ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 16, 2011

မောင် - ဘာပါလာလဲဟင်

>
(၁)
သူ့အမျိုးသားပြန်လာတုံးက ကားပါလာတယ်တဲ့။ နင့်ယောက်ျားပြန်လာတာ ဘယ်လောက်ပါခဲ့လဲဟင်။ တစ်လထဲဆိုတော့ ဘယ်လောက်ကျန်မလဲ။ အဲဒီအလုပ်ဆိုရင် အောက်ဆိုက် ဘယ်လောက်ရမလဲ။ သူက တစ်လ ဘယ်လောက်တောင်ရတာတဲ့ စသောစကားများကို ကျွန်တော်တို့ပတ်ဝန်းကျင်တွင် လူတိုင်းလိုလို မကြာခဏ ကြားဖူးကြ၊ ပြောဖူးကြပါလိမ့်မည်။

တစ်စုံတစ်ယောက်သောသူသည် အခြားနိုင်ငံတစ်ခုခုသို့ တစ်စုံတစ်ရာသော အကြောင်းကြောင့် (များသောအားဖြင့် - အစိုးရ၀န်ထမ်းများ) သွားသည့်အခါတွင် လည်းကောင်း၊ တစ်စုံတစ်ယောက်သောသူသည် အလုပ်တစ်ခုရပါက လည်းကောင်း ကာယကံရှင် သို့မဟုတ် ကာယကံရှင်နှင့်တိုက်ရိုက် ပတ်သက်နေသူများသို့ သူနှင့်နီးစပ်ရာ ဆွေမျိုးအသိုင်းအ၀ိုင်းကဖြစ်စေ၊ အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်းများကဖြစ်စေ အထက်ပါမေးခွန်းမျိုးကို မေးတတ်ကြပါသည်။ မေးလေ့ရှိပါသည်။

သာမန်အားဖြင့်ကြည့်လျှင် ဤမေးခွန်းများမှာ ထူးဆန်းလှသည်ဟု မဆိုသာ။ ကြားဖူးနေကျဖြစ်၍ မေးရိုးမေးစဉ် မေးခွန်းများအဖြစ် အများနားလည် သဘောပေါက် လက်ခံထားကြပါသည်။

ဤမေးခွန်းများနှင့်ပတ်သက်၍ ကျွန်တော် မိတ်ဆွေများနှင့်ဖြစ်စေ၊ တပည့်ဖြစ်သူများနှင့်ဖြစ်စေ၊ ကျွန်တော့်နှမများနှင့် ဖြစ်စေ လွန်ခဲ့သော လပေါင်း၊ နှစ်ပေါင်းများစွာကတည်းက ပြောခဲ့၊ ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ သို့သော် စာတစ်စောင်၊ ပေတစ်ဖွဲ့အနေနှင့်မူ တစ်ခါမှမရေးခဲ့ဖူးသေးပါ။ အခြားသူများလည်း ကျွန်တော်တွေးသလိုတွေးပြီး ရေးပြီးတောင် ဖြစ်ချင် ဖြစ်နေပါလိမ့်မည်။

အထက်ပါမေးခွန်းများကို မေးခြင်းမှာ ကျွန်တော်တို့သည် တတိယကမ္ဘာတွင် နေထိုင်နေသောကြောင့်လား။ ပိုက်ဆံသည် ကျွန်တော်တို့အတွက် နံပါတ် (၁) ဖြစ်နေရသောကြောင့်လား၊ ကျွန်တော်တို့မှာ သည်မေးခွန်းလောက်ပဲ မေးတတ်လောက်သည့် အသိဉာဏ်သာ ရှိတော့သောကြောင့်လား ဟု မကြာခဏ ကျွန်တော်တွေးမိပါသည်။ အထက်ပါ မေးခွန်းများအစား ဟဲ့၊ သူ့အမျိုးသားသွားတာ ဘာတွေများလေ့လာဘို့သွားတာလဲ တဲ့။ ပြန်လာရင် အဲဒီက တတ်လာတာ တွေကို ဒို့တိုင်းပြည် ကြီးပွားတိုးတက်ရေးအတွက် ဘယ်လိုတွေသုံးမယ်လို့ မှန်းထားသလဲတဲ့ ဟူသော မေးခွန်းများ တစ်ခါမှ (ကျွန်တော့်တစ်သက်နှင့်တစ်ကိုယ်) မကြားခဲ့မိဖူးပါ။

ဘေးလူများ အသာထားလို့ နိုင်ငံခြားသို့သွားခဲ့သည့် ကာယကံရှင်ကိုယ်နှိုက်ကလည်း ငါတော့ နိုင်ငံခြားက ဘယ်လို အတတ်ပညာတွေရအောင် ယူခဲ့မယ်။ ပြန်လာရင် ငါသိလာတာတွေကို တိုင်းပြည်အတွက် ဘယ်လိုပြန်အသုံးချလိုက်မယ် စသဖြင့် တွေးမိသူများရော ရှိရဲ့လား ဟု ကျွန်တော် သံသယရှိပါသည်။ သို့မဟုတ် ကိုယ်သိလျှင်သော်မှ၊ ကိုယ်တတ်လျှင် သော်မှ၊ ကိုယ်လုပ်ချင်လျှင်သော်မှ ဘာမှလုပ်လို့မရသည့်အတွက် စိတ်မ၀င်စားတတ်တော့တာလား မပြောတတ်ပါ။ ဖြစ်နိုင်သည်မှာ အစပိုင်းတော့ တက်တက်ကြွကြွနှင့် ငါသာ ဘယ်သွားရရင် ဘာတွေလေ့လာပြီး ဒို့တိုင်းပြည်အတွက် ဘယ်လို လုပ်လိုက်မယ် ဟု ကြုံးဝါးကာ အားတိုက်ခွန်တိုက်နှင့် ထွက်သွား၊ ရသမျှအချိန်ကလေးကို အသားကုန်ကြုံးရုံး ကျက်မှတ်၊ လေ့လာပြီး ယူလာခဲ့။ မိခင်ဌာနပြန်ရောက်သော် အထက်လူကြီးကိုတင်ပြ၊ ဘတ်ဂျက်တွေရေးဆွဲ၊ စီမံကိန်းတွေချ။ အားတက် သရောလုပ်ခဲ့သမျှ နှစ်ပေါင်းများစွာဘာမှမဖြစ်ပဲ မိမိစီမံကိန်းကြီးသည် ဟိုစားပွဲနှင့်သည်စားပွဲ၊ ကူးချည်သန်းချည်နှင့် သွားရာမှ နောက်ဆုံးတွင် ဖုံတက်နေသည့် ထောင်ပေါင်းများစွာသောဖိုင်တွဲများအောက် နစ်မြုပ်ကျဆုံးသွားသည်နှင့် နောင်လာ နောက်သားများလည်း လုပ်နေလည်းဘာမှ မထူးပါဘူးကွာ ဟု မထူးဇာတ် ခင်းလိုက်တာလည်း ဖြစ်နိုင်ပါသည်။

တကယ်နိုင်ငံခြားသို့ မိမိဝန်ထမ်းများကို လွှတ်နေသည့် အစိုးရအရာရှိကြီးများအနေနှင့်ရော ငါတို့လူတွေကို နိုင်ငံခြား ပို့ပြီး ပိုထူးချွန်ထက်မြက်လာအောင် သင်ခိုင်းရမယ်။ သူတို့ပြန်လာရင်တော့ ဘာတွေလုပ်ခိုင်းရမယ် ဟူသော ရည်ရွယ်ချက်များ ရှိပါရဲ့လား ဟု မေးခွန်းထုတ်စရာရှိပါသည်။ (ဤလိုမေးခွန်းထုတ်ရမည့် သူများထဲတွင် ရုရှားလွှတ်ပြီး နျူလက်နက် အတတ် ပညာများသင်ခိုင်းနေသူများမပါ ဆိုသည်ကိုတော့ မိတ်ဆွေများအနေနှင့် အော်တိုမက်တစ် နားလည်သဘောပေါက်ပြီး ဖြစ်ကြောင်း သံသယရှိစရာမလိုပါ။)

