ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 15, 2011

ငယ်ဘဝ ပေါက်ကရအတွေးများ

>
(၁)
ကျွန်မ ငယ်ငယ်တုန်းကပေါ့ အဖေ နဲ့ အမေကို "မောင်နှမလို့"ထင်နေတာ။ ဘယ်သူမေးမေး အဖေ နဲ့ အမေက မောင်နှမလို့ ဘဲဖြေတယ်။ ဟီး ။ ဟုတ်ဖူးလား။ အကို တွေ အမတွေနဲ့ ကျွန်မက မောင်နှမလေ့။ အဲဒီတော့ အဖေ နဲ့ အမေကလည်း မောင်နှမပေါ့။

(၂)

ကျွန်မတို့အိမ်က တောင်ချွန်း နဲ့ ရွှေဖုန်းပွင့်တောင်တို့နဲ့ အရမ်းနီးတယ်။ တောင်ရိပ်ကျတယ်ပေါ့။ နံနက်ပိုင်း သူများအိမ်တွေ နေရောင်ရနေချိန်မှာ ကျွန်မတို့ အိမ်က ဝေလီဝေလင်းဖြစ်တုန်း။ တောင်ပေါ်က လှမ်းအော်ရင် အိမ်ကကြားရတယ်။

မြင်လည်းမြင်နိုင်တယ်။ တောင်ပေါ်ကနေ ကြားရတဲ့ပဲ့တင်သံ နဲ့ လွပ်လပ်မှု ကို အရမ်း သဘောကျတာ။ ဒါကြောင့်တောင်ပေါ်မှာ လျှောက်အော်နေကျ။ အဲဒီနေ့က စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်ဆိုတော့ ကျွန်မတို့ မောင်နှမတွေနဲ့ သူငယ်ချင်းတွေ ထမင်းချိုင့်ထုပ်ပြီး တောင်ပေါ်လမ်းလျှောက်တက်ကြတယ်။ ဝက်ခေါင်းတောင် (တောင်ပေါ်မှာဝက်ခေါင်းပုံစံလေးဖြစ်နေသော တောင်အစွန်း) ပေါ်ကနေ အမေ အဝတ်တွေ ထွက်လှမ်းတာ မြင်တော့ ကျွန်မကလှမ်းအော်လိုက်တယ် "အမေ့ထမင်းစားပြီးပြီလားးးးလားးးးးလားးးးလားးး" အမေက ပြန်အော်တယ် "ကောင်းကောင်းနေ.....သိပ်မဆော့နဲ့.....” တဲ့။ ဟင်......ဘာမှလည်းမဆိုင်ဘူး။

(၃)

ကျွန်မတို့ငယ်ငယ်က ကျောင်းမှာ ကျောင်းကျန်းမာရေးစစ်ဆေးရေး အဖွဲ့တွေလာလေ့ရှိတယ်။ လက်သည်း ခြေသည်း တွေ စစ်တယ်။ အရပ်တိုင်းတယ်၊ ပေါင်ချိန်တယ်။ ပြီးရင် လိုအပ်တဲ့ကလေးတွေကို သံချဆေးတွေလည်းပေးတယ်။ အဲဒီတစ်ခေါက်ကျွန်မကို ဆရာဝန်က သံချဆေးပေးလိုက်တယ်။ ငါးလုံးတောင်။ ဘာမှန်းလည်းမသိပါဘူး။ ပေးတော့လည်းယူလိုက်တာပေါ့။ ဆေးကပန်းရောင်လေးနဲ့ အပြားကြီးကြီးတွေ။ ကျွန်မက အင်မတန် စပ်စုတော့ ဆေးကိုလျှာနဲ့လျက်ကြည့်တယ်။ သကြားလုံးလိုပဲ ဆေးကချိုတော့စားလိုက်တာ သုံးလုံးကုန်သွားတယ်။ ခဏနေကျတော့ဖျားလာလိုက်တာ ဟီးဟီးကိုထလို့။ ဆရာမက ပြန်ခိုင်းတော့ အမေ့ရုံးကို လိုက်သွားတယ်။ ကျွန်မက အမေ့ကိုပြောလိုက်တယ် "အမေ...... ကျောင်းကျန်းမာရေးက သကြားလုံးကျွေးလို့စားလိုက်တာ ၃ လုံးကုန်သွားတယ်။ အမေ့အတွက် ၂ လုံးချန်ထားတယ်......" လို့.....။ သံချဆေးတွေမြင်ပြီး ပြူးသွားတဲ့ အမေ့မျက်လုံးကို ကျွန်မ မမေ့ဘူး။

