ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, October 7, 2011

ဟန်သစ်ငြိမ်ရဲ့ ဟိန်သစ်ငြမ်-----စကားလိမ်

>
စကားလိမ်ဆိုတာ ကာရန်အားဖြင့် ရှေ့နောက်ပြန်လှန်ကာ လိမ်ပြီး ပြောဆိုသော စကားမျိုးပဲ ဖြစ်ပါတယ်။

“မင်္ဂလာပါ” ကို... “မာကလာပင်”... “လာမလင်” ကို... “လင်မလာ”... “ဟန်သစ်ငြိမ်” ကို... “ဟိန်သစ်ငြမ်” ဆိုပြီး ပြောကြတာမျိုးပါ။ ငယ်ငယ်က တီဗွီမှာလူရွှင်တော်တွေ ခပ်တည်တည်နဲ့ ဘိုလိုမှုတ်တာလေးကို သတိရမိပါတယ်... “ဓနောတိ ခြိုက်ကင်းစ်” တဲ့။ ဘာလဲဆိုတော့ “ဓနိတော ခြင်ကိုက်” တဲ့။

ဒီတော့ကာ စကားလိမ်တွေကို ပြန်ရင်းနှီးသွားအောင် သွေးပူလေ့ကျင့်ခန်းလေး နည်းနည်းလောက် လုပ်ကြည့်ကြရအောင်ဗျာ။

တွာရတေ့ ဝယ်သာပါတမ်း = တွေ့ရတာ ဝမ်းသာပါတယ်
ဂျားကစ် စားဖူးသလီး = ဂျစ်ကားစီးဖူးသလား
မပပ် ပလုနေကဲ = မပု ပုလဲနားကပ်
အိုက်တိုး ပဂေးဆန် = အိုးတိုက်ပန်းကန်ဆေး
ယားစီး = ရည်းစား
ကေးမလောင် = ကောင်မလေး
ငပီးကြော = ငပေါကြီး
မာမရှိန်း = မိန်းမရှာ
ချယ်တစ် = ချစ်တယ်
ကျယ်တိုက်= ကြိုက်တယ်

မြန်မာအဘိဓာန်က...“ စကားလိမ် ဆိုသည်မှာ ကာရန်ကို ရှေ့နောက်ပြောင်းပြန်ပြု၍ ပြောသောစကား” လို့ ဖွင့်ဆိုထားပါတယ်။ စကားလိမ်တွေဟာ ရှေးကတည်းက မြန်မာစာပေ သမိုင်းမှာ အထင်အရှား ရှိခဲ့တာပါ။ ဦးတိုးရဲ့ ရာမရကန်မှာ “သဒ္ဒါမတတ် စာမတတ်” ကို “သဒတ်မတာ စတ်မတာ” လို့ စကားလိမ်နဲ့ ရေးတာရှိပါတယ်။ လှိုင်ထိပ်ခေါင်တင်ကတော့ နာဂဆဒ္ဒန်ဘောလယ်မှာ... “နိမှသောင် နောင်မှသိ”လို့ ရေးပါတယ်။ ဦးပုညကတော့... “လောကဓံ လံကဓော” လို့ ရေးတယ်။ ဆရာကြီးမင်းသုဝဏ်က “စကိမ်လား စကားလိမ်” ဆိုပြီး ပြောခဲ့ဖူးပါတယ်။

သစ်ဆိမ့်ဆရာတော်ကြီးကအောက်ပါအတိုင်း ဆုံးမစာ စကားလိမ် တစ်ပုဒ် ရေးခဲ့ပါတယ်။

သဒတ်မတာ စတ်မတာ၊ သဒ္ဒါမတတ်၊ စာမတတ်။
စတ္တာတော့ စောပါရော့၊ စာတတ်တော့ စာပေါရော့။
စောပါတော့၊ အပြာသောရော့၊ စာပေါတော့ အပြောသာရော့။

အင်းဝခေတ်မှာ ကြက်သွန်ခင်းဆရာတော် ကျောင်းတိုက်ဆိုပြီး ရှိခဲ့ပါတယ်။ တစ်နေ့ တိုက်အုပ် ဆရာတော်ဟာ ကုဋီ (အိမ်သာ) အတက် တံခါးဝမှာ ထုံးဖြူနဲ့ ရေးထားတဲ့ စာတန်းကို မြင်လိုက်တော့ အတော်လေး အံ့သြသွားသတဲ့။ စာက “တုံကယော အာယုစ္ဆေ” လို့ ရေးထားသတဲ့။

ဆရာတော်ကြီးခမျာ ကုဋီကိုတောင် ဖြောင့်အောင် မတက်နိုင်ဘဲ ကျောင်းပေါ်ကို ပြန်တက်လာပြီး “တုံကယော အာယုစ္ဆေ” ရဲ့ အဓိပ္ပာယ်ကို ကျမ်းဂန်တွေ၊ စာအုပ်တွေမှာ ရှာဖွေလေသတဲ့။ နောက်ဆုံး မတွေ့တဲ့ အဆုံး ကျောင်းတိုက်မှာ ရှိသမျှ ပဉ္ဇင်းရော၊ သာမဏေပါ မကျန် ခေါ်ယူပြီး မေးသတဲ့။ အဲဒီအခါ ဘယ်သူကမှ ပြန်မဖြေဘဲ ဆိတ်ဆိတ်နေကြသတဲ့။ ဒီတော့ ဆရာတော်က ငါအပြစ်ပေးမလို့ မေးတာ မဟုတ်ဘူး။ ရေးထားတဲ့ အဓိပ္ပာယ်ကို သိလိုတာကြောင့် မေးတာလို့ ပြောရတယ်။

ဒီတော့မှ ကိုရင်တစ်ပါးက တပည့်တော် ရေးထားတာပါ ဘုရား လို့ လျှောက်တယ်။ ဒီလိုဆို ကိုရင် ဘာအဓိပ္ပာယ်နဲ့ ရေးထားတာတုန်း လို့မေးတော့ ကိုရင်က... “တုံကယော အာယုစ္ဆေ ဆိုသည်မှာ တောကယုန် အရေဆုတ်” လို့ ဆိုပါတယ် ဘုရားလို့ လျှောက်တယ်။ သူ့အဖြေကိုကြားရော ဆရာတော်ခမျာ ရင်ဘတ်ကိုတီးပြီး ရယ်မောပြောသတဲ့... “အင်း... ငါ့မှာတော့ မင်းစာကိုဖတ်ပြီး အဖြေကို ကြံဆလိုက်တာ ပိဋကတ်သုံးပုံကို ကုန်သလောက်ဖြစ်သွားတာပဲဟေ...” တဲ့။

တစ်ခေတ်တစ်ခါက ထင်ရှားခဲ့တဲ့ စကားလိမ် ပဟေဠိအချို့ကို အောက်မှာ ဖော်ပြထားပါတယ်။

မေး။ ။ နမုတစ နူပေ အယုစိတ်
ဖြေ။ ။ နမတစ်စု နေပူ အရိပ်စု

မေး။ ။ သင်လယ်ပြောင် လဒေါင်ထ လဒိမမ ဒိမောင်း
ဖြေ။ ။ သောင်လယ်ပြင် လဒထောင် လဒမမိ ဒေါင်းမိ

မေး။ ။ ဝယင်ဘုံ၊ ဂျူအိုး၊ တေလာလောင်လို့၊ အ,ကိုကြောက်၊ လောက်ကလေးကကူ
ဖြေ။ ။ ဝါးရုံပင်၊ ဂျိုးဥ၊ တောင်လေလာလို့ အောက်ကိုကျ၊ လူကလေးကကောက်

