**(နိုဝင်ဘာ ၁၆- မြတ်ညို-အလွတ်သတင်းထောက်)**
မဟာချိုင်နယ်မြေ ပုဇွန်အလုပ်ရုံ တခုတွင် တစ်နေ့ကို၁၆ နာရီထက်မနည်း ခိုင်းစေခံနေရသည့် အသက်၁၃နှစ်နှင့်၁၅ နှစ်အရွယ် ကလေးအလုပ်သမား၂ဦးအပါ အ၀င် မိသားစု ၇ဦးတို့အား မဟာချိုင်
အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးနှင့် BAT တို့ပူးပေါင်း ကယ်တင်နိုင်ခဲ့သည်။
၎င်းတို့သည် စမွတ်စာခွန် ခရိုင် အာဖေမွန် တာဘွန် စုန်ခမ်း ခြံအမှတ် ၄၇/ ၅ တွင် ရှိသော အဆိုပါ
ပုဇွန်အခွံခွာ အလုပ်ရုံတွင် မြန်မာအလုပ်သမား ၂၀ ကျော် လုပ်ကိုင်နေသည့် အလုပ်ရုံမှ အလုပ်သမား
များဖြစ်ကြသည်။
မဟာချိုင်တွင် ခေတ္တဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ထွက်ပြေး ရောက်
ရှိလာသော မိဘနှစ်ဦးဖြစ်သည့် ဦးငွေဌေး နှင့် ဒေါ်မြင့်ဌေး တို့ က အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။
ဒေါ်မြင့်ဌေးက ‘ ကျမ လက်ကလှုပ်မရအောင်ဖြစ်နေလို့ ဆေးကုမယ်ဆိုပြီးထွက်လာတာ၊ ဒီမှာ အကူညီ
ပေးနိုင်တဲ့ အဖွဲ့ ရှိတယ်ကြားလို့ ပါ။ မလုပ်နိုင်လို့ လည်းမရဘူးလုပ်ငန်းရှင်က အမျိုးသမီးတစ်ယောက်ကို
ခေါ်ပြီးတော့ ရိုက်ခိုင်းတယ်၊ပါးကို၂ချက်ရိုက်တယ်၊ ခြေထောက်နဲ့ တစ်ချက်ကန်တယ်၊ ကျမခင်ပွန်းကို လည်း
ခြေထောက်နဲ့ ကန်တယ်’’ ဟုပြောသည်။
အလုပ်သမားမိသားစုတို့တွင် ဘတ်လုပ်ထားသည့် ငွေများအားလုံးကျေသည့်အခါ ဘတ်တောင်းသဖြင့်
လုပ်ငန်းရှင်အမျိုးသမီးက ပုလိပ်ကိုခေါ်၍ဖမ်းခိုင်းသဖြင့် ၄နာရီကြာရဲစခန်းတွင် နေခဲ့ရပြီး ဘတ်ငွေ ၄၀၀၀
ပေးခဲ့ရကြောင်း ဦးငွေဌေး ကပြောသည်။
အသက်၁၃ နှစ်အရွယ် မောင်အာကာ က” ကျနော်တို့ မနက် ၃နာရီမှာထရတယ်၊ နားချိန်မရှိဘူး၊ည
၈နာရီထိလုပ်ရတယ်၊ ကျနော့အစ်မ မှာဆိုရင် လက်တွေမှာ ယားနာတွေနဲ့ ဖြစ်နေတယ်၊ အိပ်ရေးလည်း
မ၀ဘူး’’ ဟုပြောသည်။
ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ(့ BAT ) တာဝန်ခံ ဦးကျော်သောင်းက
‘မဟာချိုင် လ၀က နဲ့  ကျဟာငန်း လို့ခေါ်တဲ့ အလုပ်သမားအခွင့်အရေးကာကွယ်ရေးအဖွဲ့ နဲ့ သွားကြတယ်၊
အလုပ်ရုံကို ပထမတစ်ခေါက်သွားတယ်၊ လုပ်ငန်းရှင် အမျိုးသမီး ၂ဦးနဲ့ အလုပ်သမားမိသားစုကိုခေါ်ပြီး တော့
လ၀က ရုံးကိုပြန်လာတယ်။ နောက်တစ်ခေါက် ပြန်သွားပြီးတော့ ကျနော်နဲ့ ဘာသာပြန် ကိုနေလင်းအောင်
ကို ထားခဲ့ပြီး သူတို့ ပြန်သွားတယ်၊ အလုပ်သမားမိသားစုတွေနဲ့ အထုတ်အပိုးတွေ ၀ိုင်းသယ်ကြရတယ်၊
ဆိုလိုတာက ကျနော်တို့ က အကာအကွယ်မရှိပဲ အလုပ်ရုံမှာကျန်နေခဲ့ရတယ်။ သေနတ်နဲ့ ပစ်သတ် မခံရတာကံကောင်း’’ဟုပြောသည်။

No comments:
Post a Comment