ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, October 14, 2011

Typing Error

>
“အစ်ကိုတို့ဗျာ …… အစ်ကိုတို့ဗျာ …..”
ကျွန်တော်တို့ ထိုင်နေသော လက်ဖက်ရည်ဆိုထဲသို့ သံချောင်းတစ်ယောက်ဝင်လာရင်း ပြောချင်တာတွေ များနေသောကြောင့်ထင်ရသည် ။ စကားမဆက်ဖြစ်ပဲ ကျွန်တော် ငှဲ့ထားသော ရေနွေးခွက်ကို ကောက်မော့လိုက်သေးသည် ။ သံချောင်းဆိုတဲ့ကောင်လေးက ကျွန်တော်တို့ အဖွဲထဲမှာ အသက်အငယ်ဆုံး ။ သူ့ကို အသက်ငယ်တယ်လို့ပြောလို့ ကျွန်တော်တို့ကိုလည်း အသက်ကြီးတယ်လို့မထင်နဲ့အုံး။ အခုမှ ၃၅ ကျော်ခါစ လူပျိုလေးတွေပါ ။ ဒီကောင်လေးက ကျွန်တော်တို့နဲ့ ခင်တာမကြာသေးပေမယ့် ကျွန်တော်တို့ တစ်ဖွဲလုံးက ညီလေး တစ်ယောက်ကို ချစ်နေကြတာ … ။ သံချောင်းက အရမ်းဆင်းရဲ့တဲ့သူမဟုတ်ပေမယ့် ချမ်းသာတဲ့သူလည်း မဟုတ်ဘူး။ ပုံမှန်အသင့်အတင့်ပေါ့ ။ ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီးဖွင့်ထားတဲ့ အင်တာနက်ဆိုင်မှာ လာလာသုံးရင်းနဲ့ ခင်သွားတာပါ ။ ကျောင်းပြီးကာစ ယောင်ချာချာနဲ့ ဘာလုပ်ရမှန်းမသိသေးတဲ့ ကောင်လေးတစ်ယောက်ပေါ့ ။
“အစ်ကိုတို့ …. တော်တော်ဆိုးတဲ့သူတွေပဲ …. အခုလိုတော့ မလုပ်သင့်ဘူးဗျာ”
ကျွန်တော်တို့ သူငယ်ချင်းတစ်စုလည်း တစ်ယောက်နဲ့ တစ်ယောက် မေးဆက် ပြရင်း ဘာများလုပ်မိကြလဲလို့ စဉ်းစားရပြီပေါ့ ။ ဒီကောင်လေးက အငယ်ဆုံးလည်းဖြစ် ညီတစ်ယောက်လိုလဲ ဖြစ်နေတော့ ကျွန်တော်တို့ သူ့ကို မကြာခဏ စနေကြ ဖြစ်နေတာကိုး ။
“ဘာတွေဖြစ်နေတာလဲ ကောင်လေးရ …. အေးဆေးပြောပါအုံး …. ဒီကောင်တွေ ဘာတွေ ကြပ် လိုက်လို့လဲ”
သံချောင်းက ကျွန်တော့ကို မျက်ဒေါင့်နီကြီးဖြင့်လှည့်ကြီးပြီး …
“ဘယ်သူမှ ကျပ်တာမဟုတ်ဘူး ကိုသူရပဲ လုပ်တာလေ”
ကျွန်တော် သောက်နေတဲ့ ရေနွေးကြမ်းတောင် သီးသွားတယ် ….
“ဟ … ကောင်လေးရ … ငါဘာလုပ်မိလို့လဲဟ ….”
သံချောင်းက ရှုတည်တည် မျက်နှာဖြင့်ပင် စားပွဲပေါ်သို့ ဖိတ်စာတစ်ဆောင် ပစ်တင်ပေးရင်း
“အစ်ကို ဘာလုပ်လဲဆိုတာ ဒီမှာကြည့်လေ …. တစ်ခြားဟာ စတာ ဘာမှ မဖြစ်ပါဘူးဗျာ … ဒါမျိုးမှာ စတာတော့ မကောင်းပါဘူး အစ်ကိုရာ … အခုဘယ်လိုလုပ်ရမလဲ ဖိတ်စာတွေက ဝေပြီးတာတွေဝေပြီးနေပြီ …. ကျွန်တော်လည်း အစ်ကိုတို့ကို ယုံလို့ သေချာပြန်မစစ်မိဘူး … အစ်ကိုတို့ ဒီလောက်ထိ စမယ် နောက်မယ်လို့လည်း ကျွန်တော်မထင်လို့ပေါ့ ….”
ဒီကောင်လေး ဘာတွေပြောနေပါလိမ့် ဆိုတဲ့ အတွေးနဲ့ …. စာပွဲပေါ်က ဖိတ်စာကိုကြည့်လိုက်တယ် ။ တစ်ခြားဖိတ်စာတော့ မဟုတ်ပါဘူး သံချောင်းနဲ့ သူ့ကောင်မလေးနဲ့ မင်္ဂလာဆောင်ဖိတ်စာပါ ။ မြင်တာနဲ့သိတယ် ။ သိမှာပေါ့ ကျွန်တော် ကိုယ်တိုင်ရိုက်ပြီး ကျွန်တော်တို့ ဆိုင်က ထုပ်ပေးလိုက်တာကိုး ….။
“ကြည့်စရာ မလိုပါဘူးကွ အဲဒါ ငါကိုယ်တိုက် ရိုက်ပေးလိုက်တဲ့ ဖိတ်စာပဲဟာ …. ဖိတ်စာက ဘာဖြစ်လို့လဲ …”
သံချောင်းက စိတ်မရှည်သလိုပုံစံဖြင့် …
“ဟာ… အစ်ကိုကလဲ … ဒီမှာကြည့်ဗျာ … ဒီမှာကြည့်”
ဖိတ်စာ ထိပ်စည်းမှ ပန်းစလုံးကို ရွှေရောင် တောက်တောက်ဖြစ် လှပစွာရေးထားသည်က.....