မေး။ ။ သစ်ခက်ကလေး တွံကျ တွံတွံ
ဖြေ။ ။ သစ်ခွံကလေး တွဲကျ တဲတဲ

မေး။ ။ လော်ဆောသတိ ရက်တေ၏
ဖြေ။ ။ လေဆော်သတိ ရေတက်၏

ဆရာကြီး မင်းသုဝဏ်ကလည်း အလားတူ ပဟေဠိ ကဗျာမျိုး ရေးခဲ့ဖူးပါတယ်။

“စကားထာ”
တုန်ယော တွတ်ဖော တတ်ပတော
သူငယ်ချင်းရယ် သိရင်ပြော။
မပြောတတ်ဘူး ပန်းပေးတယ်
သိရင် ပြောပါကွယ်။
သိတယ် ပြောမယ် ကောင်းကောင်းမှတ်
တောယုန် တောဖွတ် တောပတတ်။
တက်ကြော ရက်ချော ဟက်တခွင်း
ဖြေပါဦးလား သူငယ်ချင်း။

ငါစဉ်းစားမယ် ခဏရယ်
ဟော... သိပါပြီကွယ်။
လွယ်လွယ်မခက် အဖြေထွက်
တောကြက် ရောချက် ဟင်းတစ်ခွက်။
(မင်းသုဝဏ်)

“မြန်မာ့ရိုးရာ စကားထာများ” စာအုပ်မှာပါတဲ့ စကားလိမ် မေတ္တာစာလေးကို ပြောပြချင်ပါတယ်။ သက္ကရာဇ် (၁၂၆ဝ) ပြည့် စော်ဘွားများ တန်ခိုးအရှိန်အဝါကြီးမားသော ခေတ်အချိန်တုန်းက မိုးနဲတပ် စော်ဘွားကြီးတစ်ဦးက မန္တလေးမြို့နေ နာမည်ကြီး သူဌေးကြီး ဦးဖေနှင့် သမီး မဦးဇွန်းတို့အား ပေးခဲ့တာလို့ ဆိုပါတယ်။

အနာဒိသော၊ အာဒိသော၊ ရာဂေါဝေါဒနေ၊ ထွာထွာရေ ကေပါစင်း၊ ရှေပါစင်း၊ ခုန်သိမ်းကပ် ဆောင်းအပေး၊ ကွာကင်းအောင် သဘင်းရော၊ ချာပနစ်ဖြင့်၊ မြာတဇစ် ဘန်မကြာအောင်၊ စန်အမြာ၊ ပိုက်လေးသည်။ သဌင်းမေးအေးဖူးနှင့် မအွန်းဇူးသမင်းရီးငဲ့ပြင်၊ သမားသီးဘုတဆောင်းကို၊ ကုစေမှင်း သဘားထော၍၊ ဟိုက်လောမည်။ ပြိုက်လောမည်။

လကောတွင် ဇနနုမီး၊ မရှန်ပြီက အရှက်ခေသည်။ သဘဆောရင်၊ သမောက်သုံးရီး၊ အပေးကလိုမို့၊ အဖက်ခေသည်။ သဘကျောပင် အပြမရီးစေဖို့၊ အကျိုဆောင်းကာ၊ အသရက်ဖြေသည်။

မယေဘဲနူလည်း နယာမကျေ။ ယေချင်ပူတိုင်းလည်း မယိုင်န။ အနေဆု အပြစ်ချိုဖို့ ဆိုလှောင်လျှင် ကျေးက ပုတ်လိုက်မည်။ လှောအချ ရှိုက်ကိုကြမ်းယင်လဲ၊ နိုက်ထန်းတဲ့ မာမာယူကို လုံကြူတွင် ပိုက်လေးမည်။
လေးကိစ္စ အယူမှာ၊ အငူကို မမျှယ်နဲ့၊ အမူကိုလည်း မရယ်နဲ့။ အငူကိုမျှယ်က အသိုတက်သည်။ အမူကိုရယ်က အသိုပက်သည်။

