(Eye of the storm: Typhoon Megi approaches the northern Philippines. It is also set to hit China and Vietnam)**ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းသို့ မာလ်ဂီမုန်တိုင်း တိုက်ခတ်နိုင်**
ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကမ်းခြေဒေသသို့ မာလ်ဂီမုန်တိုင်း ၀င်ရောက်တိုက်ခတ်နိုင်ကြောင်း ဗီယက်နမ်မိုးလေ၀သဌာနက အောက်တိုဘာ ၃ ရက်၌ သတိပေးချက်ထုတ်ပြန်သည်။ ၄င်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံသို့ ၀င်ရောက်တိုက်ခတ်ပြီးနောက် ဗီယက်နမ်နိုင်ငံသို့ ဦးတည်ရွေ့လျားကာ တစ်နာရီ ကီလိုမီတာ ၁၂၀ နှုန်းဖြင့်ဗီယက်နမ်နိုင်ငံ စီရှာကျွန်းအရှေ့ပိုင်းသို့ ၀င်ရောက်တိုက်ခတ်နိုင်ဖွယ်ရှိသည်။မာလ်ဂီမုန်တိုင်းသည် တစ်နာရီလျှင် ၁၀ မိုင်မှ ၁၅ မိုင်နှုန်းဖြင့် ရွေ့လျားလျက်ရှိရာ ဗီယက်နမ်နိုင်ငံ ချုရာသိန်တွေပြည်နယ်နှင့် ကျောင်တရီပြည်နယ် အလယ်ပိုင်း ကမ်းခြေဒေသသို့လည်း ၀င်ရောက်တိုက်ခတ်မည်ဖြစ်သည်။ (အင်တာနက်)

(Sudan Airways plane crash lands after wheels jam)
**ဆူဒန်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်စက်ချွတ်ယွင်းပြီး အရေးပေါ်ဆင်းသက်**
(ခါတွန်၊ အောက်တိုဘာ ၃)
ဆူဒန်နိုင်ငံ ဆူဒန်အဲလေကြောင်းလေမှ ခရီးသည်လေတင်ယာဉ်တစ်စင်းသည် အောက်တိုဘာ ၃ ရက် နံနက်က ခရီးသည် ၄၅ ဦးကို တင်ဆောင်ပျံသန်းလာစဉ် စက်ချွတ်ယွင်းမှုကြောင့် ခါတွန်လေဆိပ်၌အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သတင်းထုတ်ပြန်သည်။ ခရီးသည် ၄၅ ဦးကို တင်ဆောင်ကာ ဆူဒန်နိုင်ငံတောင်ပိုင်း မာလာကာလ်မြို့နှင့် ခါတွန်မြို့အကြား ပုံမှန်ခရီးစဉ်ပျံသန်းစဉ် စက်ချွတ်ယွင်းမှုကြောင့် ၄င်းဖော်ကာ ၅၀ လေယာဉ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်
(Eye of the storm: Typhoon Megi approaches the northern Philippines. It is also set to hit China and Vietnam)
**ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းသို့ မာလ်ဂီမုန်တိုင်း တိုက်ခတ်နိုင်**
ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကမ်းခြေဒေသသို့ မာလ်ဂီမုန်တိုင်း ၀င်ရောက်တိုက်ခတ်နိုင်ကြောင်း ဗီယက်နမ်မိုးလေ၀သဌာနက အောက်တိုဘာ ၃ ရက်၌ သတိပေးချက်ထုတ်ပြန်သည်။ ၄င်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံသို့ ၀င်ရောက်တိုက်ခတ်ပြီးနောက် ဗီယက်နမ်နိုင်ငံသို့ ဦးတည်ရွေ့လျားကာ တစ်နာရီ ကီလိုမီတာ ၁၂၀ နှုန်းဖြင့်ဗီယက်နမ်နိုင်ငံ စီရှာကျွန်းအရှေ့ပိုင်းသို့ ၀င်ရောက်တိုက်ခတ်နိုင်ဖွယ်ရှိသည်။မာလ်ဂီမုန်တိုင်းသည် တစ်နာရီလျှင် ၁၀ မိုင်မှ ၁၅ မိုင်နှုန်းဖြင့် ရွေ့လျားလျက်ရှိရာ ဗီယက်နမ်နိုင်ငံ ချုရာသိန်တွေပြည်နယ်နှင့် ကျောင်တရီပြည်နယ် အလယ်ပိုင်း ကမ်းခြေဒေသသို့လည်း ၀င်ရောက်တိုက်ခတ်မည်ဖြစ်သည်။ (အင်တာနက်)
(Sudan Airways plane crash lands after wheels jam)
**ဆူဒန်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်စက်ချွတ်ယွင်းပြီး အရေးပေါ်ဆင်းသက်**
(ခါတွန်၊ အောက်တိုဘာ ၃)
ဆူဒန်နိုင်ငံ ဆူဒန်အဲလေကြောင်းလေမှ ခရီးသည်လေတင်ယာဉ်တစ်စင်းသည် အောက်တိုဘာ ၃ ရက် နံနက်က ခရီးသည် ၄၅ ဦးကို တင်ဆောင်ပျံသန်းလာစဉ် စက်ချွတ်ယွင်းမှုကြောင့် ခါတွန်လေဆိပ်၌အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သတင်းထုတ်ပြန်သည်။ ခရီးသည် ၄၅ ဦးကို တင်ဆောင်ကာ ဆူဒန်နိုင်ငံတောင်ပိုင်း မာလာကာလ်မြို့နှင့် ခါတွန်မြို့အကြား ပုံမှန်ခရီးစဉ်ပျံသန်းစဉ် စက်ချွတ်ယွင်းမှုကြောင့် ၄င်းဖော်ကာ ၅၀ လေယာဉ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment