ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, September 11, 2011

ဆန်သူခိုး

>

နှိုးစက်သံကြောင့် သူအိပ်ရာမှနိုးလာသည်။ ဒီမနက် စက်ကိုစောစော သွားရမှာမို့ ဆက်ပြီးနှပ်မနေတော့ဘဲ ထလိုက်ရသည်။ ရေချိုးခန်းဝင်ရင်း တစ်နေ့တာ လုပ်ရမည့် အလုပ်တွေကို အစီအစဉ်ဆွဲနေမိသည်။ မျက်နှာကို ကပျာကယာသစ်၊ အ၀တ်လဲပြီး မနက်စာစားဖို့ ဆင်းလာတော့ ထမင်းစားခန်းထဲမှာ လူမစုံသေး။ သူ့အကြိုက်မုန့်ဟင်းခါးပူပူ၊ အကြောက်စုံနှင့်ကို တပန်းကန်စားပြီး ကော်ဖီသောက်နေတုန်း သမီးဝင်လာသည်။
“မေကြီး၊ သမီးဖို့ ဒီနေ့ဘာလဲ”
“သမီးကြိုက်တဲ့ ထမင်းကြောက် ၀က်အူချောင်းနဲ့ ကြော်ထားတယ်လေ”
“အာ- ထမင်းကြော်မစားချင်ပါဘူး”
“အဲဒါဆို ပေါင်မုန့်ထောပတ်သုတ်စားမလား၊ မေမေ ကင်ပေးရမလား။ မဟုတ်ရင်လည်း မေမေ မနေ့က၀ယ်လာတဲ့ ဟမ်ဘာဂါ တစ်ခုကျန်သေးတယ်။ စားမလား သမီး”
အင်း- စဉ်းစားလိုက်ဦးမယ်။ မစားတော့ပါဘူးမေကြီးရာ။ ပပတို့နဲ့ အပြင်မှာပဲ ဒင်းဆန်းသွားစားတော့မယ်။ အဟဲ ဖေကြီးနဲ့တွေ့ရအောင် ၀င်လာတာသိလား”
“ဖေကြီး”
“အင်း ပြောပါဦး။ ပိုက်ဆံလိုတာမှ ဟုတ်ရဲ့လား”
“အဲလို အလိုက်သိလို့လည်း ဒီဖေကြီးကို ချစ်နေရတာပေါ့။ သိပ်မများပါဘူး ဖေရာ နှစ်သောင်းတည်းပါ။ သမီး သူငယ်ချင်းလေ။ သူ့မွေးနေ့ပေါ့။ အဲဒါလေ ဖိနပ်ဝယ်ချင်လို့”
“သမီးရယ် ရှိတဲ့ ဖိနပ်စီးသွားပါလား။ သမီးမှာ ဖိနပ်တွေအများကြီး ရှိသားနဲ့”
“ဟာ အသစ်ပဲစီးချင်တာပေါ့။ သမီး ဘယ်တုံးက နှစ်ခါစီးလို့လဲ။ ဖေကြီးကလည်း ဒီသမီးလေ တစ်ယောက်ပဲတည်း ရှိတာဟာကို”
“ကဲ- သဘော။ သမီးသဘောပဲထားပါတော့”
“ကိုကို ခင်မကို ၃၊ ၄ ခုလောက်ထားခဲ့ဦး။ ဒီနေ့ခင်း ၀ိုင်းရှိတယ်”
“လာပြန်ပြီ နောက်တစ်မျိုး။ မင်းတို့သားမိနဲ့တော့ ငါခက်တယ်။ ပိုက်ဆံဘယ်လိုရှာရတယ် ဆိုတာလည်း ထည့်တွက်ဦးမှပေါ့ကွ”
“အမလေးနော်။ ရှင့်မှာ ဆန်စက်ချည်းပဲ ၂ လုံးရှိတယ်လေ။ စက်ပစ္စည်းဆိုင်ကလည်း တစ်ဆိုင်ရှိတယ်လေ။ တောမှာ စပါးပေ၊ ပဲပေးတွေကလည်း ရှင်နဲ့ ကင်းတဲ့သူ ရှိသေးလို့လား။ ကျွန်မတို့ သားအမိ မသုံးလို့ ဘယ်သူသုံးဖို့ထားတာလဲ”
