ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 13, 2011

တစ်နေ့ တာပင်ပန်းတာတွေပျောက်ပါစေ

>

**တူညီသဘောထား**
"အခု ကျွန်တော် အရွယ်ရောက်ပီ ဖေဖေ၊
လွတ်လပ်မှု၊ စွန့်စားမှု၊ မိန်းမလှလှ ရလိုမှုတွေဟာ
ကျွန်တော်တို့လို လူငယ်တွေရဲ့ လိုလားချက်ပါပဲ...
ဒါတွေကို စိတ်ဝင်စားမိလို့ ဖေဖေအနေနဲ့ဆူမယ်ဆိုရင်
အိမ်မှာမနေဘူး...ဆင်းသွားမယ်ဗျာ"

" ငါ့ကိုလည်း ခေါ်သွားပါကွာ၊ ဖေဖေကလည်း
သားသဘောနဲ့ ထပ်တူပါပဲ"

**သူမရဲ့ဖြစ်ပုံ**
"ဟလို....ရဲစခန်းကပါလားရှင်"
" ဟုတ်ပါတယ်...ဘာများ ကူညီရမလဲခင်ဗျာ"

" ဒီလိုပါရှင်..အခုလို ညကြီးအချိန်မတော်မှာ
ကျွန်မရဲ့ ခြံဝင်းထဲကို လူနှစ်ယောက် တစ်ပြိုင်တည်း
ရောက်နေပါတယ်....အဲ့ဒါ တစ်ယောက်ကိုထွက်သွားအောင်
ကူညီပါရှင်"

**ချစ်ခြင်းရယ်ပြိုင်**
"ဒီမှာ ကိုအဝှာ၊ ရှင်က ကျွန်မထက် အရက်ကို
ပိုချစ်နေတယ်ပေါ့လေ ဟုတ်လား"

" မိန်းမရယ်၊ မင်းကို တစ်နေ့မှာ ၂၄နာရီလုံးလုံး
ချစ်တာပါကွာ....အရက်ကိုတော့ တစ်နေ့မှ
၁ပုလင်းပဲချစ်တာပါ"

**ဆိုမှမဆို တတ်တာ**
"ရုပ်ရှင်ညပွဲပီးလို့ သမီး အိမ်ပြန်လာတော့
လမ်းထိပ်မှာ အရက်မူးသမား အုပ်စုနဲ့တွေ့တယ် မေမေ။
သူတို့ က သမီးကို သီချင်းဆိုခိုင်းတယ်၊ မဆိုရင်ဖက်နမ်း
ရလိမ့်မယ်ဆိုပီး ခြမ်းခြောက်ကြတယ် မေမေ"

"အဲ့ဒီတော့ သမီးက ဆိုပြလိုက်တယ်ပေါ့"
"ဟွန့်...မေမေ သိသားနဲ့ သမီးမှ မဆိုတတ်တဲ့ဟာ"

**ရှေ့နေဆိုတာ**
"ခွေးတစ်ကောင်က ပစ္စည်း တစ်စုံတစ်ရာကို
ပျက်စီးအောင်လုပ်ရင် ခွေးရှင်မှာ တာဝန်ရှိပါသလား
ရှေ့နေကြီး"
"ရှိတာပေါ့ ကိုယ်လူရဲ့...ခွေးလုပ်သမျှ ခွေးရှင်ရဲ့တာဝန်ပဲပေါ့"
"ဒါဖြင့် ရှေ့နေကြီးရဲ့ ခွေးက ကျွန်တော်ဝယ်လာတဲ့
ခေါက်ဆွဲကြော်ထုတ်ကို ကိုက်ချီပီး ထွက်ပြေး သွားတာမို့
ကျေးဇူးပြုပီး ငွေနှစ်ရာမစပါ"
"ရပါတယ်လေ...အခုပြသနာအတွက် တိုင်ပင်ခ
ငွေငါးရာ ကျသင့်တာမို့ ခေါက်ဆွဲကြော်ဖိုး
နှစ်ရာနုတ်လိုက်ရင် ခင်ဗျားက ကျုပ်ကို ငွေသုံးရာ
ထပ်ပေး....ရှင်းရောပေါ့"

