ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 9, 2011

တူညီသောအသွားအပြန်

>
လောကမှာတူညီသောသဘောတွေရှိပါတယ်။
သက်ရောက်မှုတိုင်းတွင် တူညီသော တန်ပြန်သက်ရောက်မှုရှိသည် ဆိုတဲ့သိပ္ပံသီအိုရီလိုပေါ့။
ဘာသာတရား ရှုထောင့်ကဆိုရင်တော့ တူညီသောအကျိုးကိုခံစားရသည်။ ကိုယ်လုပ်တာက ကောင်းတဲ့အလုပ်လား။ ဒါဆို ကိုယ်ကောင်းတဲ့အကျိုးကိုခံစားရမယ်။ ကိုယ်လုပ်တာကမကောင်းတာလား။ ဒါဆိုကိုယ်ပြန်ခံစားရမှာက မကောင်းတဲ့အကျိုးဖြစ်ပါတယ်။ဒါက ကံအကြောင်းပါ။
လောကနေ့စဉ် လူ့ဘဝမှာလည်း ဒီအတိုင်းဖြစ်ပါတယ်။
ဥပမာ။ မနက်ခင်း ပဲပြုတ်အော်ရောင်းတဲ့ ဈေးသည်ရဲ့ အော်သံက ဟောဒီက ပဲ……..ပြုတ် ဆိုရင် ခေါ်တဲ့သူကလည်း လာ…..ပါဦး ဖြစ်မှာပေါ့။ ဟောဒီက ပဲပြုတ်…….ဆိုရင် လာပါဦး…….. ပေါ့။
ရောင်းသူဝယ်သူ အသံတူပါ။ ဒါက ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ စကားပါ။ သေခြာစဉ်းစားကြည့်ရင် လောကကြီးက အသွားအပြန်တူညီပါတယ်။
ဘတ်စ်ကားပေါ်မှာ ကားစပယ်ရာကို ပိုက်ဆံပေးတဲ့အခါ လက်နှစ်ဖက်နဲ့ ရိုရိုသေသေပေးရင် သူကလည်း ရိုရိုသေသေပြန်ယူပါမယ်။ သာမာန် ပေးရင်တော့ သူကလည်း သာမာန်ဘဲပြန်ယူပါမယ်။
လူနှစ်ယောက်တွေ့လို့ တစ်ယောက်က ကောင်းသောစကား စပြောရင် သူကလည်းကောင်းသောစကားကိုဘဲ ဆက်ပြောမှာပါ။ မကောင်းတာနဲ့ စရင်တော့ တစ်လျှောက်လုံး မကောင်းတဲ့စကားတွေဘဲ ဖြစ်တော့မှာပါ။

ဒါကလူတိုင်းသိထားသင့်တဲ့ သဘောတရား ဖြစ်ပါတယ်။ လူတို့နေ့စဉ် စကားပြောရမှာ အသုံးဝင်ပါတယ်။ လူတိုင်းမှာ ပင်ကိုယ်အသိတစ်ခုက တူညီစွာတုံ့ပြန်မည် . ငါ့ကိုလာအော်ရင် ငါပြန်အော်မည်။ ငါ့ကိုလာဆဲရင် ငါပြန်ဆဲမည်။ ငါ့ကိုယဉ်ယဉ်ကျေးကျေးပြောရင် ငါပြန်ယဉ်ကျေးမည်။ငါ့ကို လက်သီးထောင်ပြရင် ငါပြန်လက်သီးထောင်ပြမည်။

ပြဿနာတစ်ခုဖြစ်လို့ စကားများပြီး မခေါ်ကြတဲ့သူနှစ်ယောက်မှာ တစ်ယောက်ကစပြီး ငါ့အမှားပါကွာ။ ငါမင်းကိုဒီလို မပြောခဲ့သင့်ဘူး။ ငါ့ကိုခွင့်လွှတ်ပါ။ ဟုစပြောလျှင် နောက်တစ်ယောက်ကလည်း မင်းအမှားတစ်ခုတည်းမဟုတ်ပါဘူး။ ငါ့အမှားလည်းပါပါတယ်။ ငါလည်းမင်းကိုဒီလိုပြောခဲ့တာကို နောက်မှနောင်တရတယ်ကွာ။ ငါလည်းမပြောသင့်တဲ့စကားကိုပြောခဲ့တာဘဲကွာ။ စသည်ဖြင့် အသွင်တူစွာ စကားပြန်မည်ဖြစ်သည်။

ဒီလိုမဟုတ်ဘဲ ဟေ့ကောင် မင်းအမှားကိုမင်းသိပီလား။ ငါထပ်ပြောရဦးမလား ဟုစပြောလျှင် မင်းကိုယ်မင်းရော သိပ်တော်တယ်ထင်နေလား။ အလကားဘဝင်မြင့်နေတယ်။ ဟုစကားပြန်လာမည်ဖြစ်သည်။သူတစ်ပါးကောင်းကျိုးကိုလိုလားလျှင် သူတစ်ပါးကလည်း ကိုယ့်ကောင်းကျိုးကို ပြန်လည်လိုလားမည်ဖြစ်ပါသည်။ သူတစ်ပါးကို ကောင်းစွာကူညီလျှင် သူတစ်ပါးကလည်း ကိုယ့်ကိုကောင်းစွာကူညီမည် ဖြစ်ပါသည်။
ကိုယ်ကကောင်းကောင်းကူညီပါလျှက်နှင့် ကိုယ့်ကိုပြန်လည်မကူညီလျှင် ကျေးစွပ်သည်ဆိုလျှင် ကိုယ့်၏အတိတ်ကံသာဖြစ်ပါသည်။
ထို့ကြောင့် လောက၏တူညီသော အသွားအပြန် သဘောကို သေချာလေ့လာမှတ်သားမိပါက မိမိနေ့စဉ် ပြုမူသောအလုပ်တိုင်းတွင် ကောင်းတာလိုချင် ကောင်းတာပေးပြီး နေထိုင်ကြမည်ဖြစ်သည်။

ကောင်းကျိုးလိုရာဆန္ဒပြည့်ဝမည်ဖြစ်ပါသည်။

(

(FWD မေးလ်မှ တဆင့်မျှဝေပါသည်။)

--

ပျော်ရွှင်ချမ်းမြေ့ပါစေ....
**ya minn**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)