**ကမ္ဘာကျော် ဂီတပညာရှင်ပေါလ်အသက်(၆၉) နှစ်ရောက်မှ တတိယအိမ်ထောင်ပြု**(လန်ဒန်၊ စက်တင်ဘာ ၂၀)
ကမ္ဘာကျော်ဂီတပညာရှင် ပေါလ်မက်ကတ္တနေး(Paul McCartney) ဟာလွန်ခဲ့တဲ့နှစ် ၄၀ ကျော်က ပထမဆုံးလက်ထပ်ပွဲကျင်းပခဲ့တဲ့ခန်းမမှာ ဘီးတဲလ်အဆိုတော်ဟောင်း နမ်စီရှီဗီးလ် (Nancy Shevell)နဲ့ လက်ထပ်မင်္ဂလာပွဲ ကျင်းပကြမှာ ဖြစ်ပါတယ်။ သူတို့စုံတွဲဟာ မာရီလီဘွန်းမြို့တော်ခန်းမမှာ လက်ထပ်မင်္ဂလာ ကျင်းပမှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ မင်္ဂလာပွဲကိုတော့ လာမယ့်စက်တင်ဘာ ၃၀ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး နာမည်ကျော်အနုပညာရှင်များနဲ့ အထူးဧည့်သည် ၁၀၀ ကျော် ဖိတ်ကြားထားကြောင်း သိရပါတယ်။ (အင်တာနက်)
**မူးယစ်ဆေးဖြတ်နိုင်ခဲ့သူ အဆိုတော် လိုဗာတို ပြန်လည်သီဆိုနိုင်ပြီ**
(နယူးယောက်၊ စက်တင်ဘာ ၂၀)
ပြီးခဲ့တဲ့နှစ်က မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစခန်းမှ ဆေးဖြတ်ပြီး ပြန်လညသူ အဆိုတော်ဒေမီလိုဗာတို (Demi Lovato)က မိမိအား ပြန်လည် အားပေးကြတဲ့အတွက် ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ကြောင်း စင်တင်ဖျော်ဖြေပွဲတစ်ခုမှာ ပြောကြား လိုက်ပါတယ်။ သူမဟာ Unbroken လို့အမည်ရတဲ့ တတိယမြောက် တေးအယ်ဘမ်မထွက်မီရက်ပိုင်းအလို နယူးယောက်မြို့မှာ စက်တင်ဘာ ၁၈ ရက်က သီဆိုဖျော်ဖြေခဲ့ပါတယ်။

အဆိုတော် လိုဗာတိုက သူမရဲ့နောက်ဆုံးထွက်ရှိလာမယ့် တေးအယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ Skyscraper လို့အမည်ရတဲ့ တေးသီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ရာမှ ပရိသတ်တွေ အထူးနှစ်ခြိုက်စွာ အားပေးကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ (အင်တာနက်)
**ကမ္ဘာကျော်အဆိုတော် အအေလီ Q Award ဂီတဆုဆွတ်ခူးရန်ရေပန်းစား**
(လန်ဒန်၊ စက်တင်ဘာ ၂၀)
ကမ္ဘာကျော်အဆိုတော်များဖြစ်ကြတဲ့ ဂျက်ဆီဂျေ (Jessie J) နဲ့ အဒေလီ (Adele)တို့ဟာ ယခုနှစ်အတွက် Q Award လို့အမည်ရရှိတဲ့ တေးဂီတဆုသုံးဆုစီ ဆွတ်ခူးနိုငကြလိမ့်မယ်လို့လူပြောများနေကြပါတယ်။ အခြားအဆိုတော်တွေဖြစ်ကြတဲ့ ကိုးပလေး (Coldplay)၊ အက်ဒ်ရှီးယားရန် (Ed Sheeran) နဲ့ မာကျူရီတေးဂီတဆုရ ပီဂျေဟာဗေး (PJ Harvey) တို့ဟာလည်း Q Award တေးဂီတဆုနှစ်ဆုစီဆွတ်ခူးနိုင်မယ်လို့ ရေပန်းစားနေကြပါတယ်။ (အင်တာနက်)
**လေယာဉ်ကိုယ်ထည်ပေါ်မှ စီးနင်းပြသူ အသက် ၉၀ အရွယ် အမျိုးသားကြီး**
(ဒိုဗာ၊ စက်တင်ဘာ ၂၀)
ဗြိတိန်နိုင်ငံမှ အသက် ၉၀ အရွယ် တွမ်လက်ကီးအမည်ရှိ အမျိုးသားကြီးသည် ပျံသန်းနေသော လေယာဉ်ကိုယ်တည်အပြင်ဘက်၌ မတ်တတ်ရပ်ကာ ၄၅ မိနစ်ကြာစီးနင်းပြသနိုင်ခဲ့ကြောင်း စက်တင်ဘာ ၁၉ ရက်က အင်တာနက်သတင်း၌ ဖော်ပြသည်။ တွမ်လက်ကီးသည် ဗြိတိန်နိုင်ငံ ဂလောဆယ်စတာရှိုင်းယားမြို့ရှိ စီရင်စတာအရပ်မှ စတင်ပျံသန်းသော ဘိုရင်းအမျိုးအစား လေယာဉ်ငယ်တစ်စင်း၏ ကိုယ်ထည်အပြင်ဘက်တန်းပေါ်တွင် မတ်တတ်ရပ်ကာ စီးနင်းလိုက်ပါခဲ့ခြင်းဖြစ်သည်။ ထို့သို့လေယာဉ်ကိုယ်ထည်အပြင် ဘန်တန်းပေါ်မှ လိုက်ပါစီးနင်းပြသခဲ့သဖြင့် တွမ်လက်ကီးသည် ဂင်းနက်စ်၌ ဖော်ပြခံရသည်။ တွမ်လက်ကီးသည် လွန်ခဲ့သည့် ငါးနှစ်ကတည်းက လေယာဉ်ပေါ်တွင် စတန့်စီးနင်းပြသကာ ဂင်းနက်စ်မှတ်တမ်းတင်ခဲ့သူလည်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်
**ကမ္ဘာကျော် ဂီတပညာရှင်ပေါလ်အသက်(၆၉) နှစ်ရောက်မှ တတိယအိမ်ထောင်ပြု**

No comments:
Post a Comment