ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, October 7, 2011

လူထုကျန်းမာရေး (HIV-ပိုးကို ကုသရန်အတွက်ဆေးသစ်များထွက်ပေါ်)

> **Public Health**

(အက်ဖ်-ဒီ-အေ) အမေရိကန် အစားအသောက်နှင့် ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့မှ (အိတ်ခ်ျ-အိုင်-ဗွီ) ပိုးကို ကုသရန်အတွက် ဆေးသစ် ဖြစ်သော Edurant (ဒူးရင့်) ဆေးကို အသိအမှတ် ပြုပေးလိုက်ပြီဖြစ်သည်။ ယင်းဆေးသည် (နူကလီယိုဆိုက်) မဟုတ်သော (အာရ်-အင်န်-အေ) ကို တည်မီသည့် (ဒီ-အင်န်-အေ) (ပေါ်လီမာရေ့စ်) ဖြစ်သည်။

အဆိုပါဆေးကို (ဂျွန်ဆင်-အင်န်-ဂျွန်ဆင်) ၏ လက်အောက်ခံ (တိုင်ဘိုတက်ခ်-သာရာပြူးတစ်) မှ ဈေးကွက်တွင် ရောင်းချမည် ဖြစ်သည်။ ၄င်းကုမ္ပဏီမှ (အိတ်ခ်ျ-အိုင်-ဗွီ) ဆေးများ ဖြစ်သော Intelence (Etravirine) နှင့် Prezista (Darunavir) တို့ကိုလည်း ရောင်းချနေပေသည်။

“လူနာတွေဟာ (အိတ်ခ်ျ-အိုင်-ဗွီ) ဆေးတွေကို တုံ့ပြန်ပုံရော၊ ဘေးထွက်-ဆိုးကျိုးတွေ ရတာမှာပါ မတူကြဘူး။ (အက်ဖ်-ဒီ-အေ) ကနေ အခုလို ဆေးသစ်ကို အသိအမှတ် ပြုလိုက်တယ်ဆိုတော့ ဆေးကုနေရတဲ့ လူနာတွေအတွက် ရွေးချယ်စရာ လမ်း ပိုရလာတာပေါ့” ဟု (အင်တီ-မိုက်ခရိုဘီရယ်) ထုတ်ကုန်များဆိုင်ရာ (အက်ဖ်-ဒီ-အေ) ရုံး ဒါရိုက်တာ ဒေါက်တာ (အက်ဒွပ်-ကောက်စ်) ကပြောသည်ဟု (အက်ဖ်-ဒီ-အေ) သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အသိအမှတ်ပြုချက် အသစ်ကြောင့် (အိတ်ခ်ျ-အိုင်-ဗွီ) ဆေးစာရင်းထဲတွင် (အင်န်-အင်န်-အာရ်-တီ-အိုင်) အမျိုးအစားသစ် တခု တိုးလာပေသည်။ အလားတူ (ဒူးရင့်) နှင့် (ထရူဗါဒါ) ပေါင်းစပ်ထားသော ဆေးကိုလည်း (အက်ဖ်-ဒီ-အေ) မှ အသိအမှတ် ပြုရန် အလားအလာ တိုးလာသည်။

(အထရီပါ) ဆေးအစား သုံးနိုင်ရန် တွဲဆေးလုံးကို (ဂီးလ်လိဒ်-ဆိုင်းယင့်စ်) မှ ထုတ်လုပ်ရန် ရှိသေးသည်။ ယင်းအတွက် (ဂီးလ်လိဒ်) မှ ၂ဝ၁ဝ နိုင်ဝင်္ဘာကတည်းက အသိအမှတ်ပြုမှုကို လျှောက်ထားခဲ့ရာ သြဂုတ်လတွင် အဆုံးအဖြတ်ရမည်ဟု ခန့်မှန်းထားသည်။

(ဒူးရင့်) ဆေးကို အသိအမှတ်ပြုခဲ့ခြင်းမှာ ဆေးသစ်ကို သတိမမူသည့် (အိတ်ခ်ျ-အိုင်-ဗွီ) လူနာများအား စမ်းသပ်သည့်အခါ (ဆပ်စ်တီဗာ) ဆေးကဲ့သို့ပင် ထိရောက်ကြောင်း တွေ့ရှိရ၍ ဖြစ်သည်။ (ဆပ်စ်တီဗာ) ဆေးသည် အမေရိကားတွင် အများဆုံး သုံးနေသော (အင်န်-အင်န်-အာရ်-တီ-အိုင်) ဆေးမျိုး ဖြစ်သည်။ ထို့ပြင် လောလောဆယ် ကုထုံး လမ်းညွှန်များ အရ ယခင်က (အိတ်ခ်ျ-အိုင်-ဗွီ) ကို မကုသဘူးသေးသူများအတွက် ရွေးချယ်သင့်သော (အင်န်-အင်န်-အာရ်-တီ-အိုင်) ဆေးလည်း ဖြစ်သည်။ (ဆပ်စ်တီဗာ) သည် အသုံးများသော (အင်တီ-ရီထရို-ဗိုင်းရယ်) ကုထုံးဖြစ်သည့် (အထွီပလာ) ၏ အစိတ်အပိုင်း တခုလည်း ဖြစ်သည်။