**သူ့လက်ရာ**
"ဒီနေ့ကျွန်မချက်ကျွေးတဲ့ဟင်းက
ဘယ်နှယ့်နေလဲဟင်"
"ကောင်းတယ် မိန်းမရာ၊ ချိုပီး ဆိမ့်နေတာပဲ"
"မဟုတ်သေးပါဘူးတော်၊ ချက်နည်းပြုတ်နည်း
စာအုပ်ထဲမှာ ချဉ်စပ်လို့ ရေးထားတာရှင့်

**ဒါကလွယ်ပါတယ်**
"ခင်ဗျားရဲ့ မြို့ပတ်ရထား လက်မှတ် မှားနေပါလား။
ခင်ဗျား စီးရမှာက လက်ဝဲရစ်၊ အခုရထားက လက်ယာရစ်"
"ကိစ္စမရှိပါဘူး၊ ဒါဆို ကျွန်တော်နောက်ပြန် ထိုင်ပီး လိုက်ပါ့မယ်"

**ယုံပါတယ်**
"တစ်ဆိတ်လောက် ခင်ဗျာ၊ ကျွန်တော့် စက်ဘီး
ကို ကြည့်ထားပေးစမ်းပါ"
"ဟေ့ကောင် ငါက အယ်ဒီတာကွ"
"ရပါတယ်၊ ကိစ္စမရှိပါဘူး၊ ကျွန်တော်
ခင်ဗျား ကို ယုံပါတယ်"

**မေ့မေ့စကား**
"လက်ရေးက ညံ့လိုက်တာကွာ၊
မင်းကိုနေ့တိုင်း ရိုက်ရတာလက်ညောင်းလှပီ၊
မင်းအိမ်က ဘာမှ မပြောဘူးလား"
"ကျွန်တော် မေမေက ပြောတယ် ဆရာ၊
ငါ့သား လက်ရေး မလှလည်းကိစ္စမရှိဘူးတဲ့၊
ဘယ်သူမှ မဖတ်တက်ရင်နေပစေတဲ့၊
ကြီးရင် ဆရာဝန် လုပ်ခိုင်းမှာတဲ့"

**အကြီးမားဆုံးပြစ်မှု**
"ခင်ဗျား ယောက်င်္ကျားနဲ့ကွာရှင်းခွင့်
တောင်းခံရအောင် သူက ဘယ်လိုအပြစ်တွေများကျူးလွန်
နေလို့လဲ"
"သူ့အတွက် သတ်သတ် ကျွန်မ ချက်ကျွေး
တာမှန်သမျှ သူမစားခင် ကျွန်မ ကို အရင်စားခိုင်းလို့ပါ"

**တစ်ယောက်တစ်လှည့်**
"ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပီးတဲ့
အထိမ်းအမှတ်အဖြစ် ဟန်းနီးမွန်း ထွက်ချင်လို့
ခွင့် ဆယ်ရက် လောက်ပေးပါ ခင်ဗျာ"
"အင်း.......ခက်တာပဲ။ လောလောဆယ် အလုပ်တွေ
ကျပ်နေတော့ တစ်ယောက်ယောက် မရှိရင်လည်း
မဖြစ်ပြန်ဘူး။ နှစ်ယောက်စလုံးက ငါ့ကုမ္မဏီရဲ့
စံပြ ဝန်ထမ်းတွေဆိုတော့ ခွင့်မပေးနိုင်ဘူးလို့လဲ
မပြောရက်ပြန်ဘူး။ ဒီတော့ တစ်ယောက် တစ်လှည့်စီ
သွားကြဖို့ မေတ္တာရပ်ခံပါရစေကွာ"

**သူ့နေရာသူပြန်သွား**
"ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေ
ဘယ်ရောက်ကုန်ပီလဲရှင့်"
"သြော်....အဲ့ဒါကျောက်တုံးတွေလား၊
ကျွန်တော်က သောက်ရမယ့် ဆေး မှတ်လို့
ခုနကပဲ သောက်လိုက်မိပီ ဆရာမ"
"ဟောတော် ဒုက္ခပါပဲ၊ အဲ့ဒါ ရှင် သတိရလာရင်
ပြဖို့ထားတာ၊ ရှင့်ဆီးအိမ်ထဲက ခွဲထုတ်ထားတဲ့ဟာတွေရှင့်"

