(အောက်တိုဘာ ၂၈၊ မြတ်ညို -အလွတ်သတင်းထောက်)
လချီပြီးရေနစ်မြုပ်နေသည့် ထိုင်းနိုင်ငံအ၀န်းမှ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများ ခိုလှုံနေထိုင်
်နိုင်ရန် ထိုင်းအစိုးရက နခွန်းပထုန်မြို့နယ်ရှိ “၀ပ်ရိုက်ခင်ဝစ်ထယာ” ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစထားပြီးဖြစ်သည်။အောက်တိုဘာလ ၂၃ ရက်နေ့တွင်စတင် ဖွင့်လှစ်ထားသည့် ယင်း ကယ်ဆယ်ရေးစခန်းတွင်
မြန်မာ၊ ကမ္ဘောဒီယား နှင့်လာအိုနိုင်ငံ တို့မှလည်း အလုပ်သမားပေါင်း ရာချီပြီး ရောက်ရှိနေကြသည်။
မြန်မာအလုပ်သများရာချီရှိပြီး နေ့တိုင်းလည်း လာရောက်နေကြဆဲဖြစ်ကြောင်း အလုပ်သမားအကြီးအကဲ ဖြစ်သူ မအေးကပြောသည်။
“ အဆက်အသွယ်ရှိတဲ့မြန်မာတွေ စုပြီးတော့ ကိုယ့်အစီအစဉ်နဲ့ ပြန်နေတာတွေလည်းရှိတယ်၊ ကယ်ဆယ်
ရေးအဖွဲ့ နဲ့ မြန်မာအစိုးရတို့ ပြန်ပို့မယ့် အစီအစဉ် ရွှေ့ပြောင်း အလုပ်သမားများအား တစ်နေ့ထမင်းသုံးကြိမ်ကျွေးမွေးပြီး၊အလုပ်အကိုင်သစ်များရှာဖွေသည့်ဌာနနှင့် ကျမ္မာရေး ဌာနတို့ကိုပါ ပူးတွဲ
ဖွင့်လှစ်ထားသည်။ကယ်ဆယ်ရေးစခန်းသို့ရောက်ရှိနေသည့် အယုဒ္ဓယ စက်မှုဇုံမှ စီဒီပြားထုတ်လုပ်သည့်စက်ရုံမှ
အလုပ်သမမစုက“ သမီးတို့ မဲဆောက်က ပွဲစားနဲ့ တက်လာတာ၊ပတ်စပို့ဖို့ ဘတ် ၁၆၀၀၀ သမီးတို့ဆီက
ဖြတ်ထားပြီ။ဒါပေမယ့် သမီးတို့ ခုထိ ပတ်စပို့မလုပ်ရသေးဘူး။သမီးတို့ ခု ဒုက္ခရောက်လို့ ဗမာပြည်ပြန်တယ်။
ပြန်လာတော့ အဲဒီ ပွဲစားက တာဝန်မယူတော့ဘူးတဲ့။ သမီးတို့ စက်ရုံရေနစ်နေတာ သမီးတို့ ဘယ်လိုနေမလဲ၊
သမီးလို ပိုက်ဆံဖြတ်ခံထားသူတွေ ရာချီပြီးရှိတယ်” ဟုပြောသည်။
ဘန်ကောက်အခြေစိုက် နိုင်ငံတကာ အင်ဂျီအိုများနှင့် Migrant Working Group (MWG ) နှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ နှင့် ထိုင်း အလုပ်သမားဝန်ကြီးဌာန ကူဝှစ်ဝတ်ဌာန နှင့် နိုင်ငံခြား အလုပ်သားမားကြီးကြပ်ရေး မန်နေဂျာ ၊ထိုင်းအစိုးရ တာဝန် ရှိသူများ အောက်တိုဘာ ၂၆ ရက်နေ့က
အဆိုပါ ယာယီကယ်ဆယ်ရေးစခန်း၌ အစည်းအဝေး ပြုလုပ်ခဲ့သည်။
မြန်မာသံရုံ မှာဖွဲ့ စည်းထားတဲ့ မြန်မာနိုင်ငံသားများကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးကတော့ “ပြန်လို
တဲ့အလုပ်သမားတွေကို ပြန်ပို့ဖို့စီစဉ်ပေးမယ်၊ လုပ်အားခတွေ ကျန်နေခဲ့တာကိုလည်း ရရှိအောင် ကူညီပေး
မယ်၊ လောလောဆယ်တော့ ကျနော်တို့လည်း အလုပ်နဲနဲများနေတာပေါ့နှော်’’ ဟုပြောဆိုသည်။
ရေကြီးခြင်းကြောင့် မြန်မာအလုပ်သမားများ အသက်သေဆုံးမှု မရှိသေးသော်လည်း ယာယီပတ်စပို့
နှင့် နေထိုင်ခွင့် စာရွက် စာတမ်းများ ပျောက်ဆုံး/ပျက်စီးခြင်း များနှင့် လုပ်အားခ ဆုံးရှုံးခြင်း များစွာရှိကြောင်း
ရေဘေးသင့် မြန်မာအလုပ်သမားများ ပြောပြချက်အရသိရသည်။

No comments:
Post a Comment