“ကဲ -- တော်ပြီကွာ။ နားငြီးတယ်။ ကြိုက်သလောက်သုံး ဟုတ်ပြီလား”
သူပိုက်ဆံထုတ်ပေးပြီးတော့ စက်ဘက်ကို ထွက်လာခဲ့သည်။ ကြာကြာဆက်နေရင် နောက်တစ်မျိုးလာချင်လာ နိုင်သေးသည်။ သူ့မိန်မပြောတာလည်း ဟုတ်တော့ဟုတ်သား။ သူတို့မှာ မိသားစုကသုံးယောက်တည်း။ သူ့ဆန်စက်တွေ ရတာနဲ့တင်သုံးမကုန်နိုင်။ တခြားလုပ်ငန်းကရလာတဲ့ ငွေနဲ့ဆို သုံးမကုန် ဖြုန်းမကုန်ဆိုတာ ဒါကိုပြောတာဖြစ်မည်။

စက်ထဲကိုရောက်တော့ အလုပ်သမားတွေ သူ့အလုပ်သူလုပ်နေကြပြီ။ ဒီနေ့ အ၀င်အထွက်စာရင်းတွေ သူကြည့်နေတုန်း သူ့တပည့် လှမောင်ရောက်လာသည်။
“ဆရာ၊ ဒီနေ့ ဧရာဝတီ ၂၀၀ လောက်ပို့ရမယ်ဆရာ”
“အိတ်သွတ်ပြီးပြီလား”
“မပြီးသေးဘူးဆရာ”
“ဒါဆိုရင် ငါပြောမယ်။ ဆန်အိတ်သွတ်တဲ့အခါ တစ်ဝက်လောက်မှာ ဆန်ကွဲ ၄လုံးထည့်လိုက်။ ပြီးရင် ကျန်တဲ့တစ်ဝက်ကိုထည့်။ တစ်အိတ်ကို ၄ လုံးစီ နုတ်ထားလိုက်။ သဘောပေါက်လား”
“ဟုတ်ကဲ့ ပေါက်တယ် ဆရာ”

လှမောင်တို့ ကံကောင်းချင်တော့ ဘယ်သူမှ လိုက်မီမည်မထင်။ ခုမနက် အိမ်ကစထွက်တော့ သူ့မိန်းမက ထူးထူးဆန်းဆန်း ပဲပြုတ်နဲ့ ထမင်းကြော် ကျွေးလိုက်သေးသည်။ ခါတိုင်းနေ့ဆို ထမင်းကြမ်းခဲနဲ့ အကြော်တစ်ခုကို ရေနွေးကြမ်းတစ်အိုးသောက်ပြီး မနက်စာပြီးရတာများသည်။ ခုမနက်မှ ခုမနက်မှ။
လှမောင်က ဒီသူဌေးရဲ့စက်မှာ လုပ်လာတာကြာပြီ။ ဒါကြောင့်သူဌေးက လှမောင်ဆို လက်စွဲ။ သူကလည်း သစ္စာရှိပါသည်။ ကိုယ့်ထမင်းရှင် ဒုက္ခရောက်မှာမျိုး သူဘယ်တော့မှမလုပ်။ ငွေကြေးနဲ့ ပတ်သက်လာရင်လည်း တပြားတချပ်မှ မကွာစေရ။ အဲလိုမျိုးဆိုတော့လည်း တပည့်ရင်းဖြစ်နေတာ သိပ်တော့မဆန်း။
ခုတော့ဟန်ကျပြီ။ သူဌေးက ဆန်ကွဲလေးလုံးရောဖို့ပြောထားသည်။ သူကလေးလုံးထပ်ရောမည်။ အပိုလေးလုံးသူယူမည်။ တစ်တင်းခွဲတစ်အိတ်မှာ ၂၄ပြည်။ ပြည်ပိုတစ်ပြည်နဲ့ဆို ၂၅ပြည်။ နို့ဆီဘူးနဲ့တွက်ရင် အလုံး၂၀၀။ အလုံး၂၀၀မှာ ၈လုံးရောပါသွားတော့ ဘယ်သူသိမှာလဲ။ သူ့ဆရာလည်း ထိခိုက်မှာ မဟုတ်တာ။ ဒီနေ့တော့ ပွပေါက်တိုးပြီ။ ညနေအိမ်ပြန်ရောက်လို့များ ပိုက်ဆံအထပ်လိုက် သူ့မိန်းမကို ပြနိုင်လို့ကတော့ ခါတိုင်း ကိုလှမောင်ကနေ “ကိုကိုလှမောင် ကိုကိုလှမောင်” ဖြစ်လာမှာ ကြားယောင်မိသေးတော့။

