ထားပြီး ပြောချင်တာက အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် ထိခိုက်ဒဏ်ရာကြောင့် မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ အဆစ်တစ်နေရာရာက ကိုက်ခဲ ယောင်ရမ်းလာရင် ဆရာဝန်နဲ့ သွားရောက်ပြသကာ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ကာ ရောဂါအဆင့် ဆက်မတက်အောင် ထိန်းသိမ်းကုသသင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါဟာ လေးဖက်နာ အမျိုးမျိုးထဲက တစ်ခုခု ဖြစ်နိုင်တာ မို့ပါ)

**ဂေါက်ရောဂါဖြစ်ကြောင်း ဘယ်လို အတည်ပြုမလဲ***

ဆရာဝန်က သင့်ရဲ့ နာကျင်မှု အနေအထားအကြောင်း အသေးစိတ်မေးပြီး လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ပါလိမ့်မယ်။ သွေးဖောက်ပြီး သွေးတွင်းယူရစ်အက်ဆစ်ပမာဏ တိုင်းတာပါလိမ့်မယ်။ လိုအပ်ရင် အဆစ်ထဲက ခြင်ဆီရည် (Synovial fluid) ဖောက်ပြီး ယူရစ်အက်ဆစ် ပုံဆောင်ခဲလေးများ ရှိမရှိ ရှာရပါမယ်၊ ဓာတ်မှန်ရိုက်ရပါမယ်။

ဒါတွေလောက် လုပ်ပြီးရင် သင့်ရဲ့ ရောဂါအခြေအနေကို ဂဃနဏ သိရှိနိုင်ပါပြီ။ ဂေါက်ရောဂါ ရှိနေတယ် ဆိုပြီး ဘာမှ စိုးရိမ်ထိတ်လန့် သွားစရာ၊ စိတ်ဓာတ်ကျစရာလည်း မလိုပါဘူး။ အစားအသောက် ဆင်ခြင်ပြီး နေရင် ဘာမှမဖြစ်သလို ဘ၀တစ်လျှောက်လုံး နေထိုင်နိုင်သွားပါလိမ့်မယ်။

ရှောင်ရမယ့် အစားအသောက်တွေကို အကြမ်းဖျဉ်း ပြောရရင် ဥအနှစ်အမျိုးမျိုး၊ ငါးဥ၊ မျှစ်၊ မှို၊ တွင်းအောင်းသတ္တ၀ါသား၊ ပင်လယ်စာနဲ့ အနီရောင် အသားများ၊ ကလီစာများ၊ ပေါင်မုန့်၊ ခရမ်းချဉ်သီး၊ အာလူး၊ ခရမ်းသီး၊ အချိုမှုန့် နဲ့ ဘီယာတို့ ဖြစ်ပါတယ်။

**ဘယ်လိုကုသမလဲ**

လတ်တလော ထကြွနာကျင်နေတဲ့ ဂေါက်ရောဂါကို သက်သာအောင်တော့ ဆရာဝန်က သင့်ကို စတီးရွိုက်အပါအ၀င် ဆေးတွေ ပေးပါလိမ့်မယ်။ ဝေဒနာတွေ လျော့လာတာနဲ့ အမျှ သောက်ရတဲ့ ဆေးပမာဏလည်း လျော့ကျသွားပါတယ်။ နာကျင်ရောင်ယမ်းမှုအားလုံးဟာ ၂၄ နာရီအတွင်း လျော့ပါးပျောက်ကင်း နိုင်မြန်မြန် သက်သာချင်ရင်တော့ အဲဒီရောင်ယမ်းနာကျင်နေတဲ့ အဆစ်ကို အနားယူပေးဖို့ လိုအပ်ပါတယ်။ အကိုက်အခဲပျောက်ဆေးထဲမှာ အက်စပရင် (Aspirin) ကလွဲလို့ အဆင်ပြေရာ အကိုက်အခဲ ပျောက်ဆေး သောက်ထားလို့ ရပါတယ်။ အက်စပရင်က ယူရစ်အက်ဆစ်ကို တက်စေတာမို့ ရှောင်ကြဉ်ရပါမယ်။ ဒါပေမယ့် အက်စပရင်က ဒီနေ့ဒီအချိန်မှာ အကိုက်အခဲပျောက်ဆေးအနေနဲ့ ခေတ်မရှိတော့ပါဘူး။ (Aspilet ဆိုတဲ့ နာမည်နဲ့ သွေးခဲမပိတ်ဆေး အနေနဲ့ပဲ ရှိပါတော့တယ်)

**ဘယ်လို ကာကွယ်မလဲ**

ယူရစ်အက်ဆစ်ပမာဏ တက်ခြင်းကို ကာကွယ်ပေးဖို့ သင့်ရဲ့ ဆရာဝန်က သင့်ကို ဆေးတွေ ပေးပါလိမ့်မယ်။ ညွှန်ကြားတဲ့အတိုင်း အတိအကျ သောက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဆေးတွေသောက်နေပေမယ့်လည်း သင်ဟာ ဆရာဝန်ပြောတဲ့အတိုင်း အစားအသောက် ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ သင့်ခိုင်းသမျှ တာဝန်ကျေခဲ့ တာဝန်ကျေနေဆဲ အဆစ်လေးတွေကို သနားပါ။ အ၀မလွန်အောင်လည်း ထိန်းသိမ်းသင့်ပါတယ်။ အရက် ဘီယာ အလွန်အကျွံသောက်ရင် သေချာပေါက် ဂေါက်ဖြစ်မှာမို့ ထိန်းသိမ်း ဆင်ခြင်ပါ။ ကာကွယ်ချင်ရင် ပုံမှန်သောက်သူ အမျိုးသားများ တတ်နိုင်ရင် အသက် ၃၅ ကျော်တာနဲ့ သွေးတွင်း ယူရစ်အက်ဆစ် ပမာဏ တိုင်းတာကြည့်သင့်ပါတယ်။ အ၀မလွန်အောင်လဲ ထိန်းသိမ်းပါ။ သွေးတိုးဖြစ်ရင် ဂေါက်လဲ လိုက်ဖြစ်လာတတ်တာမို့ သွေးတိုးရောဂါကိုပါ ကာကွယ်ပါ။

အရည်ရွှမ်းတဲ့ သီးနှံများဟာ (အထူးသဖြင့် စတော်ဘယ်ရီသီး၊ ချယ်ရီသီးများဟာ ဂေါက်ရောဂါကို မထကြွအောင် ထိန်းပေးနိုင်တဲ့ အာနိသင် ရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်) ဂေါက်ရောဂါကို တစ်ဖက်တစ်လမ်းက ထိရောက်စွာ ကာကွယ်ပေးနိုင်တာမို့ အထက်က ပြောခဲ့တဲ့ အစားအသောက်တွေ တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပြီး ရေနဲ့ သဘာဝသစ်သီးဖျော်ရည်တွေ နေ့စဉ် များများသောက်ပေးပါ။ ဒါဆို ရောဂါရှိပြီးသား ဆိုရင်လည်း ဂေါက်ရောဂါဟာ သင့်ဆီမှာ ပေါ်မနေတော့ဘဲ ပျောက်ကွယ်နေပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နေနိုင်ပါလိမ့်မယ်။ မရှိသေးတဲ့ သူတွေလည်း ကာကွယ်ပြီးသား ဖြစ်သွားပါမယ်။

Written by : ဒေါက်တာသီဟသစ်

**မေမွန်ကျော်**

(ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှု ဖောက်ပြန်လို့ ဖြစ်တဲ့ ရောဂါ -Metabolic Disease)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)