**Public Health**
အမေရိကန် ပြည်ထောင်စုရော ဂါထိန်း ချုပ်ရေးနဲ့ ကူးစက်မှုကာ ကွယ်ရေး ဌာနကထုတ်ပြန်တဲ့ကြေ ညာချက် အရ ဆယ်ကျော်သက် တွေ ရဲ့ကြားမှာ အထူးသဖြင့်အထက်တန်း ကျောင်းသား တွေကြားမှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိလေ့ လာမှုအရ ဆေးလိပ်အလွန် အကျွံ သောက်သုံးမှုက ကျဆင်းသွားပေ မယ့် အပျော်သဘော ဖက်ရှင်သ ဘော သောက်သုံးမှုက ၁၂ ရာခိုင် နှုန်းအထိ တက်လာတယ်လို့ သိရ ပါတယ်။
ရောဂါထိန်းချုပ်ရေးနဲ့ ကူးစက် မှုကာကွယ်ရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်အရ ဌာနမှာရှိတဲ့ ဆေး လိပ်နှင့် ကျန်းမာရေးဌာနခွဲရဲ့ တွဲဖက် ဒါရိုက်တာ ဒေါက်တာ တယ်ရီပက် ချက်က “တစ်နိုင်ငံလုံး ဘယ်လိုဖြစ် နေတာလဲ ဆိုတာ စောင့်ကြည့်နေပါ တယ်။ ဆေးလိပ် ကင်းစင်တဲ့ပတ်ဝန်း ကျင်နဲ့ ဆေးလိပ် ကို ဆန့်ကျင် ကန့် ကွက်တဲ့ အသိုင်းအ၀ိုင်းလူနေမှုစရိုက် တွေဖြစ်လာဖို့ လုပ်ပေးဖို့လည်းလို ပါတယ်” လို့ ပြောပါတယ်။

သုတေသန စစ်တမ်းအရ အ ထက်တန်းကျောင်းသား ၁၁,၀၀၀ ကျော်က ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှု၊ လိင်ကိစ္စ လက်တည့် စမ်းမှု နဲ့ ကျန်းမာရေးနဲ့ မညီတဲ့ စားသောက် မှုပုံစံတွေ လုပ်နေကြတယ်လို့ သိရ ပါတယ်။
ဆေးလိပ်နည်းနည်း သောက် တယ်ဆိုတာ တစ်နေ့ကို ဆေးလိပ် တစ်လိပ်ကနေ ငါးလိပ် သောက်တာ ကိုခေါ် တာပါ။ သုတေသန ပညာရှင် တွေကတော့ တစ်နေ့ကို ၁၁ လိပ်အ ထက် သောက်တာကို ဆေးလိပ်အလွန် အကျွံသောက်တယ်လို့ သတ်မှတ်ပြီး အဲဒီလိုဆေးလိပ် အလွန်အကျွံသောက် တာမျိုး ၁၉၉၁ ခုနှစ် မှာ ၁၈ ရာခိုင် နှုန်းလောက်ရှိရာ ကနေ ၂၀၀၉ ခုနှစ် မှာတော့ ၇ ဒသမ ၈ ရာခိုင်နှုန်း လောက်ပဲ ရှိတော့ တယ်လို့ သုတေ သနပညာရှင်တွေက ဆိုပါတယ်။

အပျော် သဘောလောက် သောက် တာမျိုး ကတော့ ၆၇ ဒသမ ၂ ရာခိုင် နှုန်းကနေ ၇၉ ဒသမ ၄ ရာခိုင်နှုန်း အထိ တက်လာ တာတွေ့ရတယ်လို့ ဆိုပါတယ်။
အပျော်သဘောနဲ့ သောက်ပေ မယ့်လည်း အန္တရာယ်ရှိတာ ကရှိတာ ပါပဲလို့ ဒေါက်တာကယ်ရီပက်ချက် က ဆိုပါတယ်။
နည်းနည်း သောက်လည်း ရော ဂါရတာပဲ သေနိုင်တာပဲ။ နှလုံးရော ဂါဖြစ်နိုင်တယ်။ နှလုံးက ကျန်တဲ့ ခန္ဓာ ကိုယ်အစိတ် အပိုင်းတွေဆီကိုရောက် အောင် သွေးကို မပို့ ပေးနိုင်တော့ ဘူး။ အဲဒီလို ရောဂါဖြစ်နိုင်ခြေက လူကောင်း ထက် ဆေးလိပ်နည်းနည်း သောက်တဲ့သူက သုံးဆပိုများပါ တယ်။

ဆေးလိပ် တစ်ရက်ကို တစ်လိပ် ကနေ လေးလိပ်သောက်ရင် ဟာ့တ် အတက်ရဖို့ နှစ်ဆ များရတယ်။ အ မျိုးသမီးမှာ ဆိုရင် လုံးဝဆေးလိပ်မ သောက်သူထက် တစ်ရက်ကို လေး လိပ်အထိသောက်တဲ့သူက ကင်ဆာ ဖြစ်နိုင်ခြေ လေးဆ ပိုများပြီး အမျိုး သားဆို သုံးဆပိုများပါတယ်။
**စစ်ငြိမ်းအေး**
Ref; Reuters
မြန်မာပို့စ် သတင်းဂျာနယ် မှ ပြန်လည်မျှဝေလိုက်ပါသည်။ BADBOY
**မီးပြတိုက်**

No comments:
Post a Comment