**၂၁ ပေအရှည်ရှိ ရေငန်မိကျောင်းကြီး ဖိလစ်ပိုင်နိုင်ငံ၌ အရှင်ဖမ်းဆီးရမိ**
(မနီလာ၊ စက်တင်ဘာ ၈)
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ၂၁ ပေအရှည်ရှိရေငန်ကြီး တစ်ကောင်ကို စက်တင်ဘာ ၆ ရက်က အရှင် ဖမ်းဆီးရမိကြောင်း ဒေသဆိုင်ရာ သတင်းများတွင် ဖော်ပြသည်။ အလွန်ကြီးမားလှသော ယင်းမိကျောင်းသည် ဖိလစ်ပိုင်နိုင်ငံ အဂူဆန်ဒယ်ဆူပြည်နယ် ဘူနာဝန်မြို့၌ ကျွဲတစ်ကောင်ကို ဖမ်းယူစားသောက်ခဲ့ပြီး လူတစ်ဦးကိုလည်း တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ ပေါင် ၂၃၇၀ အလေးချိန်ရှိ မိကျောင်းကြီးကို ဒေသခံ ရွာသူရွာသားများနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းဌာနမှ တာဝန်ရှိသူများက ခက်ခက်ခဲခဲ ဖမ်းဆီးခဲ့ရသည်။ ယင်းမိကျောင်းကြီးသည် အချုပ်အနှောင်မှ နှစ်ကြိမ်တိုင်တိုင် ရုန်းထွက်ခဲ့ကြောင်း၊ ထောင်ချောက်ဆင်ဖမ်းသူများကို ရန်မှုတိုက်ခိုက်ခဲ့အကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ (အင်တာနက်)
(OPCW inspectors in Iran over unexploded chemical bomb)
**အီရန်နိုင်ငံ၌ ဓာတုဗေဒဗုံးတစ်လုံး ရှာဖွေတွေ့ ၊နိုင်ငံတကာကျွမ်းကျင်သူများ စစ်ဆေးလျက်ရှိ**
(တီဟီရန်၊ စက်တင်ဘာ ၈)
ဆာဒဏ်မြို့၌ မြေအောက်နှစ်မီတာခန့်အနက်မှ ရှာဖွေတွေ့ရှိခဲ့ရသော အဆိုပါဓာတုဗေဒဗုံးမှာ အလေးချိန် ကီလိုဂရမ် ၁၀၀ ရှိပြီးလူအရေပြားကို စားစေနိုင်သော ဓာတ်ငွေ့ရည်ပါဝင်ကြောင်း၊ ဇူလိုင်လအတွင်း ယင်းဗုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဓာတုလက်နက်ကွန်ဗင်းရှင်းအာဏာပိုင်အဖွဲ့(OPCW) ၏ အတွင်းရေးမှူးဟာဒီဖာဂျန်ဗန်က ပြောကြားသည်။ အဆိုပါဗုံးမှာ ၁၉၈၈ ခုနှစ်အထိဖြစ်ပွားခဲ့သော အီရန်-အီရတ်စစ်ပွဲအတွင်း မပေါက်ကွဲဘဲကျန်ရှိနေသော ဗုံးတစ်လုံးဖြစ်အကြောင်း၊ ယင်းဗုံးအား စနက်တံဖြုတ်နိုင်မည့်နည်းလမ်းကို လေ့လာနိုင်ရန်နိုင်ငံတကာ ကျွမ်းကျင်သူပညာရှင်များကို အစိုးရက ဖိတ်ခေါ်ခဲ့ကြောင်း ၄င်းက ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန်- ဟန်သစ်

No comments:
Post a Comment