**(ဟာဒယနှလုံး -တခဏပြုံး)**
တနေ့… တရားရုံးတစ်ခုတွင် တရားသူကြီးက ခိုးမှုတစ်ခုအား စစ်ဆေးနေလေသည်..
တရားသူကြီး – တရားခံသည် ပြစ်မှုထင်ရှားပါသဖြင့် တရားစီရင်ခြင်းကို ခံရမည် မောင်မင်းတွင် အပြစ်ရှိတာဝန်ခံလော
နောင်တကြီးစွာ ရသလော…. ဟုမေးလေသည်။
တရားခံ – ၀န်မခံပါဘူး၊ ကျွန်တော်မှအပြစ်မရှိပါဘူး…
တရားသူကြီး – အခင်းဖြစ်ပွားသောနေ့က ပစ္စည်းသက်သေ.. လူသက်သေ.. မျက်မြင်သက်သေ အားလုံးရှိတယ် ဘာငြင်း
ချင်သေးလဲ..
တရားခံ – ငြင်းပါတယ်၊ ကျွန်တော့်မှာအပြစ်မရှိပါဘူး…
တရားသူကြီး – ဒီလောက်တောင်ဖြစ်တာ.. ကဲ..လျှောက်လွှဲချက်တင်စေ…
တရားခံ – အဲ့ဒီနေကပေါ့(အခင်းဖြစ်ပွားသောနေ့) ကျွန်တော်.. ကျွန်တော့်ကောင်မလေးအိမ်ကို သွားပါတယ်..ဟိုရောက်
တော့ သူမိဘတွေလဲ မရှိကြပါဘူး.. အဲ့ဒါနဲ့ ကျွန်တော်တို့ ချစ်ရည်လူးကြတာပေါ့..ဒီလိုနဲ့ ကျွန်တော် သူ့ပခုံးလေးကို ဖက်
လိုက်တော့..
(တရားသူကြီး) အဲ့တော့ သူကဘာပြောလဲ…
(တရားခံ) ဘာမှမပြောပါဘူး… ဒါနဲ့ သူ့ပါးလေးကိုနမ်းလိုက်တော့..
(တရားသူကြီး) အဲ့တော့ သူကဘာပြောလဲ…
(တရားခံ) ဘာမှမပြောပါဘူး… ဒီလိုနဲ့ ကျွန်တော် သူ့ခါးလေးကိုသိုင်းဖက်လိုက်တော့..
(တရားသူကြီး) အဲ့တော့ သူကဘာပြောလဲ…
(တရားခံ) ပြောပါတယ်…သူက.. မောင်သာလိုချင်တယ်ဆိုရင် တို့မှာရှိတာ အားလုံးယူလို့ရပါတယ်တဲ့.
. အဲ့ဒါနဲ့ ကျွန်တော်လဲ သူအိမ်ရှေ့က LCD TV ကြီးကို မ လာတာပါ…
ဒါကြောင့် ကျွန်တော့်မှာ အပြစ်မရှိပါဘူး….
(တရားသူကြီး)ဟေ……
**From--မာမာ**

No comments:
Post a Comment