ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 20, 2011

ပခုက္ကူ တံတားကျိုး လူ ၂၀ ထက်မနည်း သေဆုံး

>
အထက်မြန်မာ နိုင်ငံတွင် ဆန်၊ ကောက်ပဲသီးနှံနှင့် ချည်ထည်များ အထူးပြု ရောင်းဝယ် ဖောက်ကားမှုဖြင့် နာမည်ကျော်သည့် ပခုက္ကူမြို့အဝင် ဧရာဝတီ မြစ်လက်တက် ရွှေတစ်ချောင်း ချောင်းကို ဖြတ်ကျော် တည်ဆောက်ထားပြီး မုံရွာ၊ မန္တလေးမြို့များနှင့် ကုန်သွယ်ရေးတွင် အရေးပါသော ရွှေတစ်ချောင်း တံတားသည် ယနေ့မနက် ၆ နာရီခန့်က မိုးများ အဆက်မပြတ် ရွာသွန်းနေစဉ် ရေလည်တိုင် ၃ တိုင် ကျိုးသွားခဲ့ပြီး တံတားအနီး တည်ဆောက်ထားသည့် ဘုန်းကြီးကျောင်းနှင့် အိမ်အချို့ ရေတွင်မျောပါကာ လူ ၂၀ ထက်မနည်း သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူ ပခုက္ကူ ဒေသခံ လုပ်ငန်းရှင် တစ်ဦးက The Voice Weekly သို့ပြောကြားသည်။

ယနေ့ နံနက်လင်းအားကြီး အချိန်တွင် ဧရာဝတီမြစ် လက်တက် ရွှေတစ်ချောင်း ချောင်းရေ မြင့်တက်လာခဲ့ပြီး တံတားအနီးရှိ RC နှစ်ထပ် ဆောက်လုပ်ထားသည့် ဖျောက်ဆိပ်ပင် ဘုန်းကြီးကျောင်းသည် ကမ်းပြိုကာ မနက် ၆ နာရီခန့်တွင် မျောပါ သွားကြောင်းနှင့် အခြား လူနေအိမ်များလည်း မျောပါမှု ရှိကြောင်း၊ လူငါးဆယ်ခန့် ရေတွင် မျောပါကာ လူ ၂၀ ဦး ထက်မနည်း သေဆုံးသည်ဟု ယူဆရကြောင်း ၎င်းက The Voice Weekly သို့ ဆက်လက် ပြောကြားသည်။

" တံတားက နှစ်ပိုင်းပြတ် ပါသွားတာ၊ သွားရေးလာရေး ခက်ခဲသွားတာပေါ့၊ မန္တလေးကို သွားချင်ရင်လည်း ဒီတံတားကို ဖြတ်ပြီးမှ သွားရတာလေ၊ တံတားဟိုဘက်မှာက ရုံးတွေ၊ စက်ရုံတွေလည်း ရှိတယ်၊ မြို့ပေါ်မှာကတော့ ပုံမှန်ပါပဲ " ဟု ပခုက္ကူမြို့ ဒေသခံ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင် ကိုရဲအောင်က ဆိုသည်။

အဆိုပါ ရွှေတစ်ချောင်း ပခုက္ကူတံတားသည် ပေတစ်ထောင်ခန့် အရှည်ရှိသည့် သံကူ ကွန်ကရစ် တံတားကြီး တစ်စင်းဖြစ်ပြီး ယင်းတံတား ကျိုးမှုကြောင့် မုံရွာ - မန္တလေးမြို့များနှင့် ဆက်သွယ် ရောင်းဝယ်နေသည့် ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံ ရောင်းဝယ်မှုမှာ ရပ်ဆိုင်းသွားဖွယ် ရှိကြောင်း ဒေသခံ လုပ်ငန်းရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။

မုံရွာမြို့တွင် သလ္လာရပ်ကွက် အတွင်းရှိ တက္ကသိုလ် အပြင်ကျောင်းဆောင်များတွင် ရေဝင်လျက် ရှိပြီး မုံရွာရဲစခန်းဝန်း အတွင်း၌လည်း ရေသုံးပေခန့် တက်နေကြောင်း၊ ဂန့်ဂေါ - ကလေး ကားလမ်းတွင်လည်း အနည်းဆုံး တံတား သုံးစင်းခန့် ရေတိုက်စားမှုကြောင့် ကျိုးသွားသည်ဟု မုံရွာဒေသခံများထံမှ သတင်းများ ရရှိသည်။

အဆိုပါ တံတားမကျိုးမှီ ပခုက္ကူ ဒေသတဝိုက်တွင် မိုးများ ၃ရက်ခန့် အဆက်မပြတ် ရွာသွန်းနေပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဝင်ရောက်ခဲ့သည် မုန်တိုင်းနှင့် ဆက်စပ်၍ စစ်ကိုင်းရွှေဘို ဒေသများတွင်ပါ ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေကြောင်းလည်း သတင်းများ ရရှိသည်။

ဆင်ဖြူကျွန်းတွင် နေထိုင်သူ ဦးသိန်းအောင်ထံမှ နောက်ဆုံး ထပ်မံရရှိသော သတင်းများအရ မကွေးတိုင်း ဆင်ဖြူကျွန်း မြို့ပေါ်တွင် ရပ်ကွက် ခြောက်ရပ်ကွက်ခန့် ရေမြုပ်နေပြီး ဆင်ဖြူကျွန်းတံတား ချဉ်းကပ်လမ်းမှာ ကျိုးသွားကြောင်း၊ မန္တလေး၊ ချောက် မြို့နယ်များမှ လာသော ကုန်စည်များ မြို့တွင်းသို့ မဝင်နိုင် ဖြစ်နေကြောင်း၊ ဆင်ဖြူကျွန်း ဒေသတစ်ဝိုက် ကျေးရွာအချို့တွင် မြေပြို၍ လူ သုံးလေးဦးခန့် သေဆုံးသည့် သတင်းများ ထွက်ပေါ်နေသော်လည်း အပျက်အစီး ဆုံးရှုံးမှုကို အတိအကျ မသိသေးကြောင်း သိရှိရသည်။

-**From--Thantsin Phyoe**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)