ဆက်ရန်တချို၊ မယောကို မချားလွန်းစေနှင့်၊ စကောကို မပြားလွန်းစေနှင့်၊ မယောချားလွန်းက အခေပွက်သည်။ စကောပြားလွန်းက လယ်ယူမည်။ မမူမဖြဲ မငီးမကြယ်၊ အရွင့်သယ် တကင့်တယ်၊ နှစ်ဆော်ကျယ် သောက်ဆယ်လုံး၊ ပြီးစုံးစုံး သဘီးကြောကို အဆင်အလျော့ရော်မှ တူမည်။

အကြက်မဖမ်း၊ မက်ကနန်းက လန်တက်ရှာ၍၊ စိမ်တကြာ ပိုက်လေးသည်။ သဌင်းမေးအေးဖူးဗျား။

အထက်က စကားလိမ်အနေဖြင့် ပါးလိုက်သော စာခွေကို စကားပြေအတည့်ဖြင့် ပြန်လည်၍ ရေးသားရမည်ဆိုလျှင်...

အနောဒိဿ သြဒိဿ၊ ရောဂါဝေဒနာ၊ ထွေထွေရာ ကင်းပါစေ၊ ရှင်းပါစေ။ ခပ်သိမ်းကုန်သော ဆေးအပေါင်း ကင်းကွာအောင် သဘောရင်း ချစ်ပဏ္ဏာဖြင့်၊ မေတ္တာစာပါ မကျန်အောင်၊ စာအမြန် ပေးလိုက်သည်။ သူဌေးမင်း ဦးဖေနှင့် သမီးမဦးဇွန်း သမီးရင်းအပြင် သမီးသားအပေါင်း တစ်စုကို ကောင်းစေမှု သဘောထား၍ ဟောလိုက်မည်။ ပြောလိုက်မည်။

လောကတွင် ဇနီးမရှိပြန်က အရှည်ခက်သည်။ သဘောဆရင် သမီးသုံးယောက် အပျိုကလေးမို့ အဖေခက်သည်။ သဘောကျရင် အပြီးမရစေဖို့ အကြောင်းဆိုက အသားရေဖျက်သည်။

မယူဘဲနေလည်း နေရာမကျ။ ယူချင်ပေလည်း မရနိုင်။ အနုဆေး အပျိုချစ်ဖို့ ဆောင်လိုလျှင် ကျုပ်ကပေးလိုက်မည်။ လှအချော ရှမ်းကိုကြိုက်ရင်လည်း နန်းထိုက်တဲ့ မူမူရာကို၊ လူကြုံပေးလိုက်မည်။

လူ့ကိစ္စ အရေးမှာ၊ အငယ်ကိုလည်း မမြှူနဲ့၊ အမယ်ကိုလည်း မယူနဲ့။ အငယ်ကိုယူက အသက်တိုသည်။ အမယ်ကိုယူက အသက်ပိုသည်။

ဆိုရန်တစ်ချက်၊ မယားကို မချောလွန်းစေနဲ့၊ စကားကို မပြောလွန်းစေနဲ့။ မယားချောလွန်းက အခက်ပွေသည်။ စကားပြောလွန်းက လူရယ်မည်။ မမည်းမဖြူ၊ မငယ်မကြီး၊ အရွယ်သင့် တကယ်သင့်၊ နှစ်ဆယ်ကျော် သုံးဆယ်လောက်၊ ပြုံးစိစိ သဘောကို အဆောအလျင်ယူမှ တော်မည်။