“မင်္ဂလာလုပ်ထပ်ပွဲ ဖိတ်ကြားလွှာ”

သေပြီဆရာ …. ကိုယ့်မျက်လုံးကိုယ် သေချာပွတ်ပြီး နောက်တစ်ခေါက်ပြန်ကြည့်ကြည့်တယ် စလုံးတွေကတော့ ပြောင်းမသွားဘူး လုပ်ထပ်ပွဲကတော့ လုပ်ထပ်ပွဲပါပဲ ။ အင်း… လပ်ထပ်ပွဲနဲ့ လုပ်ထပ်ပွဲ အဓိပ္ပာယ်ချင်းတော့ သိပ်မကွာပါဘူး ဟီး….။

ထောင်းကနဲထလာတဲ့ ရယ်ချင်စိတ်ကို အတင်းကြိတ်မှိတ်မျိုသိပ်ပြီး ရေနွေးကြမ်းတစ်ခွက် ဖိသောက်လိုက်တယ် ။ ဟုတ်တယ်လေ ဒီအချိန်မှာ ထရယ်ရင် လူသတ်မှုတွေတောင် ဖြစ်နိုင်တာကိုး …။သူငယ်ချင်းတွေကို လှမ်းကြည့်လိုက်တော့ သူတို့ကလည်း ပြုံးစိပြုံးစိနှင့် ။
ဒါလောက်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ ။ မောင်သံချောင်း ကျွန်တော့ကို ထပ်ပြသေးတယ် ။ ဖိတ်စာရဲ့ နောက်ဆုံးမှာရေးထားတာ …
“လက်မဖွဲ့ခြင်းသည်းခံပါ”
အမှန်က “လက်ဖွဲခြင်းသည်းခံပါ” ဆိုတာ ဖြစ်မယ်ထင်တယ် ။ အင်း မြန်မာစာ မြန်မာစကား တော်တော်ဆိုးတာပဲ “မ” လေးတစ်လုံးပိုတာနဲ့….
ဘယ်လိုမှ ထိန်းမရတဲ့ ရယ်ချင်စိတ်ကို ချောင်းဆိုးသံအဖြစ်ပြောင်းပြီး မသိမသာ ခိုးရယ်ရတာပေါ့ ။
“အဟွတ် …. အဟွတ် … အဟွတ် …. ဟုတ်သားပဲဟ …. အဲနေ့က မင်းဖိတ်စာရော တစ်ခြား အသုဘ ဖိတ်စာရော အရေးကြီးလို့ဆိုပြီး တစ်ညလုံး ထိုင်ပြီး ရိုက်နေလိုက်တာ အဲဒါရောသွားတာဖြစ်မယ် …. ဘယ်နှယ့်လုပ်ကြမတုံး …”
“မင်းတို့ ကောင်တွေကလဲ ဖိတ်စာထုပ်တာ စာလုံးပေါင်းလေး ဘာလေး ပြန်မစစ်ဘူးလား…”
မပြေးသော်လည်း ကန်ရာရှိ ဆိုသလိုပဲ ဘာမှ မဆိုင်တဲ့ ကျွန်တော့သူငယ်ချင်းတွေကို ဟောက်ကြည့်သေးပါတယ် ။ မရပါဘူး ….