ကျွန်တော်တို့ကို ခုလိုခေါ်လိုက်တာ ဟိုဘက်ကအစိုးရရော ဒီဘက်ကအစိုးရမှာပါ အကျိုးအမြတ်အများကြီး ရှိတယ်ဗျ ဟု ကျွန်တော်နှင့် ဘန်ကောက်သို့အတူတူသွားခဲ့သူ ကိုကိုမောင်က ပြောပါသည်။ ဘယ်လိုလုပ်သဖြင့် ဘာတွေအကျိုးရှိသည် ကို ကျွန်တော်မသိပါ။ (သူပြောသည့်အကျိုးအမြတ် ဟူသည်မှာ နှစ်နိုင်ငံနည်းပညာဖလှယ်လိုက်ခြင်းဖြင့် ရလာသော အကျိုး အမြတ်ကို မဆိုလို။ ငွေရေးကြေးရေးနှင့် နိုင်ငံရေးအကျိုးအမြတ်ကို ဆိုလိုကြောင်း မိတ်ဆွေများသိပါသည်။)

(၂)

သည်ဘက်ခေတ်ရောက်မှသာ မထူးတော့တာ။ ဟိုဘက်နှစ်များ (မဆလခေတ်) ကတော့ နိုင်ငံခြားခရီးဆိုတာ အင်မတန် ရတောင့်ရခဲအခွင့်အရေးဖြစ်သလို နိုင်ငံခြား တစ်ခေါက်လောက်သွားလိုက်ရလျှင်လည်း တစ်သက်လုံးစာနီးပါး ကြီးပွားသွားတတ်ကြသည်ကို မျက်မြင်ကိုယ်တွေ့ဖြစ်ပါသည်။ ဘာတွေကြောင့်များ နတ်ရေကန်ထဲ ပစ်ချလိုက်သလို နေ့ချင်း ညချင်း ကြီးပွားသွားရသည်ကို ကျွန်တော်မသိခဲ့၊ မလေ့လာမိခဲ့ဖူးပါ။ လေ့လာရအောင်ကလည်း ကျွန်တော့်တွင် နိုင်ငံခြားပြန် မိတ်ဆွေအရင်းအချာလည်း မရှိခဲ့ပါ။ သိရုံလောက်၊ ကြားဖူးရုံလောက်သာ ဖြစ်ပါသည်။ နားစွန်နားဖျားကြားဖူးသည်မှာတော့ ကားပါမစ်ဆိုလား၊ ဘာဆိုလားဖြစ်ပါသည်။

ကျွန်တော် ဘန်ကောက်က ပြန်လာတော့လည်း ကားပါမစ်ဆိုတာ သူများလာစပ်လို့ရောင်းဖူးလိုက်ပါသည်။ ဘာမှ ထွေထွေထူးထူး လုပ်စရာမလိုပါ။ ကားပါမစ်ရောင်းမယ်၊ ၀ယ်မလား ဟူ၍လည်း လိုက်စပ်နေစရာမလိုပါ။ ယုန်နံ့ကိုရသဖြင့် အမဲလိုက်သောခွေးသည် ယုန်ရှိရာနေရာကို တန်းတန်းမတ်မတ် သွားနိုင်သကဲ့သို့ ထို ကိုပါမစ်ပွဲစားများသည်လည်း ဘယ်ကောင့်မှာတော့ နိုင်ငံခြားနံ့ရတယ်ဟေ့ ဟု ဘ၀ပေးအသိဖြင့်သိကာ နိုင်ငံခြားမှပြန်လာသူ ကိုအချဉ်များထံ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာလျှက် အစ်ကိုကားပါမစ်ရောင်းလို့ရတယ်။ ဘယ်လောက်ပေးမယ်၊ ရောင်းမလား ဟု မေးလာပါလိမ့်မည်။ ထိုသူ့ကို မိမိနိုင်ငံခြားသွားရမည်ဟုဆိုစဉ်က ထုတ်ပေးထားသောစာနှင့် မှတ်ပုံတင်မိတ္တူကို ပေးလိုက်ရုံသာဖြစ်ပါသည်။ ထိုစာနှစ်စောင်ပေးလိုက်ပါက သူပြောထားသောကားပါမစ်ဈေး ဆိုတာ လက်ငင်းငွေချေပေးပါလိမ့်မည်။

