**မင်းကြီးရန်နောင်၏ ယိမ်းနွဲ့ပါးဓါး**(ရဟန်းသံဃာတော်များကို သတ်ဖြတ်သည့်သိုဟန်ဘွား၏
ခေါင်းဆေးမင်္ဂလာပွဲတွင် သိုဟန်ဘွားကိုခုတ်ရာ ဦးခေါင်းနှင့်တကွ ခင်းထားသည့်
ဝါပိုးဝါ ကြမ်းခင်းမှ ၀ါး ၅လုံးပါ ပြတ်သည်) *
**ရွှေဓါးဗိုလ်၏ ကိုးသင်္ချီုင်း သံဓါး**
(ဓါး ဓါးခြင်းခုတ်လျှင် ရန်သူ့ဓါးထက်ပိုင်း ပြတ်သည်။) *
**ဒွတ္တပေါင်းမင်းကြီး၏ဓား**
(တစ်ချက်ထဲနှင့် နွားလည်ပင်းအကွင်းလိုက် ပြတ်သည်။)
**စစ်ကိုင်း အသင်္ခယာစောယွန်း၏ အညိုရောင်ဓါး **
(ဆင်လည်ပင်းကို ပြတ်သည်။)
**ပထမ မင်းခေါင်(မင်းဆွေ)၏ စိန်သွားရောင်ဓါး**
(နှစ်မိုက်ခန့်ရှိသော ငွေတုံးကို ပြတ်သည်။) *
**ဗျည်းနွဲ့၏ဓါး**
(ကျောက်ထု တစ်တောင်ကိုပြတ်သည်။)

**မက္ခရာမင်းသားကြီး၏ မက္ခရာဓါး**
(ဓါး ဓါးခြင်းခုတ်လျှင် ရန်သူ့ဓါးထက်ပိုင်း ပြတ်သည်။)
” ငါတို့ရဲ့  မြန်မာသိုင်းပညာ၊ မြန်မာ့ငှက်ကြီးတောင်ဓါးဟာ
သူတစ်ပါးကို အနိုင်ကျင့်ဖို့၊ ရန်ညှိုးကို ကလဲ့စားချေဖို့၊ လူတ်ကာနဲ့
ရန်ဖြစ်ဖို့ အတွက် ထားခဲ့တာမဟုတ်ဘူး ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့ဘာသာ
ငါတို့သာသနာကို စော်ကားတဲ့ လူတွေကို ဆုံးမဖို့အတွက်သာဖြစ်တယ် “
ဆရာကြီးဦးလွင် (ပင်မပွဲကျောင်း) ။

**ဓါးကောင်းသတ်မှတ်ပုံ**
ဓါး၏အလေးချိန်မှာ အတိအကျမရှိသော်လည်း ဓါးအလယ်မှ
ကိုင်ကာလက်ဖ၀ါးပေါ်တင်ပါက ငြိမ်နေရမည်။ အရှေ့ ဘက်ကို ညွတ်ကျပါက ဦးလေးသော
ဓါးဖြစ်ပြီး၊ အနောက်ဘက်ကို ညွတ်ပါက ဓါးနှောင့်လေးသော ဓါးဖြစ်သည်။
ထိုသို့သော်ဓါးမျိုးများသည် ဓါးကောင်း စာရင်းမ၀င်ပါ။ အရှေ့ အနောက်
မညွတ်ဘဲ ငြိမ်နေသည့်ဓါးမျိုးမှ ဓါးကောင်းစာရင်းဝင်သည်။
မြန်မာသမိုင်းကြောင်းတလျှောက် ငှက်ကြီးတောင်ဓါးရဲ့  အစွမ်းကို
ရန်သူတိုင်းက လေးစားခဲ့ရသည်။ ငှက်ကြီးတောင်ဓါးဖြင့်ကစားရသော
ဓါးသိုင်းပညာရပ်များတွင် ဓားကြီး (၄)ပါး နှင့် ဓားစုံ (၁၀)ချင်းသည် ၃၇
ချင်း၏ အခြေခံဓားကွက်များဖြစ်ကြသည်။ ၃၇-ချင်းဟုသာ ဆိုသော်လည်း ဓားရေး
တစ်ချင်းလျှင် အပိုဒ်ခွဲပေါင်းများစွာပါဝင်နေပါသည်။ ၃၇-ချင်းဓားတွင်
ဓားကွက်များမှာ မျက်နှာအနီး၊လည်ပင်းအနီး စသည်ဖြင့် ပွတ်ကာ သီကာ
ကစားရသောအကွက်များ ၊ ဘယ်နှင့်ညာတပြိုင်နက်တည်း မှာပင်မတူညီသော
ဓားကွက်များ ပါဝင်သည်။ မြန်မာမင်းများလက်ထက်တွင် ဓါးရေး ၃၇ ချင်းတတ်မှသာ
တပ်မှူးအဖြစ် လည်းကောင်း၊ တပ်ဗိုလ်အဖြစ် လည်ကောင်း ခန့်အပ်သည်။
ယနေ့တိုးတက်လာတဲ့ခေတ်ဖြစ်သဖြင့် ဓါးများကိုအသုံးပြုခြင်း
နည်းလာသော်လည်း ငှက်ကြီးတောင်ဓါး၏ ဂုဏ်မှာ ညှိုးနွမ်းသွားမည် မဟုတ်ပေ။
မြန်မာမင်းများလက်ထက် ပြာသိုလ မြင်းခင်းသဘင်ပွဲတွင်
ယှဉ်ပြိုင်ရသော ဓါးပြိုင်ပွဲများတွင် ဓါးရေး ၃၇ ချင်းဖြင့်
အစွမ်းပြခဲ့ကြသည်။
ထိုဓါးရေး ၃၇ ချင်းမှာ
ဓားချီ
ဓားခင်း
မျက်နှာကာ
ဓားလှ
ဓားလျှိုး
မှောက်ထိုးရပ်
ရင်ခွဲ
အသားလှန်
ဓားခုတ်
ဇင်ယော်သုတ်
တဖက်ထိုး
ရှေ့လှည်း
နောက်လှည်း
ရွှေနှုတ်မြွက်ယာလှ
ရွှေနှုတ်မြွက်ဝဲလှ
စွန်သုတ်
ပါးကပ်
ပန်းကုံးဖြတ်
ဓားလွှင့်
ပန်းကုံးသီ၊
ဆက်ရက်ခုန်
မီးတိုင်ပြ
ပိုးချည်လွှား
သက်တင်ရေသောက်
ရွှေဘယက် လည်လျောက်
ဒေါင်းမြီးကာ
ကျားမြီးဆွဲ
ဓားရွက်
လက်ကောက်ဝတ်
မောင်းကပ်
ရွှေနှုတ်လည်လျောက်
နောက်လည်လျောက်
ဓားသွဲ့
ဓားပြ
တဖက်နှုတ်
နှစ်ဖက်နှုတ်
နောက်လှည့် တို့ ဖြစ်ပါသည်။
(၀ီကီမြန်မာမှ ကူးယူဖော်ပြပါသည်)
** ကိုတင့်**
**မင်းကြီးရန်နောင်၏ ယိမ်းနွဲ့ပါးဓါး**
(ရဟန်းသံဃာတော်များကို သတ်ဖြတ်သည့်သိုဟန်ဘွား၏

No comments:
Post a Comment