နံနက်ခင်းရောင်ခြည်သည် ကမ္ဘာလောကတစ်ခုလုံးပေါ်ကို မျှတစွာပဲထွန်းလင်းပေးနေသည်။
“သတ္တ၀ါ အားလုံး ကျန်းမာပါစေ၊ ချမ်းသာကြပါစေ”
“အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော”
“ဒူ ဝေ ဝေ ဝေ”
မနက်စောစောထ ဘုရားရှိခိုး၊ ငါးပါးသီလယူ၊ ပရိတ်ရွက် အမျှဝေပြီးသွားပြီ။ သူဘာမှ လုပ်စရာမရှိတော့။ အိမ်ရှေ့မှာပဲ လက်ဖက်ခြောက် ပြက်သိကာခတ်ထားသည့် ရေနွေးကြမ်းထိုင်သောက်ရင်း လမ်းသွားလမ်းလာတွေကို ငေးကြည့် နေမိသည်။ သူ့အသက် ၇၀ ရှိသွားပြီ။ အလုပ်လည်းကောင်းကောင်း မလုပ်နိုင်တော့။ သူတို့လင်မယားနှစ်ယောက်လုံး သမီးနဲ့သမက်ကိုပဲ အားကိုးနေရတာမို့ မနက်သရေစာ မစားဖြစ်တာ နှစ်နဲ့ချီနေပြီ။ ဆိုက်ကားနင်းသည့် သမက်နဲ့ ကုန်စိမ်းရောင်းသည့် သမီးရှာသော ပိုက်ဆံဟာ ဒီမိသားစုအတွက် ဘယ်လိုမှမလောက်ငတာ အသေအချာပင်။
အဘိုးကြီး အဘွားကြီး လင်မယား၊ သမီးနဲ့သမက်၊ ၃ နှစ်အရွယ် မြေးမလေး စုစုပေါင်း ၅ယောက်၏ ၀မ်းကိုပြည့်နိုင်ဖို့ ဆိုတာသိပ်မလွယ်ပါ။ ဒီနေ့ဆို ပိုဆိုးတာက သမီးမနေ့က ကုန်စိမ်းသွားယူရင်းနဲ့ ခွေးကိုက်ခံရတာမို့ ဒီမနက်ကတော့ အဖျားတက်နေပြီ။ သူ့သမက်တစ်ယောက်တည်း မနက်ကတည်းက ဆိုက်ကားထွက်နင်းသည်။ ဆန်ဖိုးရရင် မနက်စာချက်ဖို့ပြန်လာပေးမည်ဟု ပြောသံတော့ကြားလိုက်သား။ ခုထိပြန်မလာပုံထောက်တော့ မဟုတ်မှလွဲရော ဈေးဦးပေါက်သေးပုံမရ၊၊
အကြမ်းအိုးတစ်လုံး ကုန်သွားပြီ။ ကုန်လုလုဆေးပေါ့လိပ်ကို ချွေပြီးဖွာလိုက်ရင်း မြေးမလေးကို ငေးကြည့်နေမိသည်။ သူ့မြေးမလေးက သုံးနှစ်ဆိုတော့ စကားတီတီတာတာပြောတတ်နေပြီ။ သူ့အတွက်အနှစ်။
ခုလောလောဆယ်တော့ သူ့အနှစ်ကလေးဆော့နေသေးသည်။ တစ်အောင့်ကြာရင် ဗိုက်ဆာလာတော့မည်။ လူကြီးတွေကအကြောင်းမဟုတ်။ ဘာမှမသိနားမလည်သေးသည့် ကလေးမို့ သနားဖို့တော်တော်ကောင်းသည်။ သြော်..... ငါ့မြေးလေးကံဆိုးလှချည်လားကွယ်။
တဖြည်းဖြည်း နေမြင့်လာပြီ။ သူ့သမက်ဆိုက်ကားသံကိုပဲ သူမျှော်နေမိသည်။