ကျွန်တော်လည်း ထိုသူ့ထံမှရသည့် ကားပါမစ်ပိုက်ဆံနှင့် ပျဉ်းမနားတွင် ခြံကလေးတစ်ကွက် ၀ယ်ထားလိုက်ပါသည်။ သို့သော် နိုင်ငံတော်အစိုးရတည်ဆောက်နေသော နေပြည်တော်ကြီးတွင် မိမိတတ်နိုင်သည့်ဘက်မှ တစ်တပ်တစ်အား ပါဝင် လိုသဖြင့် ထိုခြံရာကွက်ကလေးကို နေပြည်တော်တည်ဆောက်ရာတွင် ရေစက်ချကာ ပေးလှူလိုက်ရပါသည်။ အကျယ်သိလိုသူ များ ခရစ္စတိုဖာပေါက်ကျိုင်း အတ္ထုပတ္တိ (၁) တွင်ကြည့်ကြပါကုန်။

သာမန်ဝန်ထမ်းလစာနှင့် မ၀ရေစာ စားနေရပြီး နိုင်ငံခြားတစ်ခေါက်သွားလိုက်ရလျှင် တစ်ခေါက်ဆို ဆိုသလောက် အကျိုးအမြတ်ရှိသည်ဖြစ်ရာ နိုင်ငံခြားသို့ ဘာကိစ္စသွားမည်ဆိုတာထက် နိုင်ငံခြားက ပြန်လာလျှင် ဘယ်လောက်ပါလာမည် ဆိုသည်ကို ပိုစိတ်ဝင်စားသူ ထိုသူများအားအပြစ်မဆိုသာပါ။

ထို့အတူ နိုင်ငံခြားသွားခြင်းမှာ ထီပေါက်သကဲ့သို့ ပိုက်ဆံကို အလုံးလိုက်အခဲလိုက်ရမည်ဖြစ်ရာ ငါ နိုင်ငံခြားသွားရင်တော့ ဘာတွေလေ့လာပြီး၊ ငါရို့တိုင်းပြည်အတွက် ဘယ်လိုပြန်အသုံးချ လိုက်မည်ဆိုတာထက် အင်း၊ တစ်လကို ဘယ်လောက်ရမယ် ဆိုတော့ ၆ လဆိုဘယ်လောက်။ သုံးတာနဲ့စားတာက ဘယ်လောက်ကုန်မယ်ထား၊ ပြန်လာရင် ဘယ်လောက်တော့ ကျန်ကောင်းပါရဲ့။ ဒါဆိုရင်တော့ ဘယ်နားမှာ မြေကွက်ကလေး တစ်ကွက်လောက်တော့ ၀ယ်ထားရမယ် ဟု ဈေးတွက်တွက်နေသူများကိုလည်း အဆိုးမဆိုသာပါဟု ဆိုရမည် ဖြစ်ပါသည်။

