ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 20, 2011

လူထုကျန်းမာရေး (အပင်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများမှရသည့် အစားအစာများကို ချင့်ချိန်ပြီး သုံးသင့်)

>
**Public Health**

**အပင်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများမှရသည့် ငှက်သိုက်၊ ကြက်ပေါင်း၊ငါးကြီးဆီကဲ့သို့ အစားအစာများကို ဆေးဝါးအဖြစ် သုံးစွဲမှုနှုန်းမြင့်တက်**

ဆေးဝါးများ၏ ဘေးထွက်ဆိုး ကျိုးများကို သတိပြုမိလာကြရာ အပင်နှင့်တိရစ္ဆာန်ထွက် ပစ္စည်းများမှ ဖော်စပ်သည့် သဘာဝဆေးဝါးများ ကို သုံးစွဲမှုနှုန်း မြင့်တက်လာကြောင်း သတင်းရရှိပါသည်။
အပင်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း များမှဖော်စပ်ထားသည့် ငါးကြီးဆီ၊ ငှက်သိုက်၊ ကြက်ပေါင်းရည်၊ လက်ဖက်ခြောက်၊ ပျားမှရရှိသည့် အားဆေးများအစရှိသည့် ဆေးဝါးများသည် ပြည်တွင်းဈေးကွက်အတွင်း သို့ အိန္ဒိယနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ တ ရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများမှ ၀င်ရောက်လျက်ရှိရာ မြန်မာနိုင်ငံ၌ လည်း အဆိုပါဆေးဝါးများကို တွင်ကျယ်စွာ သုံးလာကြောင်း သိရသည်။
သဘာဝမှရရှိသည့် ဆေးဝါးများကို ၁၉၈၀ ခန့်တွင်ဂျပန်နိုင်ငံမှ ဈေးကွက်စတင်ခဲ့ပြီး အမေရိကန်နိုင်ငံ၌ တစ်နှစ်လျှင် ၈၆ ဘီလီလျံထိ ဈေးကွက်မှာယူမှုရှိကြောင်း၊ ထိုသို့ နိုင်ငံတကာတွင် တွင်ကျယ်စွာ အသုံးပြုလာသော်လည်း အဆိုပါ ဆေးဝါးများ၏ အရည်အသွေးကို စမ်းသပ်စစ်ဆေးနိုင်မှုမှာ ကနေဒါနိုင်ငံ တစ်ခုတည်း သာရှိသေးကြောင်း သိရသည်။
“ အစာလည်းဆေး၊ ဆေး လည်း အစာဆိုသလို အပင်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေက ရရှိတဲ့ဆေးဝါးတွေကို ပြည်တွင်းဈေးကွက်မှာ သုံးစွဲမှုနှုန်းက ငါးနှစ်အတွင်းမှာ သိသိသာသာ မြင့်တက်လာပါတယ်။နိုင် ငံပေါင်းစုံကလည်းဝင်ရောက်တယ်။ အဓိကကတော့ လူတွေက ဆေးဝါး တွေက ရရှိတဲ့ဘေးထွက်ဆိုးကျိုးကို သိလာကြတယ်။ အသက်ရှည်ချင် လာတယ်။ အသက်ရှင်သန်နေချိန် အတွင်းမှာလည်း နုပျိုချင်တယ်။ ဒါ ကြောင့် သဘာဝကရရှိတဲ့ ဆေးဝါးတွေ ကို အသုံးပြုလာကြတာပါ” ဟု ဆေး တက္ကသိုလ် (၁) ရန်ကုန်၊ ဓာတုဇီဝ ဗေဒဌာနမှ ပါမောက္ခဌာနမှူးဦးမျိုး ၀င်းက ရှင်းပြခဲ့ပါသည်။

(Chinese Medicine)

“ သဘာဝကရရှိတဲ့ ဆေးဝါးတွေမှာလည်း ကောင်းကျိုးနဲ့ဆိုးကျိုး ဒွန်တွဲနေတယ်။ သူနဲ့တည့်ပေမယ့် ကိုယ်နဲ့တည့်ချင်မှတည့်မယ်။ ဥပမာ စူလနဖာတို့ ဘီးစပ်ရွက်တို့လိုပဲ။ သတိပြုသင့်တယ်။ သောက်သုံးသူတွေအတွက် သတိပြုသင့်တာ က ဆေးဝါးတွေရဲ့ အညွှန်းကိုသေချာဖတ်ဖို့ပါ။ စစ်ဆေးလို့ မရနိုင်တာကတော့ ဒီဆေးတွေမှာပါဝင်တဲ့ ပစ္စည်းတွေက တကယ်ရောပါဝင်ရဲ့လား၊ ဆိုးကျိုးတွေလည်းရှိနိုင်တယ် ဆိုတဲ့ ကျန်းမာရေးဗဟုသုတကို သိရမယ်။ မြန်မာနိုင်ငံအနေနဲ့ လည်း ဒီဆေးဝါးတွေနဲ့ပတ်သက်ပြီး သုံးစွဲမှုများလာတာနဲ့အတူ စစ်ဆေးပေးမှုတွေ၊ စည်းမျဉ်းတွေ လိုအပ်လာပါပြီ” ဟု ၎င်းက ရှင်းပြခဲ့ပါသည်။ကျန်းမာရေးဆိုင်ရာ ပညာရှင်တစ်ဦးက “ စပျစ်ဝိုင်ဆိုလည်း ခန္ဓာကိုယ်မှာဖြစ်ပေါ်တဲ့ ဓာတ်တိုးတွေကို လျော့ကျစေတယ်ဆိုပေမယ့် လွန်သွားရင် အရက်ရဲ့ဆိုးကျိုးကို ခံစား ကြရမယ်။ အသုံးများနေတဲ့ ဂျင်ဂိုဆို လည်း မတည့်ရင် ခေါင်းမူးတယ်။ သွေးကျဲစေတယ်။ ချင့်ချိန်ပြီး သုံးသင့်တယ်” ဟုရှင်းပြခဲ့ပါသည်။

**Nwe Ni**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)