“ဘိုးဘိုး၊ မီးမီးလေး ဗိုက်ချာပြီ”
သူမကြားချင်ဆုံးအသံပါလား။ အမယ်ကြီးက သူ့မြေးကိုသနားလို့ထင့်၊အင်္ကျီလက်နားလေးပင့်ပြီး စို့လာတဲ့ မျက်ရည်ကိုသုတ်နေသည်။ သူဘာလုပ်ရပါ့။
“ဘိုးဘိုးလို့ မကြားဘူးလား။ မီးမီးလေး ဗိုက်ချာတယ်။ မံမံ ချားမယ်”
ဘုရား ဘုရား။ သူ့ရင်ဘတ်ကို တည့်တည့်လာမှန်သော စကားလုံးပါလား။ မံမံချားမယ်တဲ့။
သူ့မြေးလေးက အများတကာကလေးတွေလို မုန့်ကိုမတောင်းတတ်တော့ပါလား။ ထမင်းကိုပဲ ပူဆာတတ်တော့ပါလား။ သူ့တို့အိမ်စီးပွားရေးက မြေးမကလေးကို မုန့်ဝယ်ကျွေးဖို့တောင် မတတ်နိုင်စွမ်းပြီပဲ။
“အမေကြီးရေ ငါဈေးဘက် ခဏလျှောက်လိုက်ဦးမယ်ကွာ” ပြောပြီး သူအိမ်ပေါ်ကဆင်းလာခဲ့သည်။
“ဘိုးဘိုးကြီး မံမံယူခဲ့ပါနော်”
အေးပါကွယ်။ ဘိုးဘိုးကြီး ယူခဲ့ပါ့မယ် ကလေးရယ်။ ဈေးဘက်မှာ ဘိုးဘိုးကြီးရဲ့ အသိအကျွမ်းလေးဘာလေးတွေ့ရင် သမီးလေးဖို့ မုန့်ဖိုးလေးရကောင်းပါရဲ့။
လမ်းပေါ်ရောက်တော့ နေပူနေပြီ။ အဲတော့မှသူ့မှာ အဆောင်းမပါလာတာသိတော့သည်။ မထူးပြီမို့ ဆက်လျှောက်လာတော့သည်။ လမ်းမှာ ဘယ်သူမှလဲမတွေ့။ ဈေးရှေ့ရောက်တော့ ဘာရယ်မဟုတ် ဈေးဝိုင်းထဲဝင်လာခဲ့သည်။ ၁၁နာရီဆိုတော့ ဈေးထဲမှာလူပြတ်သလောက်ရှိနေပြီ။ တချို့ဆိုင်တွေဆို ရောင်းသူတောင်မရှိ။ ဒီအတိုင်းထားခဲ့ပြီး မုန့်လေးဘာလေးထွက်စားကြသည်။
သူလျှောက်ရင်းနဲ့ ဆန်ဆိုင်တစ်ဆိုင်သွားတွေ့သည်။ တောင်းတွေ တောင်းတွေထဲမှာ ဆန်တွေမောက်နေအောင်ထည့်ပြီး ခင်းကျင်းထားပုံက ၀ယ်ချင်စရာ။ နောက်ဘက်မှာလည်းဆန်အိတ်တွေ အထပ်ထပ်ဆင့်ကာပုံထားသေးသည်။ ဒီမှာတော့ ဆန်တွေကတောင်ပုံရာပုံ၊ သူတို့အိမ်မှာတော့ ခုထိမနက်စာချက်ဖို့ ဆန်တစ်စေ့တောင်မရှိပါလား။ ဆိုင်ရှင်လည်းမတွေ့။ ဆန်ဆိုင်ရှေ့ကနေ နောက်တစ်ခေါက် ထပ်လျှောက်လိုက်သည်။ ဆိုင်ရှင်ပြန်ရောက်မလာသေး။
“ဘိုးဘိုးကြီး မံမံယူခဲ့နော်”
မြေးမလေး၏ အသံလေးကို ဖျတ်ခနဲ့ကြားယောင်ပြီးချိန်မှာတော့ သူ့လက်တွေ ဆန်တောင်းထဲရောက်ပြီးသွားပြီ။ အသင့်တွေ့သည့် နို့ဆီဘူးနဲ့ သူ့ခါးပိုက်ထောင်ထဲ ကပျာကသီ ခပ်ထည့်လိုက်သည်။ ဘယ်သူမှ မတွေ့။ ဆန်ခပ်နေတုန်း မနက်ကရှိခိုးခဲ့သော ဘုရားကိုသတိရမိသည်။
“အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဓိယာမိ” ခုမနက်စာတော့ရပြီ။ သူ့မြေးမလေးမျက်နှာ။
“သူခိုးဗျို့ သူခိုး”
သူလှည့်အထွက်မှာ ဆန်အိတ်ပုံးကြားထဲက ဆိုင်ရှင် အသံပေါ်လာသည်။ သူ့ခြေလမ်းတွေကို သွက်သွက်လှမ်းလိုက်သည်။ ခြေသံတွေ တဖြည်းဖြည်းနီးလာပြီ။ လှည့်ကြည့်လိုက်တော့ ဘယ်ကနေစုမိလာသည့် လူအုပ်ကြီးလဲမသိ။
“ချကွာ ကဲကွာ”
“ဖုန်း ဖုန်း”
“ဟေ့ ဟေ့ မလုပ်ကြနဲ့။ ရဲစခန်းခေါ်သွား”
“သေခါနီးတောင် တရားမရှိတဲ့ကောင်”
ရှုပ်ယှက်ခတ်နေသည့် အသံတွေကြားမှာ သူ့မျက်နှာတစ်ခုလုံး ဖူးရောင်ကိုင်းနေပြီ။ သူ့ခေါင်းဆီမှ သွေးတွေကျလာသည်။
အရှင်ဘုရား၊ တပည့်တော် သူခိုးမဟုတ်ပါဘုရား။ တပည့်တော် ငရဲကိုလည်းယုံကြည်ပါသည် ဘုရား၊ တပည့်တော်ရဲ့ မြေးမလေး အသံကိုကြားယောင်မိချိန်မှာ ခုလိုမျိုးဖြစ်နေပါပြီ သွားပါပြီ ဘုရား။
သူ့စိတ်ထဲက ဘုရားကိုပဲ အာရုံပြုနေမိသည်။ ခြေထောက်က ဖိနပ်ကလည်းဘယ်ရောက်သွားမှန်း မသိတော့။ နွေနေပူသည် သူ့တစ်ကိုယ်လုံးကို လောင်မြိုက်နေပြီ။ အမြင်အာရုံတွေ မှုန်ဝါးလာပြီ ခြေလှမ်းမဟတ်တော့။ အုန်းခနဲ့တချက်ကြားအပြီးမှာ အားလုံးအမှောင်တိကျသွားသည်။ သူ့ခါးပုံစလေးကိုတော့ တင်ကျပ်စွာ ဆုပ်ထားဆဲ။
“ဘိုးဘိုးကြီး မံမံယူခဲ့ပါနော်”
.....................................

“လှမောင်၊ မင်းဆန်အိတ်တွေသွားပို့တာ ကြာလှချည်လား”
“ဟာ ကြာဆို ဆရာရယ်၊ ဆွမ်းကြီးလောင်းပွဲနဲ့ တိုးနေလို့ ၀င်လောင်းခဲ့ရသေးတယ်”
“ဟေ့ကောင်၊ ဒီအချိန်ကြီး ဘယ်ကဆွမ်းဆံကြွမှာလဲ။ မင်းငါ့ကို လာမပတ်နဲ့၊ ဟိုဆိုင်ဝင်နေတာမဟုတ်လား”
“မဟုတ်ပါဘူး ဆရာရယ်။ ဆရာက တယ်ပိန်းတာကိုး။ သူခိုးဆရာရယ် သူခိုး။ အတင့်ရဲလိုက်တာ ဆရာရေ။ ဈေးထောင့်က ဆန်ဆိုင်မှာ နေ့ခင်းကြောင်တောင်ကြီး ၀င်ခိုးတာ။ တစ်ဈေးလုံး ၀ိုင်းလိုက်တာ၊ ကျွန်တော်လည်း တစ်ချက် နှစ်ချက် ၀င်အုပ်ခဲ့သေးတယ်”
“ဘယ်လောက်တောင်ပါသွားသတဲ့လဲ”
“၄ လုံးတဲ့ ဆရာ”

**hellobaby00**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)