ဤသို့ဖြစ်နေရခြင်းမှာ လူများထက် မူများကြောင့်များလား ဟု ကျွန်တော်တွေးမိပါသည်။ ကျွန်တော် အစိုးရ၀န်ထမ်း ဘ၀နှင့် နိုင်ငံခြားသို့နှစ်ပတ်သွားရစဉ်ကမူ ပြန်လာသောအခါ စိုက်ပျိုးရေးတက္ကသိုလ်တွင် ကျောင်းရှိဆရာဆရာမအားလုံး၊ ကျွန်တော်သင်နေရသော အတန်းမှ ကျောင်းသားကျောင်းသူအားလုံးကိုဖိတ်ကာ နိုင်ငံခြားအတွေ့အကြုံ ဟောပြောပွဲတစ်ခု လုပ်ခဲ့ပါသည်။ မည်သည့်ဌာနမှ မည်သူတို့တက်မည်ကို မည်သည့်နေ့ရက်နောက်ဆုံးထားပြီး စာရင်းအတိအကျပေးပါဟု တောင်းသောအခါ အချို့က ခပ်အင်အင်ဖြစ်သွားသည်။ ကျွန်တော်က တက်ရောက်လာသူအားလုံးကို အုန်းနို့ခေါက်ဆွဲကျွေး မည်ဖြစ်ရာ အပိုအလိုနည်းနိုင်သမျှနည်းစေရန် လူအင်အားအတိအကျ သိချင်ပါသည်။ သို့သော် အချို့ကမကြိုက်ပါ။

ကျွန်တော်စိုက်ပျိုးရေးတက္ကသိုလ်တွင် ရှိနေစဉ် အချို့သော ဆရာ၊ ဆရာမများနိုင်ငံခြားသွားကြပါသည်။ သို့သော် သူတို့ဘာတွေလေ့လာခဲ့သည်ကို ပြန်လည်ဖောက်သည်ချသည့် ဟောပြောပွဲများလုပ်သည်ကို မကြားရစဖူးခဲ့ပါ။ ကျွန်တော် သာ သူများထက်ထူးပြီး လုပ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုပွဲတွင် ကျွန်တော်က ဘယ်တွေသွားခဲ့သည်။ ဘာတွေလေ့လာခဲ့သည်။ ကျွန်တော်တို့တိုင်းပြည်အတွက် ဘာတွေလုပ်လျှင်ကောင်းမည်။ ဘာတွေလုပ်လို့ရသည် စသည်တို့ကို အသေးစိတ် ပြောပြခဲ့ပါ သည်။ အသေးစိတ်ဆိုသည်မှာ ဘာအကြောင်းလေ့လာတာ ဘယ်နှနာရီ၊ ခရီးသွားချိန် ဘယ်နှနာရီ၊ ဟော်တယ်မှာ ဇိမ်နဲ့နှပ်တာ ဘယ်နှနာရီ၊ ဈေးဝယ်နှင့် မြို့ထဲလျှောက်လည်တာ ဘယ်နှနာရီ စသဖြင့် ပြောခဲ့ခြင်းဖြစ်ပါသည်။

ကျွန်တော်နှင့်အလွန်ခင်မင်သူ အပင်ရောဂါဗေဒဌာနမှ ဆရာဦးခင်ဝင်းက ခင်ဗျား ဟော်တယ်မှာနှပ်ခဲ့တယ်ဆိုတဲ့ နာရီတွေက ပိုစိတ်ဝင်စားဘို့ကောင်းမယ်ဗျ ဟု နောက်ခဲ့တာတောင် မှတ်မိနေပါသေးသည်။

(၃)

ကျွန်တော်ငယ်စဉ်က ကျောင်းပြီးလို့အလုပ်ရှာတော့လည်း အောက်ဆိုဒ် ဆိုသော စကားများကို ပေါပေါများများ ကြားခဲ့ရပါသည်။ ကျွန်တော် ရေဆင်းတွင်ကျောင်းဆရာအလုပ်ရသည်ကိုပင် ကျွန်တော်တို့နှင့် ညီလိုအစ်ကိုလို ရင်းနှီးနေသော ဒေါင့်ကွေးရွာမှ ကိုသန်းလွင်က အင်ဂျင်နီယာဘွဲ့ယူပြီး ကျောင်းဆရာလုပ်ရတယ်လို့၊ ငတုံး ဟု ပယ်ပယ်နယ်နယ် ဝေဖန်ပါ သည်။ မင်းအဲဒီမှာနေတော့ ဘယ်ကအောက်ဆိုဒ်ရမလဲ ဟုလည်း မေးခွန်းထုတ်ပါသည်။