၄၈ ပါတ် ကုသပြီးနောက် (ဒူးရင့်) ဆေး သုတေသနပြုချက်တွင် ပါဝင်သည့်လူနာ ၈၃% သည် (ဗိုင်းရပ်စ်) ဖိနှိမ်မှု တနည်းအားဖြင့် သွေးထဲတွင် (အိတ်ခ်ျ-အိုင်-ဗွီ) ပိုး ရှာမတွေ့လောက်အောင် နည်းစေမှုကို ရလာစေသည်။ (ဆပ်စ်တီဗာ) ဆေးပေးသူများတွင် ၈ဝ% ထိုသို့ ရစေသည်။

(ဒူးရင့်) ဆေး ၂၅ မီလီဂရမ်ကို တနေ့ ၁ ကြိမ် အစာနှင့်တွဲ သောက်ရသည်။ (အက်ဖ်-ဒီ-အေ) မှ အသိအမှတ်ပြုသည်မှာ ယင်းဆေးအား အခြား (အင်တီ-ရီထရို-ဗိုင်းရယ်) ဆေးများနှင့် တွဲဖက်သုံးရန် ဖြစ်သည်။

(အက်ဖ်-ဒီ-အေ) သတင်းထုတ်ပြန်ချက်ထဲတွင် (ဒူးရင့်) သည် (ဆပ်စ်တီဗာ) ကဲ့သို့သော အားနည်းချက်များ မရှိကြောင်း၊ ဆေးသုတေသန လုပ်စဉ်က (ဒူးရင့်) ဆေးသောက်ရန် ပျက်ကွက်ခဲ့သူများတွင် (ဆပ်စ်တီဗာ) ဆေးမသောက်သူများထက် ဆေးယဉ်ခြင်း အဖြစ်မြန်သည်ကို တွေ့ရှိခဲ့ရသည်။

ထို့ပြင် ဆေးသုတေသန လုပ်စဉ်က (ဗိုင်ရယ်လ်-လုတ်) များသော တနည်းအားဖြင့် သွေးထဲတွင် ဗိုင်းရပ်စ်အရေအတွက် ၁ မီလီလီတာတွင် ကောင်ရေ ၁ သိန်းထက် များသော သူများ၌ (ဗိုင်ရယ်လ်-လုတ်) နည်းသူများလောက် (ဗိုင်းရပ်စ်) ဖိနှိမ်မှု မရသည်ကို တွေ့ရှိရသည်။ (ဗိုင်ရော်လောဂျစ်-ဖေလူယာ) ခေါ် ဗိုင်းရပ်စ်ဆေး ကုမရခြင်းကို ၁၃% တွင် တွေ့ရသည်။ (ဆပ်စ်တီဗာ) ဆေးနည်းက ထိုးသို့ ဖြစ်နိုင်ချေ ၉% ရှိသည်။

(ဒူးရင့်) ဆေး၏ ဘေးထွက်-ဆိုးကျိုးများမှာ (ဆပ်စ်တီဗာ) နှင့် သဘောသဘာဝရော ဖြစ်နိုင်ချေပါ တူညီသည်။ အမျိုးဆုံး ဖြစ်နိုင်သည်မှာ စိတ်ဓါတ်ကျခြင်း၊ အိပ်မပျော်နိုင်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် အနီပြင်ထွက်ခြင်းတို့ဖြစ်သည်။ ဘေးထွက်-ဆိုးကျိုးကြောင့် (ဒူးရင့်) ဆေးသုံးသူ ၂% နှင့် (ဆပ်စ်တီဗာ) ဆေးသုံးသူ ၇% တို့က ဆေးရပ်ပြစ်ကြသည်။

(ဒူးရင့်) ဆေးကို ဇွန် ပဌမလဝက်အတွင်း ဆေးဆိုင်များသို့ပို့ရန် မျှော်လင့်ကြောင်း (တီဗိုတက်ခ်) ကိုယ်စားလှယ်တဦးမှ ပြောကြားလိုက်သည်။ ဆေးတန်ဘိုးမှာ ဆေး ၁ လုံးလျင် ၂၁ ဒေါ်လာ၊ တနှစ်စာ ၇၇ဝဝ ဒေါ်လာ ကုန်ကျမည် ဖြစ်သည်။ (ဆပ်စ်တီဗာ) ဆေးတန်ဘိုးမှာ တနှစ်စာ ဒေါ်လာ ၇၂ဝဝ ရှိသည်။ အဆိုပါတန်ဘိုးများသည် ပုံမှန် လူကြီးတဦးလျင် တနေ့ ၆ဝဝ မီလီဂရမ်ဖြင့် တွက်ထားခြင်းဖြစ်သည်။

(တီဗိုတက်ခ်) မှ ၄င်း၏ ဝင်ငွေနည်းပါးသူများအား အခမဲ့ဆေးထောက်ပံ့ရေးအစီအစဉ်နှင့် အခြား လူနာအကူအညီ (ပရိုဂရမ်) များသို့ပါ (ဒူးရင့်) ဆေးကို ထည့်သွင်းမည်ဖြစ်သည်။

ကဲသူငယ်ချင်းတို့ရေ မြန်မာပြည်ကို ဒီဆေး ရောက်ဖို့ကတော့မလွယ်သေးပါဖူး..ဒေါ်လာနဲ့ဆိုတော့ တွက်ကြည့်ကြပေတော့ဗျာ.။
၎င်းရောဂါဆိုးကြီးကနေ လူတိုင်းလွတ်မြောက်နိုင်ကြပါစေ..။

အားလုံးလေးစားစွာဖြင့်

**အောင်နိုင်သူ**

**မီးပြတိုက်**

**Public Health**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)