**Public Health**
အောက်တိုဘာ ၆ ရက်တွင် က ထုတ်ပြန်ခဲ့သော သြစတြေးလျ သုတေသနပညာရှင်များ၏ စာတမ်းအရ သားဦးမိခင်များအအိပ်အနေလျော့ပါးမှုနှင့် သားဖွားပြီးနောက်ပိုင်း ဖြစ်ပေါ်တက်သော စိတ်ကျရောဂါတို့သည် ဆက်စပ်မှုရှိကြောင်း သိရသည်။ သြစတြေးလျနိုင်ငံ ကင်ဘာရာတက္ကသိုလ်မှသုတေသနပညာရှင်တစ်ဦးဖြစ်သူ ကာရီသောမက်စ်က အပြည်ပြည်ဆိုင်ရာ လေ့လာချက်ပေါင်း ၁၀၀ ကျော်ကို လွှမ်းခြုံသုံးသပ်ခဲ့ရာတွင် သားဦးမိခင်များ သားဖွားပြီး၍ လအနည်းငယ်အကြာ၌ ဖြစ်ပွားတတ်သည့် စိတ်ကျရောဂါနှင့်အအိပ်အနေလျော့နည်းလာမှုတို့အကြားတွင် ဆက်စပ်မှုရှိကြောင်း တွေ့ရှိခဲ့ရသည်။ သုတေသနပညာရှင် ကာရီသောမတ်စ်က ၄င်း၏တွေ့ရှိချက်ကို သြစတြေးလျနိုင်ငံ စိတ္တဗေဒအသင်း၏ နှစ်စဉ်ညီလာခံ၌ အောက်တိုဘာ ၆ ရက်တွင် တင်သွင်းခဲ့သည်။ အအိပ်အနေလျော့နည်းလာခြင်းကြောင့် သားဦးမိခင်များသည် ၀မ်းနည်းစိတ်၊ အထီးကျန်စိတ်နှင့် မည်သည့်အရာကိုမျှ အလေးနက် မထားလိုသာ စိတ်အခြေအနေများ ဖြစ်ပေါ်လာရကြောင်း သုတေသနပညာရှင် ကာရီသောမတ်စ်က ၄င်း၏ စာတမ်း၌ ဖော်ပြသည်။

ရင်သွေးငယ်များ ညကြီးမင်းကြီး မကြာခဏ နိုးထလာတတ်မှုကြောင့် သားဦးမိခင်များအနေဖြင့် အိပ်ရေးပျက်ရပြီး စိတ်ကျရောဂါဖြစ်ပွားမှုသည် သားဖွားပြီးနောက်ပိုင်း လေးလမှ ရှစ်လအကြား ကြာမြင့်တတ်ကြောင်း ကာရီသောမတ်စ်က ၄င်း၏စာတမ်း၌ ဖော်ပြခဲ့သည်။

သားဦးမိခင်များအပြင် တစ်နေ့တာ၏ ၂၄ နာရီကာလအတွက် ခြောက်နာရီလျော့လျော့အောက်သာ အိပ်စက်ခွင့်ရသော မိန်းမသားများအတွက်လည်း စိတ်ကျရောဂါဖြစ်နိုင်ဖွယ်ရာ အလားအလာများပြားကြောင့် ကာရီသောမတ်စ်က ပြောကြားခဲ့သည်။ သားဖွားပြီးနောက်ပိုင်း တစ်နှစ်ကျော်ကာလအထိ သားဦးမိခင်များ၌ ဖြစ်ပွားတက်သော စိတ်ကျဝေဒများအား လေ့လာသုံးသပ်နိုင်ရန် သြစတြေးလျသိပ္ပံပညာရှင် ကာရီသောမတ်စ်သည် သားဦးမိခင် ၆၀ ကို လေ့လာသုတေသနပြုခဲ့ရသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- တင်မောင်လွင် **

No comments:
Post a Comment