အကြမ်းမဖက်၊ မန်းကနက်က၊ လက်တန်းရှာ၍ စာတစ်ကြိမ် ပေးလိုက်သည်။ သူဌေးမင်း ဦးဖေဗျား။

မဦးဇွန်းဟူသော သမီးအကြီးတစ်ယောက်နှင့် သားသမီးသုံးယောက်ကို တာဝန်ယူ၍ ထိန်းသိမ်းစောင့်ရှောက်နေရသော မုဆိုးဖို သူဌေးကြီး ဦးဖေကို ငယ်ပေါင်းကြီးဖော်အနေဖြင့် အလွန်ရင်းနှီးခင်မင်စွာ စစ်ကဲကြီးသည် မုဆိုးဖိုတစ်ယောက်၏ ဘဝကို သရုပ်ဖော်လျက် မေတ္တာစာ စကားလိမ်ဖြင့် ရေးလိုက်ပုံပဲ ဖြစ်ပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် အဲဒီခေတ်အခါက စာပေအဆင့်အတန်းနဲ့ လူတွေရဲ့ ဉာဏ်ရွှင်ပုံကို သတိထားမိကြမှာ ဖြစ်ပါတယ်။ စကားလိမ်ကို နှစ်ဆင့်ခံပြီး ဝှက်တာမျိုးလည်း ရှိပါတယ်။ (ဥပမာ။ ပင်လယ် ဓားပြ။ ပင်လယ် = ကျယ်၊ ဓားပြ = တိုက်၊ ကြယ်တိုက် = ကြိုက်တယ်) အဲဒါတွေကိုတော့ စာရှည်သွားမှာစိုးတာကြောင့် နောက်တစ်ပိုင်းမှ ဆက်ပြီး ပြောပါဦးမယ်။

ခုတော့ ကြားဖူးနားဝ မှတ်မိသားမိတဲ့ စကားလိမ်တချို့ကို ပြန်လည် ဖောက်သည်ချချင်ပါတယ်။ ဒီဆောင်းပါးရဲ့ အစပိုင်းမှာ သွေးပူလေ့ကျင့်ခန်းအနေနဲ့ အနည်းငယ် ပြောပြခဲ့ပါတယ်။ အဲဒီ နမူနာတွေမှာ အရှေ့က စကားလုံးတွေမှာ အဓိပ္ပာယ် မရှိဘဲ နောက်ကစကားလုံးတွေကသာ အဓိပ္ပာယ်ရှိတာကို သတိပြုမိကြမှာပါ။

ခု ဒီအောက်မှာ စုဆောင်းပေးထားတာတွေကတော့ ရှေ့ရောနောက်ရောက် အဓိပ္ပာယ်ရှိတဲ့ စကားလိမ်တွေပါ။ ကျွန်တော်လည်း ဘယ်နေရာ ဘယ်စာမှာ ထည့်ရေးရမယ် မသိသေးပါဘူး။ ကြုံကြိုက် အားလပ်တဲ့အခါ အဲဒါတွေ သုံးပြီး ကဗျာတွေ ရေးမလား စဉ်းစားမိပါတယ်။ (ခေတ်အဆက်ဆက်က ပညာရှင်တွေကို အားကျလို့ပါ) လူကြီးမင်း၊ လူကြီးသူမတို့လည်း အသုံးတည့်ရင်တော့ဖြင့် သိမ်းကြုံးပြီးသာ ယူသွားကြပါလို့ ပြောချင်ပါတယ်။

အမောပြေ= အမေပြော
အမူးပြေ = အမေပြူး
တရုတ်အားထား = တရားအားထုတ်
တပည့်မရှား = တပြားမရှိ
အရေးမပါ= အရာမပေး
အရေးပေါ် = အလျော်ပေး
အသက်ပျောက် = အသောက်ပျက်
အသောက်မပျက် = အသက်မပျောက်
တွေ့မရှောင်= တောင်မရွှေ့
တွေ့ရာမရှောင် =တောင်ယာမရွှေ့
ဆူးလေး = ဆေးလူး

ရုံမကောင်း = ရောင်းမကုန်
ပြင်ရရော= ပြောရရင်
အသည်းယား = အသားရဲ
အရေပြား= အယားပြေ
ဆီပုံး= ဆုံးပြီ
အဆံကျွတ်= အစွပ်ကျန်
အဆုံးမသတ် = အစပ်မသုံး
အပျိုစစ်= အပြစ်ဆို