“ငါတို့နဲ့ ဘာဆိုင်လို့လဲဟ မင်းဟာမင်း အိပ်ချင်မူးတူးနဲ့ စာစီပြီးတော့ … မင်းထုပ်ဆိုလို့ ငါတို့ထုပ်တာပေါ့ …. မင်းမှားတာလဲကြည့်အုံးလေ ခေါင်းစည်းစာလုံးကြီးမှ မှားရလား”
“ဆော်ရီးပါ သံချောင်းရာ ငါမင်းကို စတာမဟုတ်ပါဘူး အဲဒါ တစ်ကယ်ကို မှားသွားတာပါကွာ … typing error ပေါ့”
“အခု ဖိတ်စာတွေက ဘယ်လောက်ဖိတ်ပြီးပြီလဲ အကုန်ပြီးပြီလား”
သူငယ်ချင်းတစ်ယောက်က ၀င်မေးသည်။
“အကုန်လုံးတော့ မဖိတ်ရသေးပါဘူးဗျာ ကျွန်တော်တို့ ရပ်ကွက်ထဲပဲ ဖိတ်ရသေးတယ် …. တော်သေးတာပေါ့ ကျွန်တော့သူငယ်ချင်းတွေ ၀ိုင်းစမှ ကျွန်တော်လည်း သေချာကြည့်မိတာ … ကျွန်တော်လည်း အစ်ကိုတို့ကို ယုံတော့ ပြန်မစစ်မိဘူး”
ကျွန်တော့ သူငယ်ချင်းက
“ဒါဆိုတော်သေးတာပေါ့ …. စိတ်မညစ်ပါနဲ့ကွာ ငါတို့ ဖိတ်စာတွေအကုန်လုံးကို ဒီညအပြီးပြန်ရိုက်ပေးမယ် …ဟုတ်ပြီးလား မနက်ကျရင် လာယူလိုက်”
“ဒါဆိုရင်လည်း ပြီးရောဗျာ … ရပ်ကွက်ထဲက လူတွေကတော့ ဘာမှမဖြစ်ပါဘူး …. ပြီးမှ အကျိုးအကြောင်းပြောပြီး ဖိတ်စာအသစ်ပြန်ဝေလိုက်တော့မယ် … မနက်တော့ပြီးအောင်လုပ်ပေးနော်”
ကျွန်တော်ကတော့ ပြုံးဖြီးဖြီးနဲ့ပဲ ….
“စိတ်ချပါ သံချောင်းရယ် ….. အခုကလည်း စချင်လို့မဟုတ်ပါဘူး …. Typing error ပါကွာ tyipng error ပါ”
အော် typing error ကြောင့်ပဲ ကျွန်တော်တို့ရဲ့ ညနေခင်း လက်ဖက်ရည်ဝိုင်းလေးမှ အလုပ်ခန်းစီသို့ ပြန်လည် သုပ်ခြေတင်ခဲ့ရပါတော့တယ်ဗျာ ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)