(Afghanistan's Former President Rabbani Assassinated)**အာဖဂန်သမ္မတဟောင်းလုပ်ကြံသတ်ဖြတ်ခံရ**
(ကဘူး၊ စက်တင်ဘာ ၂၁)
အာဖဂန်နစ္စတန်သမ္မတဟောင်း ဘာဟာနူဒင်ရာဘာနီသည် မြို့တော်ကဘူးရှိ ၄င်းနေအိမ်၌ ဟက်ကာနီအကြမ်းဖက် ကွန်ရက်အဖွဲ့ဝင်အဖြစ် ယူဆရသူတစ်ဦးလုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ပရက်စ်တီဗွီသတင်းဌာနက စက်တင်ဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။ အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးကောင်စီဥက္ကဌဖြစ်သူ ရာဘာနီကို စက်တင်ဘာ ၂၀ ရက်တွင် တာလီဘန်အဖွဲ့ ငြိမ်းချမ်းရေးကိုယ်စာလှယ်အဖြစ် ဟန်ဆောင်ထားသော စစ်သွေးကြွတစ်ဦးက အသေခံဗုံးခွဲကာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း အဆိုပါ သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။(အင်တာနက်)

**တောင်ကိုရီးယားနှင့် တရုတ်ကုန်တင်လေယာဉ် စတင်ပျံသန်းပြီ**
(ဆိုးလ်၊ စက်တင်ဘာ ၂၁)
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်အနောက်တောင်ပိုင်း ချန်ဒူမြို့သို့ တောင်ကိုရီးယားနှင့် အင်ချွမ်နိုင်ငံတကာလေဆိပ်မှ ကုန်တင်လေယာဉ်ကြီးတစ်စင်း စက်တင်ဘာ ၂၁ ရက် နံနက်က စတင်ပျံသန်းထွက်ခွာသွားကြောင်း တောင်ကိုရီးယားအရာရှိများက စက်တင်ဘာ ၂၁ ရက်၌ ပြောကြားသည်။ တောင်ကိုရီးယားအဲလိုင်းက ကုန်တင်လေယာဉ်ကို သီတင်းအပတ်စဉ်တိုင်း ဗုဒဟူးနေ့နှင့် သောကြာနေ့များတွင် တရုတ်နိုင်ငံသို့ ပျံသန်းပြေးဆွဲတော့မည်ဖြစ်သည်။ တောင်ကိုရီးယားအဲလိုင်းသည် တရုတ်နိုင်ငံမြို့ကြီးများသာမက အခြားပြည်ပနိုင်ငံများမှ မြို့များသို့လည်း ကုန်တင်လေယာဉ်များ ပျံသန်းမည်ဖြစ်သည်။ ထိုသို့ပျံသန်းခြင်းဖြင့် ကုန်သွယ်လေကြောင်းပျံသန်းမှုဆိုင်ရာ နည်းပညာနှင့်သတင်းအချက်အလက်များကို ရရှိမှုနှင့်ဖြန့်ဝေမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ယခုအခါ အင်ချွမ် - ချန်ဒူကုန်သွယ်လေကြောင်းလိုင်းကို စတင်ပျံသန်းနိုင်ပြီဖြစ်ရာ တောင်ကိုရီးယားဈေးကွက်မှ တရုတ်ဈေးကွက်သို့ ကုန်ပစ္စည်းများ တိုက်ရိုက်ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။ (အင်တာနက်)
**ဘာလီကျွန်းကမ်းလွန်၌ ကူးတို့ယာဉ်နစ်မြုပ် ၁၁ ဦး သေဆုံး၊ ၁၄ ဦးပျောက်ဆုံး**
(လမ်ဘန်ဂန်၊ စက်တင်ဘာ ၂၁)
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကမ်းလွန်တွင် စက်တင်ဘာ ၂၁ ရက်နံနက်က ကူးတို့ယာဉ်တစ်စင်း နစ်မြုပ်ခဲ့ရာ ၁၁ ဦးသေဆုံးပြီး ၁၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားသည်။ ၄င်းကူးတို့ယာဉ် နစ်မြုပ်သည့်နေရာမှာ လမ်ဘန်ဂန်မြို့ ဂျန်ဂတ်ဘာတူဆိပ်ကမ်းမှ တစ်မိုင်ခန့်အကွာ ရေပြင်၌ဖြစ်သည်။ လေပြင်းတိုက်ခတ်၍ ဖြစ်ပေါ်သော ကြီးမားသည့်ရေလှိုင်းကြီးများ ရိုက်ခတ်ခံရမှုကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းတို့က ပြောကြားသည်။ ကယ်ဆယ်ရေးအဖွဲ့များက ရဟတ်ယာဉ်များနှင့် ရေယာဉ်များအသုံးပြုကာ ပျောက်ဆုံးနေသူများကိုရှာဖွေလျက်ရှိသည်။ ခရီးသည် ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး ပျောက်ဆုံးနေသူ ၁၄ ဦးကို ရှာဖွေနေကြောင်း သိရသည်။ (အင်တာနက်)
**အင်အားပြင်းထန်သော တိုင်ဖုန်းမုန် တိုင်း..တိုကျိုမြို့သို့ ၀င်ရောက၊်ငလျင်နှင့် ဆူနာမီဘေးသင့်ခဲ့သည့်ဒေသသို့ ဦးတည်ရွေ့လျား**
(တိုကျို၊ စက်တင်ဘာ ၂၁)
ရိုကေအမည်ရှိ အင်အားပြင်းထန်သော တိုင်ဖုန်းမုန်တိုင်းတစ်ခုသည် ဂျပန်နိုင်ငံ တိုကျိုမြို့တော်ကို ယနေ့မွှေနှောက်တိုက်ခတ်ခဲ့ရာ မီးရထားခရီးစဉ်များ ရပ်ဆိုင်းခဲ့ရပြီး ခရီးသွားထောင်ပေါင်းများစွာတို့ရှေ့မဆက်နိုင်ဘဲ သောင်တင်ခဲ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ဂျပန်နိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၌ နေထိုင်ကြသော ပြည်သူတစ်သန်းကျော်ကို မုန်တိုင်းဒဏ်မှ လွတ်မြောက်ရေးအတွက် ဘေးကင်းရာနေရာများတွင် ရွှေ့ပြောင်း ခိုလှုံနေကြရန် အာဏာပိုင်များက တိုက်တွန်းထားသည်။ (အင်တာနက်)
**စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်**
(Afghanistan's Former President Rabbani Assassinated)
**အာဖဂန်သမ္မတဟောင်းလုပ်ကြံသတ်ဖြတ်ခံရ**

No comments:
Post a Comment