သူက အေအီးတဲ့။ အရမ်းအောက်ဆိုဒ်ရတာ ဟုလည်း ကျွန်တော့်ပတ်ဝန်းကျင်တွင် မကြားချင်မှ အဆုံးဖြစ်ပါသည်။ ထိုအောက်ဆိုဒ်ဟူသောပိုက်ဆံမှာ နိုင်ငံတော့်ဘဏ္ဍာကို ကိုယ့်အဖေပိုက်ဆံမှတ်ပြီး ဘုံးနေတာဖြစ်ကြောင်း၊ တစ်နည်းအား ဖြင့်လည်း ပြည်သူလူထုထံမှ မတရားသဖြင့်ရသော မသန့်ရှင်းသည့်ပိုက်ဆံများဖြစ်ကြောင်း အားလုံးအသိဖြစ်ပါသည်။ သို့သော် ဤကဲ့သို့ မတရားသဖြင့် အချောင်ရနေသူသည်သာ လူကြီးလူကောင်းဘွဲ့နှင့်ထိုက်တန်ပြီး ဘာအောက်ဆိုဒ်မှ မရှိသူ၊ ဘာအောက်ဆိုဒ်မှ မယူသူ၊ လခတစ်ခုတည်းနှင့် ချို့ချို့တဲ့တဲ့ရပ်တည်နေသူသည် ငတုံးကြီး၊ ငအကြီးဖြစ်နေသည်မှာ ဘယ့်အတွက်ကြောင့်နည်း ဟု ထို လူမှုပတ်ဝန်းကျင်ကြီးကို မေးခွန်းထုတ်စရာ ဖြစ်ပါသည်။

အဲဒီလူကတော့ တကယ့်ကိုစံပြုလောက်တဲ့လူပါပဲ။ သူရတဲ့လခနဲ့ ဖြစ်အောင်နေတယ်။ ဘာမှ မဟုတ်တာမလုပ်ဘူး ဟူသော ချီးမွမ်းသံမှာ ရှာမှရှားထဲကဖြစ်သည်။ အသံမစဲပဌာန်းပွဲများကို မကြာခဏ ကျင်းပနေပါလျှက်၊ ရပ်ကွက်များအတွင်း လမ်းများတွင်၊ ဓမ္မာရုံများတွင် တရားပွဲများကို မပြတ်ကျင်းပနေပါလျှက်၊ ခုနစ်ရက်တရားစခန်း၊ ဆယ်ရက်တရားစခန်း၊ တစ်လ တရားစခန်းစသည့် ၀ိပဿနာတရားစခန်းများ မပြတ်ကျင်းပနေပါလျှက် အဘယ်ကြောင့် ဤကဲ့သို့ဖြစ်နေရသည်ကို ပြန်လှန် သုံးသပ်သင့်ပေသည်။

ထို့အပြင်လည်း သူ့ယောက်ျားကတော့ လခဘယ်လောက်တောင်မှရတာဟဲ့ ဟုသာ မေးကြပြောကြလျှက် သူ့ယောက်ျားကတော့ ဘာတာဝန်ကြီးတွေ ထမ်းဆောင်ရတာ၊ ဘာတွေလုပ်ရတာတဲ့ ဟု ပြောသူမရှိပါ။ ယုတ်စွအဆုံး အိမ်သူ သက်ထား ဇနီးမယားသော်မှ ယောက်ျားဖြစ်သူ၏ အလုပ်၊ တာဝန်ဝတ္တရားများကို မသိတတ်ကြပါ။ ဘာလုပ်တယ်ပြောတာပဲ ဟုသာ အကြမ်းဖျဉ်းသိတာ များပါသည်။

