အလုပ်တစ်ခုမှာ Commitment ရှိဖို့ စိတ်ရော ကိုယ်ပါ နှစ်ပြီး အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ အဲဒီလို လုပ်နိုင်ဖို့ဆိုရင် အရေးပါတဲ့ လိုအပ်ချက်များ ရှိပါတယ်။ လေ့လာမိသလောက်ကို ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။
၁။ မိမိလုပ်ဆောင်ရမည့် အလုပ်ကို ရှင်းလင်းစွာ သိရှိထားခြင်း
၂ ။ မိမိ တာဝန်ယူ လုပ်ကိုင်ရမည့် အလုပ် တာဝန်အတွက် ထိရောက်စွာ လုပ်ဆောင်ရန် ကရိယာနှင့် အထောက်အကူ ပစ္စည်းများ လုံလောက်စွာ ရှိခြင်း
၃ ။ မိမိ လုပ်ရမည့် အလုပ် တာဝန်အတွက် အကောင်းဆုံး လုပ်ဆောင်ရန် အခွင့်အရေး အခွင့်အလန်းနှင့် ဆုံးဖြတ်ပိုင်ခွင့် များရှိခြင်း
၎ ။ မိမိတာဝန်ယူ လုပ်ဆောင်ရသည့် အလုပ်အပေါ်တွင် တာဝန်ရှိသူထံမှ မကြာမကြာ အသိအမှတ်ပြု ချီးကျူးခံရခြင်း
၅။ မိမိ အထက်အရာရှိ သို့မဟုတ် တာဝန်ရှိသူများမှ မိမိကို အရေးတစ်ယူ ရှိခြင်း
၆ ။ အလုပ်ထဲတွင် တစ်ယောက်ယောက်က မိမိ အလုပ်ကို မိမိ လုပ်ဆောင်ချက်ကို အားပေးမှု ရှိခြင်း

၇ ။ မိမိမှ တင်ပြသော အချက်အလက် အကြံများကို စဉ်းစားပေးခြင်း
၈ ။ လုပ်ငန်း၏ ရည်ရွယ်ချက်များ မိမိ လုပ်ဆောင်သည့် တာဝန်ယူသည့် အပိုင်းများကြောင့် မိမိသည် အရေးကြီးသည် အရေးပါသည်ဟု ယူဆခြင်း
၉ ။ လုပ်ဖော် ကိုင်ဖက်များကလည်း အရည်အသွေးရှိသော လုပ်ဆောင်မှုများသာ လုပ်ရန် စိတ်သဘောထား ရှိခြင်း
၁၀။ အလုပ်တွင် သူငယ်ချင်းကောင်း ရှိခြင်း
၁၁။ လုပ်ငန်းခွင်မှ တစ်ဦးတစ်ယောက်က မိမိသည် တာဝန်ထမ်းဆောင်နေရသော အပိုင်းများတွင် တိုးတက်လာသည်ဟု ပြောခြင်း
၁၂ ။ လုပ်ငန်းခွင်အတွင်း သင်ယူစရာ သင်ခန်းစာများ ကို သင်ကြားရရှိခဲ့ပြီး တိုးတက်မှု ယခင်ကထက် ရှိလာသည် ဟု ယူဆခြင်း။

၁၃။ မိမိ လုပ်ငန်းခွင်တွင် ပျော်မွေ့မှု ရှိခြင်း
(စီမံခန့်ခွဲမှုနှင့်စာရင်းပညာရပ်ဝန်းမှ ပြန်လည်မျှဝေပေးသည်.....)
** ကိုတင့်**

No comments:
Post a Comment