ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, September 24, 2011

ဦးထုပ်ထဲကငှက်

>

ဒီလိုပါပဲ။ သွားရင်းလာရင်း တေလေတစ်ကောင်နဲ့ တွေ့ခဲ့တယ်။

တေလေမှာ တေလေ ဆိုတဲ့ နာမည်တစ်ခု ရှိတယ်။ ကိုယ့်မှာတော့ ဘာမှမရှိဘူး။ လက်ချည်းဗလာ။

တေလေ နဲ့ ကိုယ် ခြေသွားလမ်းလေးအတိုင်း တောင်ကုန်းတစ်ခုပေါ် အတူတူ တက်လာခဲ့တယ်။ လမ်းတလျှောက်မှာ တောပန်းတွေ ပွင့်နေတယ်။ အဲဒီပန်းတွေပေါ်မှာ ပျားတွေ ပိတုန်းတွေ ၀ဲနေတယ်။ တောင်ကုန်းပေါ်ကနေ အောက်ကို လှမ်းကြည့်လိုက်ရင် ခေါင်မိုးနီနီနဲ့ အိမ်လေးတွေကို မြင်ရတယ်။ ရေကန်တစ်ခုဘေး သစ်ရိပ်အောက်မှာ ကိုယ်တို့ အေးအေးလူလူ ထိုင်ချလိုက်ပါတယ်။

တေလေက သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်တယ်။
ဘ၀မှာ ငါလိုချင်တာတွေ ဆုံးရှုံးခဲ့တယ်။
ဟင့်အင်း။ ဘ၀မှာ ငါလိုချင်တာတွေ ရကိုမရခဲ့ဘူး။
မဟုတ်သေးဘူး။ ဘ၀မှာ ငါလိုချင်တာတွေက ဘာတွေလဲ။

ငှက်တစ်ကောင်သာ ရှိရင် အရာရာ အဆင်ပြေမယ်။ တေလေက ၀မ်းပန်းတနည်း ဆက်ပြောတယ်။ တောင့်တလိုက်တယ်။ ငှက်….။ မျက်စိတစ်မှိတ် လျှပ်တပြက်မှာ ငှက်တစ်ကောင် ရောက်လာခဲ့တယ်။

ငှက်တစ်ကောင်ကို မွေးမြူတော့မယ် ဆိုရင် သူနေထိုင်ဖို့ တစ်ခုခုလိုတယ် မဟုတ်လား။ လှောင်ချိုင့်တော့ မလိုချင်ဘူး။ တေလေက သံတိုင်တွေကို ခါးသီးတယ်။ ဒါနဲ့ပဲ ဦးထုပ်တစ်လုံး ထပ်ရောက်လာပြန်တယ်။ ဦးထုပ်…။

မျက်လှည့်ပွဲတွေမှာ ဦးထုပ်တစ်လုံးထဲက ငှက်တစ်ကောင် ထွက်ထွက်လာတတ်တာ မြင်ဖူးကြမှာပါ။ ဆန်းတယ်နော်။ ငှက်တစ်ကောင်နဲ့ ဦးထုပ်တစ်လုံးရဲ့ တွဲဖက်မှုဟာ ကိုယ်တို့ကို စိတ်လှုပ်ရှားစေတယ်။

ဦးထုပ်တစ်လုံးဟာ လှောင်ချိုင့်တစ်လုံးထက်တော့ ဘယ်နည်းနဲ့မဆို ပိုကောင်းတာ အမှန်ပဲ။ ငှက်ပျံနေတဲ့အချိန်မှာ ဦးထုပ်တစ်လုံးကို ဆောင်းထားလို့ရတယ်။ ငှက်ပြန်လာတော့ အဲဒီဦးထုပ်နဲ့ ငှက်ကို ပြန်အုပ်ထားတာပေါ့။ ငှက်ဘက်က စဉ်းစား ကြည့်ရင်လည်း ငှက်တွေဟာ လှောင်ချိုင့်တစ်လုံး ထဲက ထွက်လာရတာနဲ့ စာရင် ဦးထုပ်တစ်လုံးထဲက ထွက်လာရတာကို ပိုနှစ်သက်လိမ့်မယ်။ လှောင်ချိုင့်တစ်လုံးမှာ အိပ်တန်းတက်ရတာနဲ့ စာရင် ဦးထုပ်တစ်လုံးထဲမှာ ၀င်အောင်းပြီး အိပ်နေရတာကို ပိုသဘောကျလိမ့်မယ်။ ဒီလိုပဲ ကိုယ်က ခပ်ရိုးရိုး ထင်မြင်မိပါတယ်။