ယခု စင်ကာပူတွင်လည်း သည်အတိုင်းဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး မေးကြပြောကြသည့်အခါတွင်လည်း ဘာတွေ လုပ်ရသည်၊ ဘာတွေတတ်ထားရမည်၊ ဘာတာဝန်တွေယူရမည် ဆိုတာထက် လခဘယ်လောက်ရသည် ဆိုတာကိုသာ စိတ်ဝင်စားသူများပါသည်။ ယခုကျွန်တော် ပညာဒါနသင်တန်းတွေပေးတော့ လာတက်သူများထံမှ ပြန်ကြားရသည်မှာ သိပ် အားရစရာမရှိပါ။ သူတို့ခိုင်းလို့သာ လုပ်နေရသည်။ ကိုယ့်ဟာကိုယ် ဘာလုပ်လို့ လုပ်နေရမှန်း မသိသူများ ပါပါသည်။

ကျွန်တော်အကြံပေးချင်သည်မှာ လခပမာဏတစ်ခုကို တောင်းတော့မည်ဆိုလျှင် အဲဒီလခနဲ့ ငါလုပ်တတ်တာနဲ့ တန်ရဲ့လား ဟု ကိုယ့်ကိုယ်ကို ပြန်မေးဘို့ဖြစ်ပါသည်။ ဒီအလုပ်နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ ငါဘယ်လောက် သိထားသလဲ။ သူတို့ခိုင်းတာကို ယုံယုံကြည်ကြည် စိတ်ချလက်ချနဲ့ ငါလုပ်ပေးနိုင်သလား။ ငါလုပ်ထားတဲ့ဟာကို ငါတာဝန် ယူနိုင်ရဲ့လား ဆိုတာဖြစ်ပါသည်။ လခကောင်းကောင်းရသည်ဟု အပေါင်းအသင်းများထံကြွားဘို့ထက် ငါဘာတွေလုပ်တတ် တာဟု မိတ်ဆွေများကို ကြွားစေချင်ပါသည်။ ငါ ဒါတွေ၊ ဒါတွေကောင်းကောင်းလုပ်တတ်တယ်။ မင်းတို့ငါ့ကိုအရင် စမ်းကြည့် ပါ။ မဟုတ်ရင် ငါတောင်းတဲ့လခကို မပေးပါနဲ့ ဟု ရဲရဲဝံ့ဝံ့စိန်ခေါ်နိုင်သူများဖြစ်ပါစေ။

(၄)

တစ်ချိန်သောကာလတွင် နင့်ယောက်ျားနိုင်ငံခြားက ပြန်လာတာ ဘယ်လောက်ပါလာသလဲ ဟူသောစကားအစား နင့်ယောက်ျား ဂျပန်ကပြန်လာတာ ဘာတွေသင်လာခဲ့သလဲ။ အဲဒါတွေသုံးပြီး ဘာတွေ လုပ်လိုက်ရင်တော့ ဒို့တိုင်းပြည်မှာ ဘာတွေထူးခြားသွားနိုင်သလဲ စသည့်စကားများကို သော်လည်းကောင်း။

မင်း လခဘယ်လောက်ရသလဲ ဟူသော မေးခွန်းအစား မင်းဘာတွေလုပ်ရသလဲ၊ ဘာတာဝန်တွေယူရသလဲ ဟူသော မေးခွန်းမျိုးကိုသော်လည်းကောင်း ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ကြားရလိမ့်မည်ဟု (ကျွန်တော်မသေခင်) မျှော်လင့်ချင်ပါ သည်။

ထို့ပြင်လည်း အဲဒီကောင်က အောက်ဆိုဒ်အရမ်းရတာ ဟူသောစကားကို ဂုဏ်ယူစရာစကားအဖြစ် မသတ်မှတ်ပဲ ရွံစရာအပြုအမူတစ်ရပ်အဖြစ် သတ်မှတ်နိုင်မည့် ကာလတစ်ခု သို့မဟုတ် မြန်မာပြည်သူပြည်သားတွေ၏ စိတ်အတွင်းဝယ် မှတ်ယူလာမည့် အချိန်တစ်ခုကို ကျွန်တော် မျှော်လင့်နေကြောင်းပါခင်ဗျား။ ။

**အေးငြိမ်း**

**From-Htar Htar**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)