ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 10, 2011

လူထုကျန်းမာရေး (သင့် လက်တစ်ကမ်း မှ ပြဿနာများ အား အရေးပေါ် ဖြေရှင်းနည်း )

>
**Public Health**

၁။ ကော်ဖီသောက် များခြင်း
တစ်နေ့ကို ကော်ဖီ တစ်ခွက်၊ နှစ်ခွက် သောက်တာဟာ ပြဿနာ မရှိပေမယ့် ဒီထက် လွန်ကဲပြီး သောက်ရင်တော့ သင့် ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်တွေ များလာနိုင် ပါတယ်။ နှလုံးခုန် မြန်တာ၊ သွေးတိုး စေတာ၊ ကတုန်ကယင် ဖြစ်တာ၊ မောပန်း နွမ်းနယ်ပြီး ခြေလက်တွေ မသယ်ချင် ဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

**ဖြေရှင်းနည်း**
ကော်ဖီ သောက်တာကို ချက်ချင်း ရပ်ပြီး လုံးဝ မသောက်တော့ တာမျိုး မလုပ်ပါနဲ့။ သင်ဟာ ကော်ဖီကို မဖြစ်မနေ သောက်တတ်သူ တစ်ယောက် ဖြစ်မယ် ဆိုရင် တစ်နေ့ကို ကော်ဖီ တစ်ခွက် ဒါမှမဟုတ် နှစ်ခွက်ထက် ပို မသောက်ပါနဲ့။ ညဘက် အိပ်ရာ မဝင်မီ မသောက်မိ ပါစေနဲ့။ မနက်စာ စားတဲ့အခါ ကော်ဖီ သောက်ပေးတာက လုပ်ငန်းခွင် ဝင်တဲ့ အခါ တက်ကြွ ရွှင်လန်း စေပါတယ်။ ကဖင်းဓာတ် ပမာဏ များများ ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ အချိုရည်နဲ့ ဆေးဝါး တချို့ကို တတ်နိုင်သမျှ ရှောင်ပါ။

၂။ အိပ်စက်ချိန် နည်းခြင်း
အိပ်စက်ချိန် နည်းလွန်းတာကြောင့် တက်ကြွ လန်းဆန်းစွာ နိုးထမှုကို မရရှိတဲ့ အပြင် အဝလွန်တဲ့ ရောဂါပါ ဖြစ်ပေါ် လာစေပါတယ်။ လူငယ် အများစုက ဗီဒီယို ဇာတ်လမ်းတွဲများကို နှစ်ခြိုက်စွာ ကြည့်ရှုခြင်း၊ အားကစားပွဲများကို အိပ်ပျက်ခံ ကြည့်ရှုခြင်း၊ အင်တာနက် စွဲခြင်း စတာတွေကြောင့် အိပ်စက်ချိန်တွေ နည်းနေတတ် ပါတယ်။ လူကြီး၊ လူငယ်မရွေး အိပ်စက်ချိန် နည်းတာကြောင့် အိပ်ရေး မဝကာ အာရုံ စူးစိုက်အားနဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေ ပါတယ်။

**ဖြေရှင်းနည်း**
အရွယ် ရောက်သူတိုင်းဟာ တစ်ညကို အိပ်ချိန် ခုနစ်နာရီလောက် ရှိသင့် ပါတယ်။ ညဘက် အိပ်ချိန်ကို သတ်မှတ် ထားပြီး အိပ်ချိန် မတိုင်မီ ၁၅ မိနစ် အလိုမှာ အိပ်ရာထဲ ဝင်ပါ။ အိပ်ခန်းထဲမှာ ကွန်ပျူတာနဲ့ တီဗီတွေ မထားပါနဲ့။ လက်ကိုင်ဖုန်းကို ပိတ်ပြီး သင်နဲ့ ဝေးဝေးမှာ ထားပါ။ မီးမှိန်မှိန် ထွန်းပြီး တွေးတော ပူပန်မှုတွေကို ဖျောက်ကာ အိပ်စက် အနားယူပါ။

၃။ ရေဓာတ် ခန်းခြောက်ခြင်း
တစ်ခါတစ်ရံ သင့်ကိုယ်သင် သတိမထားမိဘဲ အလုပ်လုပ်ရာမှာ အာရုံတွေ လွင့်ပါးနေတာ၊ အိပ်ရေးဝဝ အိပ်စက်ခဲ့ ပေမယ့် အလုပ်ချိန်မှာ ငိုက်မျည်း နေတာ၊ လမ်းလျှောက်ဖို့ အားအင် မရှိသလို ခံစားရတာ၊ မောပန်း နွမ်းနယ်နေသလို ခံစား ရတာတွေဟာ ခန္ဓာကိုယ်က ရေဓာတ် လိုအပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်က ရေဓာတ် ခန်းခြောက်ပြီး ရေဆာနေတဲ့ အချိန်မှာ ပင်ပင်ပန်းပန်း အလုပ် မလုပ်ဘဲ ပင်ပန်း နေသလိုမျိုးလည်း ခံစား ရနိုင် ပါတယ်။

