ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 11, 2011

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

> (12 dead in NE China construction site cave-in)
**တရုတ် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မျက်နှာကြက် ပြိုကျ၊ ၁၂ ဦးသေဆုံး**
(တာ့လျန်၊ အောက်တိုဘာ ၉)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် တာ့လျန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ အောက်တိုဘာ ၈ ရက်က ကွန်ကရစ်ဖြင့်ပြုလုပ်ထားသော မျက်နှာကြက်တစ်ခုပြိုကျခဲ့ရာ အလုပ်သမား ၁၂ ဦးသေဆုံးခဲ့ကြောင်း တရုတ်အရာရှိများက အောက်တိုဘာ ၉ ရက်၌ သတင်းထုတ်ပြန်သည်။ အဆိုပါ လုပ်ငန်းခွင်၌ အလုပ်သမား ၁၇ ဦးတို့လုပ်ငန်းခွင်နေစဉ် ပြိုကျခဲ့ခြင်းဖြစ်ရာ အောက်တိုဘာ ၉ ရက်နံနက်က သေဆုံးသူသုံးဦးကို ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၁၂ ဦးအထိရှိလာခဲ့ခြင်း ဖြစ်သည်။ (အင်တာနက်)

**ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း၌ ယာဉ်လေးစီး တိုက်မှုဖြစ်ပွား**
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် အောက်တိုဘာ ၈ ရက်က ယာဉ်လေးစီးတိုက်မှုဖြစ်ပွားရာ အနည်းဆုံးတစ်ဦးသေဆုံး အခြား ၉ ဦးဒဏ်ရာရရှိကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါ မတော်တဆဖြစ်ပွားမှုသည် ရီဇေးပြည်နယ် အင်န်တီပိုလိုမြို့ မေယာမုဒ်ကျေးရွာရှိ မာကို့စ်အဝေးပြေးလမ်းမကြီးပေါ်၌ ယင်းနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်က ကုန်တင်ကားတစ်စီး၊ ခရီးသည်တင်ဂျစ်ကားတစ်စီးနှင့် မောင်တော်ဆိုင်ကယ်နှစ်စီးတို့စုပြုံတိုက်မိခဲ့ခြင်းဖြစ်ပြီး တစ်ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့ကြောင်း၊ ယင်းယာဉ်တိုက်မှုနှင့်ပတ်သတ်၍ စုံစမ်းမှုများပြုလုပ်လျက်ရှိကြောင်း ဖိလစ်ပိုင်အမျိုးသားရဲအရာရှိ ခရုဇ်က ပြောကြားသည်။ (အင်တာနက်)

**အင်ဒိုနီးရှားနိုင်ငံ၌ မီးတောင်တစ်လုံး လှုပ်ရှားမှုအပေါ်သတိပေးချက်ထုတ်ပြန်**
(ဂျကာတာ၊ အောက်တိုဘာ ၉)
အင်ဒိုနီးရှားနိုင်ငံ ဆူမတြားနှင့် ဂျာဗားကျွန်းအကြား ဆန်ဒါရေလက်ကြားတွင်ရှိသော အေနက်ကရာကာတူမီးတောင်မှာ လှုပ်ရှားမှုပိုမိုပြင်းထန်လာကြောင်း မီးတောင်ဆိုင်ရာသတင်းထုတ်ပြန်ရေးအရာရှိ အန်တွန်အက်စ်ပမ်ဘူဒီက အောက်တိုဘာ ၉ ရက်၌ ပြောကြားသည်။ ၄င်းမီးတောင်သည် အောက်တိုဘာ ၈ ရက်ကအကြိမ်ပေါင်း ၅၈၈၃ ကြိမ်ခန့် လှုပ်ရှားခဲ့ကြောင်း၊ ယခင်ရက်များက တစ်နေ့လျှင် ၅၅၀၄ ကြိမ်ခန့် လှုပ်ရှားခဲ့ကြောင်း ၄င်းက အန်တာရာသတင်းဌာနသို့ ပြောကြားသည်။ ထိုသို့ မီးတောင်လှုပ်ရှားမှုပိုမိုပြင်းထန်လာမှုကြောင့် အရေးပေါ် သတိပေးမှုအဆင့်ကို တို့မြှင့်သတ်မှတ်ထားရကြောင်း၊ မီးတောင်ဝန်းကျင် နှစ်ကီလိုမီတာအတွင်း ဒေသခံများနှင့် ခရီးသွားဧည့်သည်များ ချဉ်းကပ်သွားလာခြင်းမပြုရ် သတိပေးထားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ (အင်တာနက်)

**စပိန်နိုင်ငံ မာရီယာနာကျွန်း၌ ငလျင်လှုပ်**
စပိန်နိုင်ငံ မာရီယာကျွန်းဒေသတွင် အောက်တိုဘာ ၉ ရက် ဂရင်းနစ်စံတော်ချိန် ၀၅ နာရီ ၁၃ မိနစ်က အင်အားရစ်ခ်ျတာစကေး ၅.၁ အဆင့်ရှိငလျင်တစ်ခုလှုပ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြောကြားသည်။ အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် ၁၃.၈၆၁၇ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၁၄၇.၅၃၂၈ ဒီဂရီအကြား၊ မြေအောက်အနက် ၂၀ .၉၀ မီလိုမီတာ၌ ဗဟိုပြုလှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

(12 dead in NE China construction site cave-in)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)