ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, September 24, 2011

ဖခင်တစ်ဦး၏မေတ္တာ

>
မိဘတို့၏မေတ္တာကား အလွန်ကြီးမားလှသည်။ မည်သည့်အရာနှင့်မျှ နိုင်းယှဉ်၍ မရနိုင်ပါ။ စာဖွဲ့၍လည်း ကုန်နိုင်မည်မထင်ပါ။ မိခင်၏မေတ္တာ ကြီးမားပုံကို အဖြစ်အပျက်ပေါင်းစုံ. သာဓကမျိုးစုံနှင့် ဖော်ပြခဲ့ကြသည်မှာ ရင်နင့်စရာ. ကရုဏာသက်စရာ. မှတ်ယူစရာများလှပါသည်။ မိခင်၏ကျေးဇူးမှာ မည်သို့မျှဆက်၍ မကုန်နိုင်ပါ။ ယခုကျွန်ုပ် ဖော်ပြလိုသည်မှာ ဟင်္သာတမြို့နယ်. ပဲကြီးကျွန်းကျေးရွာတွင် ဖြစ်သွားသော ဖခင်တစ်ယောက်၏ အဖြစ်အပျက် ဖြစ်ပါသည်။
မောင်စိုးမြိုင်နှင့်မသက်မာတို့ဇနီးမောင်နှံတွင် သားလေးတစ်ယောက်ဖွားမြင်သည်။ သားလေးတစ်နှစ်သားအရွယ်တွင် မသက်မာသည် နေ့စဉ်ဈေးရောင်းထွက်နေကြအတိုင်း
ဈေးတောင်းခေါင်းပေါ်တင်၍ ရွာထဲသို့ဈေးရောင်းထွက်သည်။ ထိုသို့ ဈေးရောင်းထွက်သည့်နေ့များတွင် မောင်စိုးမြိုင်မှာ အိမ်တွင်ကလေးထိန်းရင်း ထမင်းဟင်းချက်ပြုတ်ရသည်။ ထိုနေ့ကလည်း မောင်စိုးမြိုင်သည် ညနေစာအတွက် ထမင်းဟင်းကိုချက်၏။ ကလေးကိုလည်း အိမ်ထဲတွင်သိပ်ထား၏။ ကလေးမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။
ထမင်းဟင်းကျက်သောအခါ ကလေးလည်း အိပ်မောကျနေသဖြင့် မိဘများနေအိမ်သို့ မိမိချက်ထားသောဟင်းကို ပို့ရန်ထွက်လာခဲ့သည်။ မိဘများနေသောအိမ်နှင့်လည်း အတန်ငယ်ဝေးပါသည်။ မိဘများအိမ်ရောက်၍ ခေတ္တစကားစမြည် ပြောနေသောအချိန်တွင် "မီးဗျို့ မီး မီး"ဟူသောအသံများထွက်ပေါ်လာသည်။
မောင်စိုးမြိုင်သည်လည်း အထိတ်တလန့်နှင့် မိဘများအိမ်မှ ပြေးထွက်လာသည်။ ပြေးလာရင်း
လှမ်းကြည့်သောအခါ မိမိတို့အိမ်ဘက်မှမီးခိုးလုံးများ
လိပ်တက်လာပြီး လူများလည်း ထိုမီးလောင်ရာဘက်သို့ပြေးသွားကြသည်ကိုမြင်ရသည်။
မောင်စိုးမြိုင်သည် စိုးရိပ်ထိတ်လန့်စွာဖြင့် ရှိသမျှအားကုန်ထုတ်ကာ ပြေးသွားသည်။ အနီးသို့ ရောက်သောအခါ မိမိအိမ်မီးလာင်နေသည်ကို တွေ့ရသည်။ ရွာသားများကလည်း တခြားအိမ်များသို့ မကူးစက်စေရန် ၀ိုင်းဝန်း၍ မီးကိုသတ်နေကြသည်။ မောင်စိုးမြိုင်က "သားလေး၊ သားလေး ကျွန်တော့်သားလေး"ဟု နူတ်ကအော်ဟစ်ရင်း မီးလောင်နေသော အိမ်ပေါ်သို့အတင်းတိုးတက်သွားတော့သည်။ အနီးအနားမှလူများက အော်ဟစ်တားသော်လည်းမရတော့ပါ။ မကြာခင် မီးများတောက်လောင်နေသော မောင်စိုးမြိုင် ပြန်ပြေးဆင်းလာသည်။ မီးများလောင်နေသော မောင်စိုးမြိုင်အား
ရေဖြင့်ဝိုင်းလောင်းကြသည်။ မောင်စိုးမြိုင်ကတော့ပစ်လဲသွားသည်။
နှုတ်ကလည်း"ကျွန်တော့်သားလေးမတွေ့ဘူး။ ကျွန်တော့်သားလေးမတွေ့ဘူး"ဟုအော်ဟစ်နေတော့သည်။

မောင်စိုးမြိုင်ကို ကျေးလက်ဆေးပေးခန်းသို့ သယ်မယူသွားကြသည်။ မီးလောင်ဒဏ်ရာများမှာ မြင်မကောင်းအောင်များပြားလှသည်။"ကျွန်တော့်သားလေးရော၊ ကျွန်တော့်သားလေးရော"နှုတ်ကတဖွဖွ မေးမြန်းရင်းပင်
သတိလစ်သွားတော့သည်။
မောင်စိုးမြိုင်ကို ဟင်္သာတဆေးရုံသို့ပို့လိုက်ကြသည်. ဆေးရုံရောက်၍ သတိရသောအခါတွင်လည်း သူ့သားလေးကိုပင် ထပ်တစ်လဲလဲမေးနေ၏. ဇနီးသည် မသက်မာက သားလေးကို ပွေ့ချီပြသောအခါ သားကလေးလွတ်မြောက်သည်ကို တွေ့ရ၍ ၀မ်းသာမျက်ရည်တို့လိမ့်ဆင်းကျလာသည်။ မီးစလောင်သည်နှင့် အိမ်နီးချင်းအိမ်က ကလေးအိပ်နေသည်ကိုသိသဖြင့် ကလေးကို ကယ်တင်ထားခြင်းဖြစ်သည်။
မောင်စိုးမြိုင်၏ဒဏ်ရာများမှာ ပြင်းထန်လှပါသည်။ ထိုညတွင်ပင် မောင်စိုးမြိုင်သည် ဒဏ်ရာများ၏ နှိပ်စက်မူဒဏ်ကို လူးလိမ့်ခံစားရင်းပင် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားတော့သည်။
သားဇောကပ်၍ အန္တရာယ်ကိုပင် မမှုရှာသော မောင်စိုးမြိုင်ကတော့ ဘယ်ဘ၀သို့ ကူးပြောင်းရောက်ရှိနေသည်ကို မသိနိုင်ပါ။ သူချစ်လှသောသားကလေးကတော့ ယခုဒသမတန်း ကျောင်းသားဘ၀သို့ပင် ရောက်ရှိနေပေပြီ။
ဖခင်၏မေတ္တာသည် မိခင်၏မေတ္တာနှင့် မနိုင်းယှဉ်နိုင်သော်လည်း မေတ္တာထုထည်သည်ကား ကြီးမားကြောင်း ဤအဖြစ်အပျက်က သက်သေပြလျက်ရှိပါသည်။။

စာ၆၅ ၂၀၁၁-ခုနှစ် ၊ စက်တင်ဘာလ မှကူးယူဖော်ပြသည်။။

**ကိုတင့်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)