အပြောချို = အပျိုချော
အပြေးလို = အပျိုလေး
ရှစ်ခြောက် = လျှောက်ခြစ်

ရုံတင် = ရင်တုန်
ရင်ရှုပ် = ရုပ်ရှင်
သိပ်မတွေး = သွေးမတိတ်
အသက်နား = အသားနက်
အလုပ်ဖြစ် = အလစ်ဖြုတ်
အလုပ်သစ် = အလစ်သုတ်

စိတ်မပါ = စာမပိတ်
စာမလိပ် = စိတ်မလာ
အဖော်မပါ = အဖာမပေါ်
သုံးစရာ မရှိ = သိစရာမရှုံး
အဆုံးမသတ် = အစပ်မသုံး
အတိတ်၏ ခြေရာ = အတာ၏ ခြေရိပ်

စစ်ဆေး = ဆေးစစ်
အမှားမပါ = အမှာ မပါး
အမှားပေး = အမှေးပါး
အမှိုက်တောင်= အမှောင်တိုက်
အပေါက်ကျယ်= အပါယ်ကြောက်

အမှားတရံ = အမှန်တရား
အချာပင် = အချဉ်ပါ
တစ်ရာသုံးရန် = တစ်ရန် သုံးရာ
အပြီးကျော = အပေါကြီး

အရူးမက် = အရက်မူး
စူးရောက် = စောက်ရူး
ဘာစိုက်= ဗိုက်ဆာ
ဘူးယို = ဘိုရူး
ဖောင်ပြင် = ဖင်ပြောင်
ဖုန်တင် = ဖင်တုန်
အမှူးထား = အမှားထူး
အမှတ်မှား = အမှားမှတ်
မေပုလဲ = မဲပလေ

မောင်ပုလဲ = မဲပလောင်
စကောပြား = စကားပြော
အဟောပြုတ် = အဟုတ်ပြော
ရေသံ = ရန်သေ
အလုပ်ပြန် = အလံပြုတ်
အနမ်းဆိုးသူ = အနူစိုးသန်း
အကိုအောင် = အကောင်အို
အမှတ်တွေထား = အမှားတွေထပ်
စာကြက် = စက်ကြာ

ကဲ... မေဆွိတ် မိတ်ဆွေတို့ရေ... အခေါက်လု အခုလောက်ဆိုရင်ဖြင့် နမာနူ နမူနာ၊ အပမေယု ဥပမေယျတွေနဲ့အတူ စကိမ်လား စကားလိမ်တွေကို သဘောက်ပေါ သဘောပေါက်လောက်မယ်လို့ ထင်ပါတယ်။ နိုင်းအပေါက် နောက်အပိုင်းမှာ နှဆံခင့် နှစ်ဆင့်ခံရတဲ့ စကိမ်လား စကားလိမ်တွေအကြောင်းကို ပြပြော ပြောပြသွားပါဦးမည်။

မေတ္တာဖြင့်

**ဟိန်သစ်ငြမ် (ခ) ဟန်သစ်ငြိမ်**
....................................................................

**ကိုးကား၊ မှီငြမ်း**

• မြန်မာ့ရိုးရာ စကားထာများ၊ ကြည်ဦး
• မြားနတ်မောင် ပဟေဠိ (၁၊ ၂)၊ လွဏ်းမောင်
• မေးလိုရာရာ မြန်မာစာ၊ မောင်ခင်မင် (ဓနုဖြူ) မင်္ဂလာမောင်မယ် ၂၀၁၀ ပြည့် ဧပြီလ
• Anagram = စကားလှည့် စကားလိမ် စကားလွန့် စကားလူး စကားလောင်၊ ဇေယျာအိုင်ဦး (http://friendsdaygroup.ning.com/profiles/blogs/anagram-1)

**From-Thantsin Phyoe**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)