ငှက်က ဦးထုပ်ထဲမှာ ထိုင်ရင်း အတောင်ပံတွေ ခိုးခိုးခါခါ လုပ်နေတယ်။

တေလေမှာ ငှက်တစ်ကောင်ရပြီ။ ဘာကို လိုချင်သလဲ။ ဘယ်ကို သွားချင်သလဲ။ ငှက်တစ်ကောင် ဖြစ်ချင်တာလား။ ငှက်တစ်ကောင်ကို အသုံးချချင်တာလား။ ငှက်တစ်ကောင်လို နေထိုင်ချင်တာလား။

ဦးထုပ်တစ်လုံးကို ဖွင့်လိုက်တဲ့အခါ ငှက်တစ်ကောင် ထွက်ပြီး ပျံသန်းသွားတာကို လူတွေက တအံ့တသြ ငေးကြည့်ကြလိမ့်မယ်။ ငှက်ဟာ ဒီတောင်ကုန်းကို အခုလို ခြေကျင် လျှောက်တက်စရာ မလိုဘူး။

သီချင်းဆိုကောင်းတဲ့ ငှက်တွေ ရှိတယ်။ နံနက်စောစော အိပ်ရာထတဲ့ ငှက်တစ်ကောင်ဟာ အစာဝခဲ့တယ်။ အဖော်ခင်တဲ့ ငှက်တကောင်ဟာ အဖော်မရှိတော့တဲ့အခါ မြေပြင်ထဲကို အတောင်ပံထိုးစိုက် ပျံချပီး အသေခံခဲ့တယ်။ မီးလျှံတွေကြားမှာ မသေပဲ ပြန်လည်ရှင်သန်လာတဲ့ ငှက်တစ်ကောင် ရှိခဲ့တယ်။ တေလေဟာ ဘယ်လိုငှက်မျိုး လိုချင်တာလဲ။

လူတွေဟာ ကြံရင်းနဲ့သေကြတယ် ငှက်တွေဟာ ပျံရင်းသေကြတယ် ဆိုတဲ့ စကားရှိတယ်။ ပျံသန်းနေတဲ့ ငှက်တစ်ကောင်ဟာ ဘာတွေကြံနေသလဲ မသိနိုင်ပါဘူး။ လူတွေ တစ်ခုခု စီမံအကြံထုတ်ရင် ကောင်းကင်ထဲက ငှက်တစ်ကောင်ရဲ့ အမြင်နဲ့ ကြည့်ပါ လို့ မကြာခဏ သတိပေးလေ့ ရှိကြတယ်။ လူတွေရဲ့ ခေါင်းပေါ်မှာ ပျံသန်းနေတဲ့ ငှက်တစ်ကောင်ဟာ လူတွေကို အပေါ်စီးကနေ ဘယ်လိုထင်မြင်နေမလဲ။

ငှက်တွေကို လူတွေက တချိန်လုံး အားကျခဲ့တာ ဖြစ်နိုင်တယ်။ လေဟုန်စီးနေတဲ့ စွန်ငှက်တွေကို အားကျပြီး လူတွေဟာ စက္ကူစွန်တွေ လွှတ်တင်ကြတယ်။ ပျံသန်းနေတဲ့ငှက်တွေကို အားကျလို့ အတောင်ပံတွေ တပ်ဆင်ပြီး ပျံသန်းဖို့ ကြိုးစားကြတယ်။ ကိုယ်တိုင် မပျံသန်းနိုင်တဲ့အခါ ငှက်နဲ့ ခပ်ဆင်ဆင် ယာဉ်တွေ ဖန်တီးပြီး အဲဒီအထဲကနေ လိုက်ပါပျံသန်းကြတယ်။

