**ကမ္ဘာ့အသေးငယ်ဆုံး ကြက်ဥ**
(ပေကျင်း၊ စက်တင်ဘာ ၂၂)
တရုတ်နိုင်ငံ ဟေဘေးပြည်နယ်မြောက်ပိုင်း ဟန်ဒန်မြို့ရှိ မွေးမြူရေးခြံတစ်ခြံမှ ကြက်မကြီးတစ်ကောင်စက်တင်ဘာ ၁၆ ရက်က ဥခဲ့သော ကြက်ဥလေးတစ်လုံးမှာ ကမ္ဘာပေါ်တွင် အသေးငယ်ဆုံး ကြက်ဥတစ်လုံးအဖြစ် ဂင်းနက်စ်မှတ်တမ်း၌ စက်တင်ဘာ ၂၁ ရက်က ဖော်ပြခံရသည်။ ၄င်းကြက်ဥလေးသည် အရှည် ၂ ဒသမ ၁ စင်တီမီတာ ရှိပြီး အရွယ်အစားမှာ ဒင်္ဂါးပြားအရွယ်သာရှိသည်။ ပုံမှန်ရှိပြီး အရွယ်အစားမှာ ဒင်္ဂါးပြားအရွယ်သာရှိသည်။ ပုံမှန်ကြက်ဥတစ်လုံး၏ အရွယ်အစားထက် များစွာသေးငယ်သော အရွယ်အစားဖြစ်သည်။ အဆိုပါကြက်ဥပိုင်ရှင်က ၄င်းကြက်ဥလေးကို ဂင်းနက်စ်မှတ်တမ်းတွင် ဖော်ပြခံနိုင်ရန် ဆက်သွယ်ခဲ့ရာမှ တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ပြီးနောက် ဂင်းနက်စ်မှတ်တမ်းတွင် ကမ္ဘာ့အသေးငယ်ဆုံးကြက်ဥအဖြစ်မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

(Ariane 5 launches two communication satellites)
**ဥရောပ၏ဆက်သွယ်ရေးဂြိုလ်တုနှစ်လုံး ပြင်သစ်လွှတ်တင်**
(ပါရီ၊ စက်တင်ဘာ ၂၂)
ဥရောပ၏ဆက်သွယ်ရေးဂြိုလ်တုနှစ်လုံးကို သယ်ဆောင်သွားသည့် အာရီရာနေ - ၅ ဒုံးပျံကို ပြင်သစ်နိုင်ငံ ဂိုင်ရာနာမြို့ရှိ ကိုလော အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ စက်တင်ဘာ ၂၁ ရက်က အောင်မြင်စွာ လွှတ်တင်လိုက်ကြောင်း ပြင်သစ်အရာရှိများက ပြောကြားသည်။ ၄င်းဒုံးပျံသည် အရာဆက် - ၅ စီနှင့် အက်ဖ်အီးအက်စ် - ၂ ဂြိုတုနှစ်လုံးကို သယ်ဆောင်သွားခြင်းဖြစ်သည်။ ယခုလွှတ်တင်သည့် အာရီရာနေ - ၅ စီနှင့် အက်ဖ်အီးအက်စ် - ၂ ဂြိုလ်တုနှစ်လုံးကို သယ်ဆောင်သွားခြင်းဖြစ်သည်။ ယခုလွှတ်တင်သည့် အာရီရာန - ၅ ဒုံးပျံလွှတ်တင်မှုသည် ၂၀၁၁ ခုနှစ်အတွင်း ငါးကြိမ်မြောက် လွှတ်တင်ခြင်းလည်း ဖြစ်သည်။ လွှတ်တင်လိုက်သည့် ဂြိုလ်တုနှစ်လုံးသည် ကမ္ဘာ္က့ဆက်သွယ်ရေးကွန်ရက်ကို ပိုမိုကောင်းမွန်အောင် ပံ့ပိုပေးမည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသများအထိကွန်ရက်ဖြန့်ကြက်နိုင်မည် ဖြစ်သည်။ ထို့အပြင် ကာရစ်ဘီယံဒေသနှင့် မြောက်အမေရိကန်နိုင်ငံများအတွက်လည်း အထောက်အကူပေးနိုင်မည်ဖြစ်ပြီး ၄င်းဂြိုလ်တုနှစ်လုံးသည် အာကာသအတွင်း ၁၅ နှစ်ကြာ ဆက်သွယ်ရေးလုပ်ငန်းများ ဆောက်ရွက်မည်ဖြစ်သည်။ (အင်တာနက်)
်
**အမေရိကန် မီချီဂန်ပြည်နယ်၌ ကားဗုံးပေါက်ကွဲ၊ သုံးဦးဒဏ်ရာရ**
(လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၂၂)
အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်ကားလမ်းတစ်လမ်းပေါ်တွင် စက်တင်ဘာ ၂၂ ရက်နံနက်က ကားဗုံးပေါက်ကွဲမှုဖြစ်ပွားရာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်အရာရှိများက ပြောကြားသည်။ အဆိုပါကားဗုံးပေါက်ကွဲမှုမှာ မီချီဂန်ပြည်နယ် အက်ထရွိုင်က်မြို့ အနောက်တောက်ဘက် ၂၅ မိုင်ခန့်အကွာ မွန်ရိုးမြို့အဝေးပြေးကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကားဗုံးပေါက်ကွဲမှုကြောင့် ဖခင်နှင့် ၄င်း၏သားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ (အင်တာနက်)
**တရုတ်၌ရေလွှမ်းမှု ဒေါ်လာ ၁၃ ဘီလီယံကျော်ဆုံးရှုံး**
(ချန်ဒူ၊ စက်တင်ဘာ ၂၂)
တရုတ်နိုင်ငံ စီချွမ်ပြည်နယ် အနောက်တောင်ပိုင်းတွင် စက်တင်ဘာ ၂၂ ရက်က မိုးသည်းထန်ပြီး ရေလွှမ်းမှုများဖြစ်ပွားခဲ့ရာ လူ ၂၅ ဥိးသေဆုံးပြီး ၁၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်ကတည်းက မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ကျူကျန်းမြစ်ရေသည် စိုးရိမ်ရေမှတ်ကိုကျော်လွန်ခဲ့ပြီး ရေလွှမ်းမှုများဖြစ်ပေါ်ခဲ့သည်။ အချိုကအရပ်များ၌ ၇ မီတာအထိ ရေလွှမ်းမှုဖြစ်ပေါ်ခဲ့ကြောင်း စီချွမ်ရေအရင်အမြစ်ဌာနက သတင်းထုတ်ပြန်သည်။ မိုးသည်းထန်ပြီး ရေလွှမ်းမှုကြောင့် စီချွမ်ပြည်နယ်တွင် အိမ် ၈၃၀၀၀ကျော် ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၃ ဘီလီယံခန့်အထိ ရှိခဲ့သည်ဟု ၄င်းဌာနက ထုတ်ပြန်သော သတင်း၌ ဖော်ပြသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment