ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 11, 2011

မိန်းမထမီအောက်မှ ကျွန်ုပ်ယောင်္ကျား

>
လူ သတ္တဝါတွင် အခြား သတ္တဝါများ အလားတူ ၂ မျိုး ၂ စား ရှိသည်။ လူ ယောက်င်္ကျား အမျိုးအစား နှင့် လူ မိန်းမ အမျိုးအစား တို့ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ယောက်င်္ကျား သည်လည်း လူဖြစ်ပြီး မိန်းမ သည်လည်း လူသာပင် ဖြစ်သည်။ လူအချင်းချင်း အတူတူမှာ ဒီအမျိုး အစားက မြင့်မြတ်သည် ဟိုအမျိုး အစားက ယုတ်ညံ့သည် ဟူသည့် အတွေး အခေါ်ကို မိမိ လက်မခံနိုင်ပါ။ ယဉ်ကျေးသူ လူမျိုးများ ကလည်း လက်မခံပါ။
အမျိုးသမီး များကို ဒုတိယ အဆင့် လူတန်းစား များဟု သတ်မှတ်ခြင်း သည်သာ သိက္ခာ မရှိသည့် လူမျိုး များ၏ လုပ်ရပ် အဖြစ် မိမိ ထင်မြင် ယူဆသည်။ အမျိုးသား တစ်ဦးသည် သူလွတ်လပ်ရာ နေထိုင် သွားလာ လုပ်ပိုင်ခွင့် ရှိသကဲ့သို့ အမျိုးသမီး တစ်ဦးသည်လည်း သူလွတ်လပ်ရာ နေထိုင် သွားလာ လုပ်ပိုင်ခွင့် ရှိရစေမည်။ အနောက် နိုင်ငံများတွင်မူ အမျိုးသမီးများကို အရာရာ ဦးစားပေးကြသည်။ အမျိုးသားများသည် အမျိုးသမီးများနှင့် ယှဉ်လာလျှင် အနစ်နာခံကြသည်။ အမျိုးသမီး များအားလည်း ချုပ်ခြယ်မှုများ မလုပ်ကြဘဲ အမျိုးသားများနှင့် တန်းတူညီမျှ အခွင့်အရေး လုပ်ပိုင်ခွင့်များ ရစေသည်။
ယောက်င်္ကျားနှင့် မိန်းမဟူ၍ ၂ မျိုး ၂ စားကွဲပြား သကဲ့သို့ ယောက်င်္ကျား၏ သဘာဝနှင့် မိန်းမ၏ သဘာဝသည် လည်း ၂ မျိုး ၂ စားကွဲပြားသည်။ ယောက်င်္ကျားတို့သည် ခန့်ငြားသည်ဟု ယူဆပြီး မုတ်ဆိတ်၊ နှုတ်ခမ်းမွေးများကို ထားရသည်ကို ကြိုက်ကြသူများ ရှိသည်။ ထိုကိစ္စကို ထိုယောက်င်္ကျားသည် ရွံစရာ ကောင်းသော အမွေးအမျှင်များကိုပင် မျက်နှာပေါ်တွင် ထူလပစ် ထားကြသည်မှာ ယဉ်ကျေးမှု မရှိဟု မည်သူ ပြောသနည်း။ မိန်းမတို့သည် သူတို့၏ ကိုယ်ခန္ဓာကို လှပတင့်တယ်သည် ဟု ယူဆပြီး၊ ရင်သားနှင့် တင်သားများကို ပေါ်လွင်စေရန် ဝတ်စားဆင်ယင်ကြသည်။ ထိုအခါမူ ထိုမိန်းမများသည်ကား ရှက်စရာကောင်းသည့် သိက္ခာမရှိသူများဟု ဆိုခြင်းမှာ သဘာဝကျ မှန်ကန်ပါမည်လား ဆိုသည်မှာ ပညာနှင့်ယှဉ်၍ စဉ်းစားကြည့်နိုင်ပါမည်။
အင်္ဂလန်တွင် နေထိုင်သူ မြန်မာအမျိုးသမီး တစ်ဦးသည် သူမ၏ လှပသော ကိုယ်လုံးကို ဖော်ပြပြီး မော်ဒယ် ဓါတ်ပုံများ ရိုက်သည်။ ထိုအကြောင်းကို မြန်မာ သတင်းဝက်ဆိုဒ်များ တွင် အပြင်းအထန်ကန့်ကွက် ဝေဖန်ကြသည်။ မြန်မာအမျိုးသမီး တစ်ဦးအနေဖြင့် သိက္ခာမရှိဟု ဆိုကြသည်။ မွတ်စလင် လူမျိုးများမှ အပ မည်သည့် လူမျိုးကမှ ကောက်ညှင်းထုတ်လို လုံအောင်ထုတ်ထားသည့် အမျိုးသမီးကိုမှ သိက္ခာရှိသည်ဟု သတ်မှတ်သည် မဟုတ်ပေ။ သိက္ခာရှိခြင်း နှင့် ကိုယ်လုံးအလှ ကို ဖော်ခြင်းမှာ တစ်ခြားစီပင် ဖြစ်ပေသည်။ ထိုသို့ ကိုယ်လုံး အလှ ဖော်သဖြင့်လည်း မည်သူကမှ အထင်သေးသည့် မျက်လုံးများဖြင့် မမြင်ကြပေ။ မြန်မာ အမျိုးသား အများစုကသာ ယောင်္ကျားစင်စစ် ဖြစ်ရက်နှင့် သဘောထား သေးသိမ်လှပြီး အလွန် သိမ်ဖျဉ်းကျဉ်းမြောင်း သည့် အမြင်ဖြင့် မိန်းမများကို အထင်သေးတတ်ကြသည်။ မြန်မာပြည်တွင်မူ ဆေးလိပ်သောက်တတ်သူ အပျိုအရွယ် မိန်းကလေး တစ်ယောက်သည် လူကြားသူကြားတွင်ပင် အစော်ကားခံရမည်၊ မိန်းမပျက်ဟု အထင်လွဲခံရမည် စိုးရိမ်ရသောကြောင့် ဆေးလိပ်မသောက်ရဲသည်ကို မိမိ မြန်မာပြည်တွင် ရှိစဉ်က ကြုံသိခဲ့ရဖူးသည်။

သြစတေးလျနိုင်ငံတွင်လည်း အခြေချ နေထိုင်ခွင့် လျှောက်ထားသည့်အခါ သြစတေးလျနိုင်ငံ၏ တန်ဖိုး (Australian Value) ကို နားလည် လက်ခံပါမည်ဟု ဝန်ခံချက် လက်မှတ်ရေးထိုးရသည်။ ထိုဝန်ခံချက်တွင် အမျိုးသမီးများ၏ ဆင်ယင်ထုံးဖွဲ့ပုံကို ရှုတ်ချကဲ့ရဲ့ခြင်း မပြုရ၊ အမျိုးသမီးများ အား သူတို့၏ ဆင်ယင် ထုံးဖွဲ့မှုကြောင့်လည်း ထိုအမျိုး သမီးအား စော်ကားသည့် အပြုအမူ အပြောအဆို မပြုလုပ်ရဟု အတိအလင်း ဖော်ပြထားသည်။

မြန်မာ အမျိုးသား တစ်ဦးသည် အနောက်တိုင်းသူ ရွှေရောင် ဆံပင်နှင့် အမျိုးသမီး တစ်ဦးကို တွဲသွားလာသည့် အခါ၊ သို့မဟုတ် လက်ထပ်ယူသည့် အခါ သူ၏ ဆွေမျိုး မိဘ အသိုင်းအဝိုင်းများက သူ့ကို အတော်စွံသည်ဟု ချီးမွမ်းကြသည်။ မြန်မာ အမျိုးသမီး တစ်ဦးမှာ အနောက်တိုင်းသား တစ်ဦးဖြင့် လက်ထပ်မည် ဆိုပါမူ မိဘများ မျက်နှာပျက်စေမည်၊ မြန်မာ အမျိုးသမီး သိက္ခာကျ စေမည်ဆိုသည်မှာကား မိမိ နားမလည်နိုင်သည့် ကောက်ကွေးနေသည့် အတွေးအခေါ်ဖြစ်ပေသည်။
ထို့အပြင်တွင်ကား အမျိုးသားတို့ဟူသည် အမျိုးသမီးများထက် ပို၍ ခွန်အားဗလရှိကြသည်။ အမျိုးသမီးများသည် အားနွဲ့သူများဖြစ်ကြသည်။ ယဉ်ကျေးသူ ပညာတတ် လူသားတစ်ဦး မှာ အားနွဲ့သူကို အားရှိသူက အနိုင်ကျင့်ခြင်း မပြုလုပ်တတ်ပေ။ ယောက်င်္ကျား စစ်စစ်တို့၏ ယောက်င်္ကျား ပီသပြီး မြင့်မြတ်သော နှလုံးသား ရှိသည်ဆိုသည်မှာ ဓါးဖြင့်ယှဉ်လာလျှင် ဓါးဖြင့်၊ ဒုတ်ဖြင့် ယှဉ်လာလျှင် ဒုတ်ဖြင့်သာ ညီတူမျှတူ ယှဉ်ပြိုင် တိုက်ခိုက်ရဲသည့် ရဲစွမ်းသတ္တိမျိုး ကဲ့သို့ဖြစ်သင့်သည်။ မိန်းမတစ်ယောက်ကို ပါးရိုက်သည့် ယောက်င်္ကျားတစ်ဦးသည် သူ့တွင် ယောက်င်္ကျားတို့၏ မြင့်မြတ်သည့် နှလုံးသား မရှိသူ ဖြစ်သည်။ သြစတေးလျနိုင်ငံတွင် မူ မည်သည့် အကြောင်းဖြင့် မဆို မိမိ၏ ဇနီး အပါအဝင် မည်သည့် အမျိုးသမီးကို မဆို ပါးရိုက်ပါက ရဲမှ ချက်ခြင်း လက်ထိပ်ခတ် ဖမ်းဆီးထားနိုင်ပြီး အမှုရင်ဆိုင်ရပြီးလျှင် ထောင်ကျသည် အထိ အပြစ်ကြီးသည်။
မိမိထိုင်းနိုင်ငံတွင် နေထိုင်ခဲ့စဉ်က မြန်မာနိုင်ငံရှိ ထိုင်းသံရုံးတွင် အမှုထမ်းခဲ့ဖူးသည့် အမျိုးသမီး တစ်ဦးနှင့် သိကျွမ်းခဲ့ဖူးသည်။ သူသည် မိမိအား မြန်မာ အမျိုးသားများသည် အလွန်ပင် အောက်တန်းကျ စက်ဆုပ်ဖွယ် ကောင်းလှသည့် ယောက်င်္ကျားများဖြစ်ကြသည် ဟု တဲ့တိုး ပြောဖူးသည်။ မိမိက သူ့အား စိတ်မဆိုးဘဲ ဘာကြောင့် ထိုသို့ ပြောရသလဲ ဆိုသည်ကို မေးမြန်းကြည့်သည်။ သူသည် ထိုင်းနိုင်ငံ၏ သံရုံးဝန်ထမ်းဖြင့် ကမ္ဘာ အရပ်ရပ်သို့ ရောက်ခဲ့ဖူးရာတွင် မြန်မာ ယောင်္ကျားများ၏ မိန်းမများအပေါ် ထင်မြင်ယူဆ ပြုမူပြောဆို ဆက်ဆံပုံသည် မွတ်စလင် လူမျိုးများထက်ပင် ဆိုးရွားလှပြီး ယုတ်ညံ့လှသည်ဟု သာဖြေခဲ့ပြီး အသေးစိတ်ကိုမူ ရှင်းပြပြောပြရမှာပင် ရွံရှာလှသဖြင့် မပြောလို ဟု ဆိုသည်။
ဤသို့ကြားသိရပြီး ကမ္ဘာ့အလယ်တွင် မြန်မာ အမျိုးသမီးများသည် မြန်မာ့ ဂုဏ်သိက္ခာကို ကျဆင်းစေခြင်း မဟုတ်ဘဲ မြန်မာအမျိုးသားများသည်သာ သူတို့၏ အမျိုးသမီးများအပေါ် ထားရှိသည့် ယုတ်ညံ့သည့် အမြင် နှင့် ဆက်ဆံပုံ တို့ဖြင့် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု ဂုဏ်ကို ကောင်းကောင်းချနေကြခြင်းသာ ဖြစ်တော့သည်ကို သိရသည်။

မြန်မာလူမျိုးများတွင် အယူအဆ တစ်ခုရှိသည်။ မိန်းမ ထမီအောက် ဝင်လျှင်၊ သို့မဟုတ် မိန်းမ ထမီတန်း အောက်ဝင်လျှင်ပင် ထိုယောက်င်္ကျားသည် ဘုန်ကံနိမ့်သည်ဟု ဆိုသည်။ ရှေးအခါက မြန်မာ သူရဲကောင်း စစ်သူကြီး တစ်ဦးသည် စစ်တိုက် ထွက်သည့် အခါတွင် မိခင်၏ ထမီစကို နားမှာပန်၍ စစ်တိုက်ထွက်ရာ သူသည် အဘယ်ကြောင့် ဘုန်းတံခိုး တောက်ခဲ့ပါသနည်း။ အဓိပ္ပါယ်မရှိသော အယူအဆ အတွေးအခေါ်များကို မျက်စိပိတ်နားပိတ်ပြီး ရှေးရိုးဓလေ့ ထုံးစံ အယူအဆဟူ၍ နားထောင်ရမည် ဆိုပါက ပညာမဲ့ရာသာ ဖြစ်ချေတော့မည်။ အကယ်စင်စစ် မိန်းမထမီ ခေါင်းတွင် ခြုံထားလင့်ကစား၊ ကျွန်ုပ် ယောက်င်္ကျားတွင် မြင့်မြတ်သည့် နှလုံးသားဖြင့် မြင့်မြတ်သည့် အမြင်ကို ထားရှိပါမူ ကျွန်ုပ်၏ဘုန်းကံ တန်ခိုး တောက်ပြောင်နေမည်ဟုသာ လက်ခံယုံကြည်ပါသည်။

**From-htar* htar---email**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)