ငြိမ်နေတဲ့ မြေပြင်ဟာ အစုန်အဆန်မရှိဘူး။ ဟိုဟိုသည်သည် သွားလာနေတဲ့ လေက အစုန်အဆန်ရှိတယ်။ စီးဆင်းနေတဲ့ လေထဲက ငှက်တွေဟာ လှုပ်ရှားမှုမဲ့တဲ့ မြေပြင်ပေါ်က လူတွေထက် ပိုခရီးရောက်တယ်လို့ ဆိုနိုင်မလား။ ငှက်တွေ ဖြတ်သန်းရတာက လူမျက်စိနဲ့ မမြင်ရတဲ့ လေထု။ ငှက်ရဲ့ မျက်စိထဲမှာရော လေထုကို ဘယ်လိုမြင်နေမလဲ။ လူတွေမြင်သလိုပဲ ကြည်လင်ထွင်းဖောက်မြင်နိုင်တဲ့ ကြားခံတစ်ခု သက်သက်ပဲလား။ အဲဒီကြားခံရဲ့ ဟိုမှာဘက် လမ်းဆုံးမှာ ဘာရှိလဲဟင်။

ငှက်က ကြားဖြတ်ပြီး ၀င်ပြောလိုက်တယ်။

အသိုက်…။

အသိုက်ဆိုတာ.. သစ်ကိုင်းပေါ်မှာဖြစ်ဖြစ် သစ်ခေါင်းတစ်ခုထဲမှာဖြစ်ဖြစ် သစ်ခက်တွေ သစ်ကိုင်းခြောက်တွေ ကောက်ရိုးမျှင်တွေနဲ့ ခက်နွယ်သွယ်ယှက်ထားတဲ့ ခပ်ရှုပ်ရှုပ် ခပ်နွေးနွေး အရာတစ်ခု သက်သက်လား။ အသိုက်ဆိုတာ…။

ကိုယ်တို့မှာက ဦးထုပ်တစ်လုံးပဲ ရှိတယ်။ ဦးထုပ်တစ်လုံးကနေ ပျံထွက်သွားမယ့် ငှက်တစ်ကောင်ဟာ ညနေမိုးချုပ်တဲ့အခါ ဦးထုပ်ရှိရာကို ပြန်လာမယ်ဆိုရင် ၀မ်းသာစရာလား။ ငှက်တစ်ကောင်ရဲ့ ပျံသန်းမှုရဲ့ ပန်းတိုင်ဟာ ဦးထုပ်တစ်လုံး မဟုတ်တာတော့ သေချာသတဲ့။ တေလေရဲ့ ပါးစပ်က မသဲမကွဲ အသံတစ်ခု မြည်လာတယ်။ နာနာကျင်ကျင် ကြေကြေကွဲကွဲ ။ တေလေက ဗြုန်းဆို မတ်တတ် ထရပ်လိုက်တယ်။

သူဟာ ဦးထုပ်တစ်လုံးထဲက ငှက်တစ်ကောင်ကို အလိုမရှိတော့ဘူး..တဲ့။

ရေကန်ဘေး သစ်ရိပ်အောက်ကနေ ခြေသွားလမ်းလေးအတိုင်း တောင်ကုန်းလေးအောက်ကို တေလေ တစ်ကောင်တည်း ပြန်ဆင်းသွားပြီ။ လမ်းတလျှောက်မှာ တောပန်းတွေ ပွင့်နေလိမ့်မယ်။ အဲဒီပန်းတွေပေါ်မှာ ပျားတွေ ပိတုန်းတွေ ၀ဲနေလိမ့်မယ်။ တောင်ကုန်းအောက်မှာ ခေါင်မိုးနီနီနဲ့ အိမ်လေးတွေ ရှိလိမ့်မယ်။

ကဲ… အခုတော့ ကိုယ့်ဦးထုပ်ထဲမှာ စိတ်မပါလက်မပါ နားနေတဲ့ ငှက်တစ်ကောင်ပဲ ကျန်နေပြီ။
မဟုတ်သေးဘူး။ ကိုယ့်ဦးထုပ်ထဲမှာ ဘာမှမရှိဘူး။
ဟင့်အင်း။ ကိုယ့်မှာ ဦးထုပ်တစ်လုံး မရှိပါဘူး။
အင်း… တကယ်တော့ ကိုယ်လည်းမရှိဘူး။
တေလေပဲ ရှိခဲ့တယ်။

(သံလွင်အိပ်မက် အတွဲ ၃ အမှတ် ၂ မှာ ဖော်ပြခဲ့တဲ့ အက်ဆေးလေးပါ။ လူကြိုက်နည်းတဲ့ စာတစ်ပုဒ် ဆိုပါတော့။ ပြန်ဖော်ပြလိုက်ပါတယ်။)

**ပန်ဒိုရာ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)