**ဖြေရှင်းနည်း**
သင့် ခန္ဓာကိုယ်က ရေဓာတ် လိုအပ်နေတာကို သိနိုင်အောင် ဆီးသွားတဲ့ အခါ ဆီး အရောင်ဝါနေရင် ရေသောက်ဖို့ လိုအပ်ကြောင်း ဖော်ပြ နေပါတယ်။ ဆီး အရောင် ဖျော့တဲ့ အထိ ရေသောက် ပေးပါ။ ချွေးထွက် များတဲ့နေ့ တွေပါ ရေများများ သောက်ပြီး ရေဓာတ် ပြန်ဖြည့် ပေးပါ။

၎။ စိတ်ဓာတ်ကျခြင်း
စိတ်ဟာ အပြောင်းအလဲ မြန်ဆန် တာကြောင့် အမြဲတမ်း စိတ်ဓာတ် တက်ကြွနေတာ မရှိသလို၊ အမြဲတမ်းလည်း စိတ်ဓာတ်ကျ အားငယ် မနေတတ်ပါဘူး။ စိတ်ဓာတ် ကျတာဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ရပ် ဆိုပေမယ့်လည်း ရုပ်ပိုင်းဆိုင်ရာ လက္ခဏာရပ်တွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ သင် စိတ်ဓာတ် ကျတဲ့အခါ မောပန်း နွမ်းနယ်တာ၊ ခေါင်းကိုက်တာ၊ အစာ စားချင်စိတ် လျော့နည်းတာ၊ အလုပ် မလုပ်ချင်ဘဲ အိပ်ရာထဲ ခွေနေချင်တာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေလည်း ဖြစ်ပေါ်နိုင် ပါတယ်။
ဖြေရှင်းနည်း
နှစ်ပတ်ကျော် ကြာတဲ့ အထိ စိတ်ဓာတ် ကျနေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ လိုပါတယ်။ ဘာသာတရားကို မေ့လျော့ မနေပါနဲ့။ တရားထိုင်တာ၊ ယောဂ ကျင့်တာတွေကို ပြုလုပ်ပေးပါ။ ပြဿနာရပ် တစ်ရပ်ကို ရှောင်ပြေးပြီး စိတ်ဓာတ်ကျ အားငယ်နေမယ့် အစား ရင်ဆိုင် ဖြေရှင်းနိုင်အောင် ကြိုးစားပါ။
၅။ သွေးအားနည်းခြင်း
အမျိုးသမီးတွေဟာ လစဉ် ဓမ္မတာ လာတာကြောင့် သံဓာတ် ဆုံးရှုံးကာ သွေးအားနည်းတာကို ဖြစ်တတ်ကြ ပါတယ်။ အမျိုးသမီး အများစု ကြုံတွေ့နေကျ ပြဿနာ တစ်ရပ် ပါပဲ။ ခန္ဓာကိုယ်မှာ သွေးနီဥတွေက အောက်ဆီဂျင်ကို လိုအပ်တဲ့ နေရာတိုင်းကို သယ်ယူ ပို့ဆောင်ပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်တာကြောင့် သွေးအားနည်း သွားတဲ့ အခါ ဒီလုပ်ဆောင်မှု နှေးကွေး သွားတာကြောင့် ပင်ပန်း နွမ်းနယ်မှုတွေ ဖြစ်ပေါ် စေနိုင် ပါတယ်။
ဖြေရှင်းနည်း
အမျိုးသမီးတိုင်းဟာ သံဓာတ် ပေါကြွယ်ဝတဲ့ အစားအစာတွေကို စားပေးသင့် ပါတယ်။ ဒါမှ လစဉ် ရာသီလာချိန်မှာ ဆုံးရှုံးသွားတဲ့ သံဓာတ်ကို ပြန်လည် အစားထိုးနိုင်မှာ ဖြစ်ပါတယ်။ သံဓာတ် ပေါကြွယ်ဝတဲ့ အစားအစာတွေက အသည်း၊ အမြစ် ကလီစာများ၊ အဆီနည်း အသား၊ ပဲမျိုးမျိုး၊ ကွေကာ၊ အစိမ်းရင့်ရောင် အရွက် စတာတွေ ဖြစ်ပါတယ်။

Ref: Swesone Media

**From-မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)