**ဂျမေကာအပြေးသမား အူစိန်ဘော့မီတာ ၁၀၀ ပြေးပွဲစံချိန်တင်**(ဇာဂရက်၊ စက်တင်ဘာ ၁၅)
ဂျမေကာ စူပါစတားအူစိန်ဘော့သည် ခရိုအေးရှားနိုင်ငံ ဇာဂရက်မြို့၌ စက်တင်ဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မီတာ ၁၀၀ ပြေးပွဲတွင် စံချိန် ၉ ဒသမ ၈၅ စက္ကန့်ဖြင့် ပန်းဝင်ဗိုလ်စွဲခဲ့သည်။ အူစိန်ဘော့သည် ပြီးခဲ့သည့်နှစ်တွင် အမေရိကန်အပြေးသမားတိုင်စန်ဂေးတင်ထားသည့် ၉ ဒသမ ၉၂ စက္ကန့်စံချိန်ကို ချိုးနိုင်ခဲ့သည်။ သို့ရာတွင် ၄င်းတင်ထားသည့် ကမ္ဘာ့စံချိန် ၉.၅၈ စက္ကန့်ကို ချိုးနိုင်ခြင်းမရှိပေ။

ယင်းပြိုင်ပွဲတွင် ခရိုအေးရှားမှ ကင်ကောလင်းစ်က စံချိန် ၁၀.၀၁ စက္ကန့်ဖြင့်ဒုတိယ၊ ထရီနီဒက်နှင့် တိုဘာဂိုမှ သွမ်မဆင်က စံချိန် ၁၀.၀၃ စက္ကန့်ဖြင့် တတိယကြေးတံဆိပ်ရရှိခဲ့သည်။ (အင်တာနက်)
**ရော့ခ်ဂစ်တာသမား ဂျက်ဖ်ဘက်ခ်အား ဂန္ထ၀င်ဂီတပညာရှင်ဆုချီးမြှင့်မည်**
(လန်ဒန်၊ စက်တင်ဘာ ၁၅ )
အင်္ဂလန်နိုင်ငံ ၀ယ်လ်လင်တန်မြို့သား ဂျက်ဖ်ဘက်ခ် (JeffBeck) ဟာ ရော့ခ်ဂီတသမိုင်းမှာ ထင်ရှားတဲ့ ဂီတသမားတစ်ယောက်ဖြစ်ပါတယ်။ သို့ကိုကလပ်စစ်ရော့ခ် မဂ္ဂဇင်းက ဂန္တ၀င်ဂီတ ပညာရှင်ဆုချီးမြှင့်ဖို့စီစဉ်နေပါတယ်။ အသက်အားဖြင့် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုတောင်ကြီး ဂျက်ဖ်ဘက်ခ်ဟာ The Tardbirds တီးဝိုင်းအဖွဲ့ဝင် ဖြစ်သလို တီးဝိုင်းကိုတည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ဒီတီးဝိုင်းရဲ့ ဂစ်တာသမားတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာကျော် ရော့ခ်အဆိုတော်ကြီး ရော့ခ်စတီးဝပ်နဲ့ အတူသီဆိုဖော်သီဆိုဖက် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်ပါတယ်။ ဂျက်ဖ်ဘက်ခ်ဟာ ဂီတပညာရှင်၊ တေးရေးဆရာနဲ့ သရုပ်ဆောင်အလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။

သူဟာ တူရိယာမျိုးစုံတီးခတ်နိုင်သူလည်း ဖြစ်ပါတယ်။ ဂီတပညာရှင်၊ ဂျက်ဖ်ဘက်ခ်ကို ရော့ခ်မဂ္ဂဇင်းက လာမယ့်နိုဝင်ဘာလ ၉ ရက်မှ လန်ဒန်မြို့ရောင်းဟောက်စ်၌ ဂန္တ၀င် ဂီတပညာရှင် ဆုချီးမြှင့်ဖို့ စီစဉ်လျက်ရှိပါတယ်။ ဒီဆုပေးပွဲမှာ အခြားသော ရော့ခ်တီးဝိုင်းတွေဖြစ်တဲ့ ဖူးဖိုက်တားစ် (Foo Fighters)၊ အိုင်းယွန်းမိုင်ဒန် (Iron Maiden) နဲ့ မက်တယ်လစ်ကာ( Metallica)မှ ဂီတပညာရှင်တွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။ သူတို့ဟာလည်း အခြားအခြားသောဂီတဆုတွေ ဆွတ်ခူးကြမယ်လို့ မျှော်လင့်ထားကြပါတယ်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး
**ဂျမေကာအပြေးသမား အူစိန်ဘော့မီတာ ၁၀၀ ပြေးပွဲစံချိန်တင်**
(ဇာဂရက်၊ စက်တင်ဘာ ၁၅)

No comments:
Post a Comment