တခါတုန်းက သိပွံပညာရှင်တစ်ယောက်ရှိတယ်။သူဟာ အငြိမ်းစားယူလိုက်ပေမယ့်
သူရဲ့စမ်းသပ်ချင်တဲ့စိတ်ဓါတ်ကတော့ မပျောက်ခဲ့ဘူး။ဒီလိုနဲ့သူဟာ
အိမ်မှာအလကားမနေချင်တာနဲ့ သူအိမ်မှာမွေးထားတဲ့ ရွှေငါးလေးကို
ကြည့်ရင်းစမ်းသပ်မှုတစ်ခုပြလုပ်ခဲ့တယ်။သူဟာရွှေငါးလေးကိုစိုက်ကြည့်ရင်းသူရဲ့ခေါင်းကို
တဖြည်းဖြည်းညိတ်ပြခဲ့တယ်။ရွှေငါးလေးကတော့ ပါးစပ်ကလေး ဟစိဟစိလုပ်ရင်း
သူကိုပြန်ကြည့်နေတယ်။သူဟာရွှေငါးလေးကို တစ်နေ့မှာ၁၅နာရီကြာအောင်
ခေါင်းညိတ်ပြခဲ့တယ်။၇ ရက်နေ့မြာက်မှာေ ရွှငါးလေးဟာ
သူကိုခေါင်းပြန်ညိတ်ပြတာကို အံ့ဩစွာ တွေ့ရှိခဲ့ရတယ်။သိပွံပညာရှင်ကြီးက
သူ့ရဲ့စမ်းသပ်မှုအောင်မြင်သွားတဲ့အခါမှာ သတင်းစာထဲကနေ
ကြော်ငြာတစ်ခုထည့်လိုက်တယ်။“သင်အပြင်မှပြန်ရောက်သည့်အခါ
သင်အိမ်မွေးထားသော ရွှေငါးလေးက ဦးညွတ်ကြိုဆို နေတာကိုခံယူလိုလျှင်
သင့်ရွှေငါးလေးအား ဦးညွတ်တတ်အောင်သင်ပေနိုင်သည်။
သင်ကြားခရွှေငါးတစ်ကောင်လျှင်ဒေါ်လာတစ်သိန်းကျသည်“လို့ကြော်ငြာလိုက်တယ်။
ဒီအချိန်မှာငွေကြေးတတ်နိုင်တဲ့သူဌေးသူကြွယ်တွေက သူ့ဆီကို အလုပ်အပ်ကြတယ်။
ဒီလိုနဲ့သူဟာ ရွှေငါးလေးတွေတစ်ကောင်ပြီးတစ်ကောင်သင်ကြားပေးခဲ့တယ်။
တစ်နေ့မှာသိပွံပညာရှင်ကြီးဟာ
ရွှေငါးတစ်ကောင်ကို ခေါင်းညိတ်သင်ပေးနေတာ ခေါင်းညိတ်တတ်ဖို့ ၈ နာရီပဲ
လိုတော့တယ်။ဒီအချိန်မှာ တယ်လီဖုန်းလာတယ်။သူ့ရဲ့အဒေါ်ဖြစ်သူ
လေဆိပ်မှာရောက်နေတယ်။သူ့ကိုအမြန်လာလို့ခေါ်တယ်။ဒါနဲ့ သိပွံပညာရှင်ကြီးလည်း
အခက်တွေ့ရော။ရွှေငါးလေးကို ခေါင်းညိတ်ပြတတ်အောင်သင်ဖို့ကလည်း နောက်ထပ် ၈
နာရီကျန်သေးတယ်။ဒါနဲ့ သူ့တပည့်ကိုခေါ်ပြီး ဒီရွှေငါးလေးကို
ခေါင်းဆက်ညိတ်ပြပေးပါ။ ငါ မင်းကို “တစ်နာရီကို ဒေါ်လာ၅၀၀ပေးမယ်“
လို့ပြောပြီးခိုင်းလိုက်တယ်။ပြီတော့ သူက
သူ့ရဲ့အဒေါ်ဆီကိုထွက်သွားတယ်။ဒီလိုနဲ့သိပွံပညာရှင်ကြီးဟာ
သူ့ရဲ့အဒေါ်နဲ့သွားရောက်တွေ့ဆြုံ့ပီး
လုပ်စရာတွေပြီမြောက်တော့ပြန်လာတာပေါ့။သူရဲ့စိတ်ထဲမှာတော့“ဒီအချိန်ဆိုရွှေငါးလေးတော့
ခေါင်းညိတ်တတ်လောက်ပြီ“လို့တွက်လိုက်တယ်။သူ့အလုပ်ခန်းကိုပြန်ရောက်လို့ကြည့်လိုက်တဲ့အခါမှာ
ရွှေငါးလေးက ခေါင်းညိတ်ပြလာရမယ့်အစား သူရဲ့တပည့်က ရွှေငါးလေးလို
ပါးစပ်ကလေးဟစိဟစိနဲ့ရွှေငါးလေးကိုပြန်စိုက်ကြည့်နေတာ တွေ့လိုက်တော့တယ်။
ရည်ညွန်း-
-ကိုယ်လုပ်နေတဲ့ ဦးတည်ချက်ကို အမြဲတမ်းသိနေရမယ်။ထိုဦးတည်ချက်ကို
မလွဲသွားဖို့ အလွန်အရေးကြီးပါတယ်။
(SHINE HOPE ပတ်ဝန်းကျင်ကသိလာသည်များကို MEMBERS အားမျှဝေပါတယ်)
** tha dasoe**

No comments:
Post a Comment