(၄)

ကျွန်မသူငယ်တန်းတုန်းက လစဉ်လတိုင်း လပတ်စာမေးပွဲဖြေရတယ်။ ပြီးရင် ရီပို့ကတ်မှာ မိဘတွေ လက်မှတ်ထိုးဖို့ ပေးလိုက်ပါတယ်။ သောကြာနေ့မှာ ပေးလိုက်တာ။ ဆရာမက တနင်္လာနေ့ပြန်ယူလာတဲ့။ ကျွန်မ စနေ တနင်္ဂနွေ နှစ်ရက်လုံးဆော့ဖို့ပဲသတိရပြီး ရီပို့ကတ်လက်မှတ်ထိုးခိုင်းဖို့မေ့သွားတယ်။ တနင်္လာနေ့ကျောင်းရောက်မှသတိရတယ်။

ဆရာမက ဆရာကြီးနဲ့ အမြဲခြောက်တတ်တော့ စဉ်းစားလိုက်တယ် ဘာလုပ်ရမလဲပေါ့။ ခပ်တည်တည်ဘဲ အမေ့လက်မှတ်ထိုးလိုက်တယ်။ ခင်.....လို့....။ ဆရာမ.... လာတော့ခပ်တည်တည်ပဲပေးလိုက်တယ်။

(မူကြိုကတည်းက ပထမဦးဆုံး အမေ လက်မှတ်ထိုးတာကိုမြင်တော့ ထူးဆန်းလို့ အမေ့ကိုလက်မှတ် ထိုးပြခိုင်းပြီး သင်ထားတာ.....ဟဲဟဲ)

(၅)

ကျွန်မ အမေက လတိုင်းထီထိုးတယ်။ ထီသွားဝယ်တိုင်းကျွန်မ မှာလေ့ရှိတာက "အမေ့ ပေါက်တဲ့နံပါတ်ရွေးထိုးနော်"..... တဲ့။ ထီတိုက်ပြီးလို့ ထီမပေါက်ရင်ကျွန်မက မကျေမနပ် အမေ့ကို အမြဲဆူလေ့ ပြောလေ့ရှိတာက "အမေက သမီးပြောသလို ပေါက်တဲ့နံပါတ်မှ ရွေးမထိုးတာကိုး".....လို့။

(၆)

ကျွန်မငယ်ငယ်က အရမ်းဆော့ပါတယ်။ နွေရာသီကျောင်းပိတ်ရင် အခြားမြို့တစ်မြို့မှာရှိတဲ့အဘွားအိမ် သွားလည်လေ့ရှိပါတယ်။ တစ်နွေလုံးနေတဲ့နှစ်လည်းရှိပါတယ်။ အဘွားက မနက်ဆို စောစောထ ဆွမ်းတော်ကပ်တဲ့အကျင့်ရှိတယ်။ ဆွမ်းတော်ကို တောဓလေ့အတိုင်း ငှက်ပျောသီးလေး ၊ ဘီစကွတ်မုန့်လေးတွေနဲ့တင်ပါတယ်။ အဖွားလည်း ဘုရားရှိခိုးပြီးရော ကျွန်မက "စွန့်ပါ ဘုရား" လုပ်ပြီး မုန့်တွေယူစားတော့တာဘဲ။ ပြီးရင် ကျန်တဲ့ထမင်းတော့ဒီတိုင်းထားခဲ့ပါတယ်။ အဘွားက အဒေါ်ကို ဆွမ်းတော်စွန့်ခိုင်းတိုင်း မုန့်တွေမရှိတော့တာသိတယ်။ နောက်တော့အဒေါ်က လိုက်မေးပါလေရော။ မေးတဲ့အချိန် မျက်နှာစပ်ဖြဲဖြဲလုပ်တဲ့ အကို နဲ့အစ်မ အရိုက်ခံရတယ်။ ကျွန်မ အမြဲလွတ်တယ်။ ရိုက်ခံရမှာပေါ့ သူတို့က အပိုးလည်းမကျိုး မှင်လည်း မသေတာကြီးကို....။

(ငယ်ဘဝကိုသတိရမိသော ပေါက်ကရအတွေးများသာဖြစ်သည်။)

စာဖတ်သူရင်ထဲကို တစ်ခုခုပေးနိုင်မည်ဟု မျှော်လင့်လျက်......

**မေသိမ့်သိမ့်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)