(Explosion at nuclear site in southern France - RTÉ News)
**ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ နျူဓာတ်အားပေးစက်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့**
(ပါရီ၊ စက်တင်ဘာ ၁၂)
ပြင်သစ်နိုင်ငံတောင်ပိုင်း မြေထဲပင်လယ်ကမ်းရိုးတန်ဒေသရှိမာကူလေနျူကလီးယားဓာတ်အားပေးစက်ရုံ၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုသည် မည်မျှပြင်းထန်ခဲ့သည်ကို သဲသဲကွဲကွဲမသိရသေးပေ။ ပြင်သစ် နျူကလီးယားစွမ်းအင်လုံခြုံရေး အေဂျင်စီက မာကူလေနျူကလီးယား ဓာတ်အားပေးစက်ရုံ၌ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၄၅ မိနစ်က ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း ဖြစ်စဉ်အသေးစိတ်အား ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ နျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုကြောင် တစ်ဦးသေဆုံး၌ တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်များပေါက်ထွက်ခြင်း မရှိခဲ့သလို အနီးအနားမြို့နယ်များတွင် နေထိုင်ကြသော ပြည်သူများ ဘေးလွတ်ရာ ရွှေ့ပြောင်းရေးအတွက်ညွှန်ကြားချက်များလည်း ထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း ဒေသန္တရသတင်းဌာနတစ်ခုက ရေးသားဖော်ပြသည်။ (အင်တာနက်)

(Bridegroom shot at Romanian wedding reception)
**မင်္ဂလာဧည့်ခံပွဲ၌ ဓားပြတိုက်ခံရ**
(တီမိုဆိုအရာ-ရိုမေးနီးယား၊ စက်တင်ဘာ ၁၂)
ရိုမေးနီးယားနိုင်ငံ အနောက်ပိုင်းတီမိုဆိုအရာမြို့၌ အရုဏ်ဦးမင်္ဂလာဧည့်ခံပွဲကို ဓားပြ၀င်တိုက်ရာ သတို့သားမှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။ စက်တင်ဘာ ၁၁ ရက် အရုဏ်ဦးအချိန်၌ မင်္ဂလာဧည့်ခံပွဲကျင်းပနေစဉ် မျက်နှာဖုံးစွပ် ဓားပြများ ချင်းနင်းဝင်ရောက်လာပြီး ငွေများပေးအပ်ရန်တောင်းခံ၍ သတို့သား၏ခေါင်းကို ရိုက်နှက်ခဲ့သည့်အပြင် ခြေထောက်ကိုလည်း သေနတ်ဖြင့် ပစ်ခတ်သည်ဟု ဆိုသည်။ ယင်းသို့ဖြစ်နေစဉ် မမျှော်လင့်ဘဲ စားပွဲထိုးတစ်ဦး အစီအစဉ်ကိုဖျက်၍ အလန့်တကြားထွက်ပြေးသွားကြသည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားသည်။ ထွက်ပြေးသွားသော ဓားပြများကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိသည်။ (အေပီ)
**ဆူနာမီရေလှိုင်းရိုက်ခတ်ခဲ့မှု ခြောက်လပြည့်ဖူကူရှီးမားပြည်နယ်၌ ၀တ်ပြုဆုတောင်းပွဲကျင်းပ**
(တိုကျို၊ စက်တင်ဘာ ၁၂)
ဂျပန်နိုင်ငံ၌ ဆူနာမီရေလှိုင်းရိုက်ခတ်ခဲ့မှု ခြောက်လပြည့် အထိမ်းအမှတ်အခမ်းအနားကို ဖူကူရှီးမားပြည်နယ် ဆိုမာမြို့၌ စက်တင်ဘာ ၁၁ ရက်ကကျင်းပခဲ့ကြောင်း ဂျပန်သတင်းဌာနကများက သတင်းထုတ်ပြန်သည်။ ဆူနာမီရေလှိုင်းရိုက်ခတ်ခဲ့မှု ခြောက်လပြည့်သည့် အထိမ်းအမှတ်အခမ်းအနား၌ ၀တ်ပြုဆုတောင်းပွဲကိုကျင်းပခဲ့ပြီး မီးပုံးပျံများကို လွှတ်တင်ခဲ့ကြသည်။ ဂျပန်နိုင်ငံ ပစိဖိတ်ပင်လယ်ကမ်းရိုးတန်းဒေသ၌ မတ် ၁၁ ရက်က အင်အားပြင်းမြေငလျင်လှုပ်မှုနှင့်အတူ ဆူနာမီရေလှိုင်းရိုက်ခတ်ခဲ့ရာ လူပေါင်း ၂၀၀၀၀ သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်ခဲ့သည်။ ဆူနာမီရေလှိုင်းရိုက်ခတ်မှုကြောင့် ဖူကူရှီးမား နျူကလီးယားစက်ရုံ၌ အဏုမြူဓာတ်ရောင်ခြည်ဘေးအန္တရာယ် ဆိုက်ရောက်ခဲ့ရသည်။ အင်အား ၉ အဆင့်ရှိ မြေငလျင်လှုပ်ခဲ့မှုအထိမ်းအမှတ်အဖြစ် မွန်းလွဲ ၂ နာရီ ၄၆ မိနစ်တွင် သတိပေးဥသြသံ ပေါ်ထွက်ခဲ့ပြီးနောက် ၀တ်ပြုဆုတောင်းပွဲကို ကျင်းပခဲ့သည်။ (အင်တာနက်)
**စုစည်းဘာသာပြန် - ရှိုင်းထက်ဇော်**

No comments:
Post a Comment