**မေးမှသိတယ်**
"မင်းတို့ လင်မယား ပြန်ပေါင်းထုပ်သွားကြပီလို့
ကြားရတာ ဝမ်းသာတယ်ကွာ၊ နေ့ခင်းတုန်းကတောင်
မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့
လင်မယားနှစ်ယောက် ထင်းတွေအတူတူ ခွဲနေကြတာ
တွေ့မိသေးတယ်ကွ"
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့၊ အိမ်ထောင်ပရိဘောဂတွေ"်

**ပူမနေစမ်းပါနဲ့**
"ဟေ့လူတွေ လိုက်မယ်ဆို မြန်မြန်လုပ်ကြလေ။
ဟိုမှာ သင်္ဘောက ဥသြဆွဲနေပြီ"
"အိုကွာ၊ သူ့ဟာသူ ဘယ်လောက် ဥသြဆွဲဆွဲ၊
လက်မှတ်က ငါ့ဆီမှာပဲဟာ"

**သူမှာထားခဲ့လို့**
"ညကြီးမင်းကြီး ခြေအိတ်ကို ခေါင်းမှာ ပတ်ပီး
ဘာထွက်လုပ်နေတာလဲ"
"ကျွန်မ ယောင်္ကျားက မှာထားလို့ပါ၊ သူခရီးသွား
နေတုန်း ညဘက် အပြင်ထွက်ရင် လူရမ်းကားတွေနဲ့
ရင်ဆိုင်ရတဲ့အခါ ခြေအိတ်အထက်ပိုင်းကို မထိစေနဲ့ဆိုလို့"

**အပင်ပန်းမခံချင်ပါနဲ့**
"ခင်ဗျားကိုဝမ်းနည်းစကား ပြောရအုံးမယ်။
ခင်ဗျားဗိုက်က ချုပ်ရိုးတွေ ပြန်ဖွင့်ရလိမ့်မယ်ဗျာ"
"ဘာဖြစ်လို့လဲ ဒေါက်တာ"
"ခင်ဗျား ဗိုက်ထဲမှာ ကတ်ကြေး တစ်လက်မေ့ကျန်ခဲ့လို့ပါ"
"အင်.......ကတ်ကြေးတစ်လက်အတွက်နဲ့တော့
ပြန်မဖွင့်ချင်စမ်းပါနဲ့ ဒေါက်တာရယ်၊ ရော့......ပိုက်ဆံ..
အသစ်တစ်လက် ဝယ်လိုက်ပေါ့..."

**အပြန်အလှန်**
"ဟိုမှာရပ်နေတဲ့ မိန်းမကိုရှင် သိသလား ဟင်"
"အဲ့ဒါ ကျွန်တော့ဇနီးပါ"
"အို......မေးမိတာ တောင်းပန်ပါတယ်နော်"
" ဟုတ်ကဲ့ ကျွန်တော်လည်း ဖွင့်ပြောမိတာ ဝမ်းနည်းပါတယ်ဗျာ "

**မှားချက်ကယ်နာ**
"ခင်ဗျားရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်တာ
နာရီ လိုအချိန်မှန်နေတာပဲ"
"ဒေါက်တာက ကျွန်မလက်ပတ်နာရီကို
စမ်းကြည့်နေတာကိုး"

**စနစ်တကျအသုံးပြုနည်း**
"မနက်ကဝယ်သွားတဲ့ ယပ်တောင်က တစ်ခါ နှစ်ခါပဲ
ခတ်ရသေးတယ်...စုတ်သွားပီ..ဘယ်လိုဖြစ်ရတာလဲ"
"အသုံးပြုပုံ မှားနေလို့ဖြစ်ပါလိမ့်မယ်....ကျွန်တော်တို့
ရောင်းတဲ့ ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပီး
ခပ်စေချင်တဲ့ အရာဝတ္တုကို ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက်
ခပ်မြန်မြန်လေး လှည့်ပေးရပါတယ်ခင်ဗျာ"

**သူ့ထင်မြင်ချက်**
"ခွဲစိတ်ခန်းဝင်တဲ့အခါမှာ ဆရာဝန်တွေ
အားလုံး ဘာဖြစ်လို့ သူတို့မျက်နှာတွေကို
အဝတ်ဖြူတွေ စည်းကြတာလဲ မသိဘူးနော်"
"မတော်တဆ ခြေချော်လက်ချော်ဖြစ်သွားရင်
သူတို့ကို မမှတ်မိအောင် လို့နေမှာပေါ့"

