(စက်တင်ဘာလ ၉ ရက် ၂၀၁၁)
မြန်မာ့လွတ်လပ်ရေး မီးရှုးတန်ဆောင်(၀ါ)အာရှနေ၀န်းနီဆရာတော်ဦးဥတ္တမ၏ (၇၂) နှစ်မြောက် အောက်မေ့ဘွယ်အခမ်းအနား တရပ်ကို ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့တွင် ယနေ့ကျင်းပကြသည်။ အလားတူ အခမ်းအနားများကို ထိုင်းနိုင်ငံ မဟာချိုင်မြို့၌ လာမည့်စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပရန်ရှိကြောင်း သိရသည်။ (မြန်မာပြည်သားသတင်းစဉ်)

(စက်တင်ဘာလ ၈ရက် ၂၀၁၁)
ရာထူးကနေ မောင်းထုတ်ခံရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ထပ်စင်ဟာ သူ့အမှုတွေရင်ဆိုင်ဖို့ တိုင်းပြည်ကို ပြန်လာပြီး သူ့မှာ အပြစ်မရှိကြောင်းကို သက်သေပြသင့်တယ်။ လို့ ရတ်စန်တိပါတီက အမတ် ပူရာချိုင်းဖီရမ်ဆွမ်ဘွန်က ကြာသပတေးနေ့ က ပြောပါတယ်။ ထပ်စင်က သူ့မှာ အပြစ်မရှိကြောင်း သက်သေပြနိုင်တယ်ဆိုရင် သူ့အပေါ် မဟုတ်တန်း တရား၊ တရား စွဲဆိုရာမှာ တာဝန်ရှိတဲ့သူတွေကို ပြန်ပြီး တရားစွဲနိုင်ပါတယ်လို့ ထပ်စင်အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီး ဖြစ်တဲ့ ပူရာချိုင်းက ပြောပါတယ်။(နေ့သစ်.)
(စက်တင်ဘာလ ၇ ရက်၊ ၂၀၁၁)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးရုံသို့ အသွားခရီးလမ်းတွင် ယာဉ်ကြောပိတ်ဆို့နေခြင်းကြောင့် ယာဉ်ထိန်းရဲ၏ အကူအညီဖြင့် နန်းစန်းစန်းသိမ်း (၂၂)နှစ်မှာ လမ်းမှာပင် ကလေးမွေးခဲ့ရအကြောင်း၊ ဘန်ကောက်မြို့တွင် အရေးပေါ်ကလေးမွေးခဲ့ရသည်မှာ ယခုအခါ ကလေးပေါင်း (၁၀၀) ကျော် ရှိပြီဖြစ်ကြောင်း ယာဉ်ထိန်းရဲဌာနက ပြောဆိုသည်။ ဘန်ကောက်မြို့တွင် ဆေးရုံသွားနေသည့် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတဦးသည် လမ်းပိတ်ဆို့မှုကြောင့် ဆေးရုံသို့ အချိန်မီ မရောက်ရှိဘဲ အငှားကားပေါ်တွင်ပင် ကလေးမွေးဖွားခဲ့ရပုံကို ထိုင်းနိုင်ငံမှ လာသော သတင်းများတွင် ဖော်ပြထားကြသည်။(BBC)
(စက်တင်ဘာလ ၆ ရက် ၂၀၁၁)
ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာလ်သည် ယခုလစက်တင်ဘာ ၁၅ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း သိရသည်။ (RA)
(စက်တင်ဘာလ ၅ရက် ၂၀၁၁)
ထိုင်းနိုင်ငံ တွင် ယနေ့ (စက်တင်ဘာလ ၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ) ချစ်ကြည်ရေး ဘောလီဘောပွဲများယှဉ်ပြိုင်ကစားရန် မြန်မာနိုင်ငံ ဘောလီဘောအမျိုးသားနှင့် အမျိုးသမီးအသင်းများသည် ယနေ့နံနက်ပိုင်း၌ ထိုင်းနိုင်ငံသို့ရောက်ရှိကြကြောင်း သတင်းရရှိသည်။ (Eleven Media)
(စက်တင်ဘာလ ၄ ရက် ၂၀၁၁)
ထိုင်းနိုင်ငံ ဘန်ကောက်က တရားမ၀င် လောင်းကစားဝိုင်းကို နှိမ်နှင်းမယ်လို့ ကြေညာတာကို ကြောက်လန့်နေတဲ့ လောင်းကစား သမားတွေဟာ လွန်ခဲ့တဲ့ ၂ ရက်က ကမ္ဗောဒီးယားလောင်ကစားရုံတွေက ငွေသွင်းစက်တွေမှာ ငွေတွေ သွင်းနေကြပါ တယ်။ ဆခေါင်နဲ့ ဆူရင်ပြည်နယ်တွေမှာရှိတဲ့ နယ်စပ် စစ်ဆေးရေး ဂိတ်တွေမှာ ထိုင်းလူမျိုးတွေ ဘတ်စ်ကားအပြည့်အ သိပ်နဲ့ ရောက်လာနေကြပါတယ်။ ဆခေါင်မြို့ရဲ့ တဖက်ကမ်းမှာ ကာဆီနိုင်လောင်းကစားရုံ ၁၀ ရုံနဲ့ ဆူရင်မြို့ရဲ့ တဖက် ကမ်းမှာ လောင်းကစားရုံ ၂ ရုံရှိပါတယ်။ ဘန်ကောက်မြို့လည်က တရားမ၀င် လောင်းကစားရုံ ၄၀ ကျော်ကို ကြပ်မတ် တော့မယ်လို့ ကြာသပတေးနေ့က ဒုဝန်ကြီးချုပ် ချလမ်းယုဘမ်ရွန်း က ထုတ်ပြန်ကြေညာလိုက်တာနဲ့ ချက်ချင်းပဲ လောင်း ကစားသမားတွေ အစုလိုက်အပြုံလိုက် ပြေးလာကြတာပါ။ဒါဟာ ရတ်ချာဒါဖီဆက် နယ်မြေက လောင်းကစားရုံကြီးတရုံကို ၀င်ရောက်ဖမ်းဆီးတဲ့ စစ်ဆင်ရေးကို ချူဗစ်ခမ်မိုးလ်ဆစ် က ပါလီမန်ထဲမှာ ပြသပြီးနောက်ပိုင်းမှာ ချလမ်းက ကြေညာချက်ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။ ဘန်ကောက်မှာ လောင်းကစားရုံတွေ နှိမ်နှင်းမယ်လို့ ကြေညာလိုက်တော့ ကမ္ဗောဒီးယားက လောင်းကစားရုံတွေအတွက် အကျိုးရှိတာ ပေါ့လို့ နယ်စပ်သတင်းရပ်ကွက်က ပြောပါ တယ်။ ဆခေါင်နဲ့မျက်နှာချင်းဆိုင်၊ ဖွိုင်ဖက်မှာရှိတဲ့ ကာဆီနိုလောင်းကစားရုံ ၁၀ရုံ ဟာ ထိုင်းတွေနဲ့ ပြည့်နေပါတယ်။ ဒီလူတွေဟာ အရန်ရာပရာထက်ခရိုင်မှာရှိတဲ့ ခလုံလွဲ့ စစ်ဆေးရေးဂိတ်ကိုဖြတ်ပြီး ကမ္ဗောဒီးယားနိုင်ငံထဲကို ၀င်ရောက်ကြတာ ဖြစ်ပါတယ်။ လောင်းကစားရုံတွေဟာ အဓိက ကမ္ဗောဒီးယားလုပ်ငန်းရှင် တွေနဲ့ ထိုင်းလုပ်ငန်းရှင်တွေ၊ နိုင်ငံရေးသမာေးတွ အပါအ၀င် နိုင်ငံခြားသားလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ လုပ်ငန်းတွေ ဖြစ်တယ်လို့ နယ်စပ်မှာထိုင်နေတဲ့ စစ်တပ်သတင်းရပ်ကွက်က ပြောပါတယ်။(နေ့သစ်.)
(စက်တင်ဘာလ ၃ ရက် ၂၀၁၁)
မလေးရှားနိုင်ငံသည် လွန်ခဲ့သော နှစ်လကာတာကာလအတွင်း ပြည်ပမှ သီးခြားစီမှောင်ခိုတင်သွင်းလာသော ဆင်စွယ်အချောင်းပေါင်း (၁၀၀၀)ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း နယူးစထရိတ်တိုင်း(မ်) သတင်းက စက်တင်ဘာလ ၃ ရက်နေ့မှာရေးသားဖော်ပြသည်။ (အင်တာနက်)
(စက်တင်ဘာလ ၂ ရက် ၂၀၁၁)
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင် ခရိုင်ရှိ ကရင်နီ ဒုက္ခသည်စခန်းတခုတွင် သြဂုတ်လဆန်းပိုင်းမှ စတင်ဖြစ်ပွားနေသည့် တုပ်ကွေးလက္ခဏာပြ ရောဂါကြောင့် လူပေါင်း ၄ဝဝ ကျော် ကူးစက်ခံနေရကြောင်း စခန်း ကျန်းမာရေး တာဝန်ရှိသူများ ထံမှသိရသည်။
စခန်းအတွင်းရှိ ဆေးခန်းနှစ်ခုမှ မှတ်တမ်းအရ အသက် ၈ နှစ်မှ ၁၈ နှစ်အရွယ်ကြား ကလေးများတွင် အဖြစ်များပြီး ရပ်ကွက် (၉) ရှိ ဆေးခန်းတွင် ၃ဝဝ ကျော်နှင့် ရပ်ကွက် (၁) ရှိ ဆေးခန်းတွင် သြဂုတ်လအတွင်း ၁၀၀ ကျော်ကုသမှု ခံယူခဲ့သည်။ ကုသမှုခံယူသူ သုံးပုံနှစ်ပုံမှာ ကလေးများ ဖြစ်ကြသည်ဟု ဆေးမှူးများက ပြောသည်။(မဇ္ဈိမ)
(စက်တင်ဘာလ ၁ ရက် ၂၀၁၁)
ထိုင်းနိုင်ငံမှာ အလုပ်သမားတဦးကို အနည်းဆုံး နေ့တွက်ခ အဖြစ် ထိုင်းငွေဘတ် ၃၀၀ (၁၀ ဒေါ်လာ) ကို ထိုင်းဝန်ကြီးချုပ်က အတည်ပြု ဖြစ်ပါက ထိုင်းမှာရှိတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေ အများစု က သူတို့အတွက် အကျိုးခံစားခွင့် မရှိဘူးလို့ ပြောဆိုနေကြပါတယ်။
ဒါပေမဲ့ ထိုင်းအခြေခံဥပဒေ၊ နိုင်ငံတကာ အလုပ်သမား ဥပဒေ ပြဋ္ဌာန်းထားချက်အရ အလုပ်သမား ဆိုင်ရာ ရပိုင်ခွင့်တွေဟာ ထိုင်းနိုင်ငံသားတွေသာမက ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ၊လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့က အလုပ်သမားတွေပါ အကျုံးဝင်ကြောင်း သိရပါတယ်။(ဧရာဝတီ)

No comments:
Post a Comment