**ဒါမျိုးသောက်ချင်ရင်ဒီလိုလုပ်**
"ဟေ့..ဝိတ်တာ...ဟောဟိုစားပွဲက ပုဂ္ဂိုလ်ကြီး
သုံးဆောင်နေတဲ့ အရက်မျိုး ငါ သောက်ချင်တယ်ကွာ"
"ရပါတယ်ဆရာ...တယ်လီဖုန်းခေါ်နေတယ်ဆိုပီး
ကျွန်တော်သူ့ကို ပ ထုတ်သွားမယ်....အရိပ်အခြေ
ကြည်ပီး ဆရာ လှုပ်ရှားပေတော့"

**ပေးချင်လို့ပါ**
"မေမေ သမီးကို ငွေငါးကျပ်လောက်ပေးပါ..
အိမ်ရှေ့မှာ အော်နေတဲ့သူကို ပေးလိုက်ချင်လို့"
"သူက ဘယ်လိုအော်နေလို့လဲ သမီးရဲ့"
"အကြော်စုံရမယ်...တစ်ခုငါးကျပ်တဲ့"

**သင်ရင်တတ်တယ်**
"အခု အလုပ်လာလျှောက်တဲ့သူတွေထဲမှာ
မောင်ရင့်ရဲ့ ပညာအရည်အချင်းနဲ့ထောက်ခံချက်
တွေကို အကျေနပ်ဆုံးပဲ...နောက်ဆုံးသိချင်တာက
မောင်ရင်ဟာ လိမ်ပြောတာကိုနှစ်မြို့သလား.....
မနှစ်မြို့သလားဆိုတာပဲ"
"စိတ်ရင်အတိုင်း ပြောရမယ်ဆိုရင် မနှစ်မြို့ တာ
အမှန်ပါပဲ.....ဒါပေမယ့် သင်ပေးရင်တော့တတ်
လွယ်ပါတယ်ခင်ဗျာ"

**သူ့အတွေးနဲ့သူ**
"ဟဲလို....ဟဲလို၊ ဆရာကြီးလား၊ ကျွန်တော့်သား
နေမကောင်းလို့ ဒီနေ့ခွင့် တစ်ရက်လောက်
လိုချင်လို့ပါဆရာ"
"ဟုတ်ကဲ့ ရပါတယ်၊ ခု စကားပြောနေတာ
ဘယ်သူပါလဲ"
"အခုပြောနေတာ ကျွန်တော့် ဖေဖေ ပါ"

**အလှစစ်ဆိုတာ**
"ဒီကောင်..ယူမယ့် အမျိုးသမီးက
အတော်လှတယ်ကွာ"
"ဟေ့...လှတယ်ဆိုတာ အရေပြားပေါ်မှာပဲ
ရှိတာကွ"
"ဒါဖြင့် ငါတို့ မိန်းမယူတဲ့အခါ အရေပြား
ခွာကြည့်ရမှာလား"

**ဆရာ့သြဝါဒ**
"ဘယ်လိုမှိုမျိုးကို စားရတယ်ဆိုတာ
ဆရာ သိလားဟင်"
"ဘယ်မှိုမဆို စားလို့ရတယ် တပည့်ရဲ့။
ဒါပေမယ့် တချို့ မှိုတွေက တစ်ကြိမ်ပဲ စားလို့ရတယ်

(ဘဝအမောတွေပြေပါစေ)
ရဲစတိုင်း ရဲ့ ပြုံးပီးမှ ရယ် ဟာသများစုစည်းမှု အမှတ်(၂)မှ...ဖြစ်ပါ၏...

အော်..ဒါနဲ့ ..စကားမစပ်ပေါ့နော်..
တောင်အမေရိက..ကသိပ္ပံပညာရှင်တွေ
ရဲ့သုတေသနတွေရှိချက်တစ်ခုကတော့
ဥာဏ်ရည်နိမ့်တဲ့သူတွေက Mouse ပေါ်လက်တင်ပြီးစာဖတ်တက်သတဲ့..
ခုမှလက်ချမနေပါနဲ့လေ..နောက်ကျတွားပါပီ...Tongue..(အကူးဆရာကြီး)

**Thiri Yadanar Soe**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)