ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, November 2, 2011

နတ်သား နတ်သမီးနှင့်တူသော လင်မယားအဖြစ်ပေါင်းသင်းနိုင်ပါစေ

>
လောကမှာ အမျိုးသားနဲ့ အမျိုးသမီး လက်ထက်ထိမ်းမြားကြတဲ့အခါ ဘဝတစ်လျှောက် ခရီှးရှည်ကြီး သွားရတဲ့အခါ အချင်းချင်း အတွဲညီဖို့လိုပါတယ်။ယခုဘဝမှာလည်း စိတ်ချမ်းသာစွာပေါင်းသင်းဆက်ဆံ လိုတယ်။နောင်ဘဝတစ်လျှောက်မှာလည်း ပေါင်းသင်းဆက်ဆံလိုတယ်။သံသရာတစ်လျှောက်ဘဝများစွာ ပေါင်းသင်းဆက်ဆံပြီး အဆုံးဘဝထိလက်တွဲပြီး နိဗ္ဗာန်စံဝင်ချင်တယ်ဆိုတဲ့ ဇနီးမောင်နှံများအတွက် အောက်ပါအချက်လေးများကို ဂရုတစိုက်.အလေးနက်ထားဖို့လိုပါတယ်။အိမ်ထောင်ရေးမှာ အတွဲအားဖြင့် လေးတွဲရှိပါတယ်။အဲဒါကဘာတွေလဲလို့ဆိုတော့....

၁။လူသေယောင်္ကျားနှင့်လူသေမိန်းမအတွဲ
ဆိုလိုတာက ယောင်္ကျားဖြစ်သူကသီလမရှိဘူး၊ကိုယ်ကျင့်တရားမကောင်းဘူး၊သဒ္ဓါတရားမရှိသလို မိန်းမဖြစ်သူကလည်း သီလမရှိ၊ကိုယ်ကျင့်တရားမကောင်း၊သဒ္ဓါတရားမရှိတဲ့ ဇနီးမောင်နှံအတွဲကို လူသေယောင်္ကျားနှင့် လူသေမိန်းမအတွဲလို့ဆိုလိုတာပါ။

၂။နတ်သမီးမိန်းမနှင့် လူသေယောင်္ကျားအတွဲ
မိန်းမကသီလရှိတယ်။ကိုယ်ကျင့်တရားကောင်းတယ်။သဒ္ဓါတရားကောင်းတယ်။သမာဓိရှိတယ်။ပညာရှိ တယ်။ဒါပေမယ့်ယောင်္ကျားဖြစ်သူက သီလမရှိဘူး၊ကိုယ်ကျင့်တရားမကောင်းဘူး၊သဒ္ဓါတရားမွဲတယ်။သမာဓိ မရှိဘူး၊ပညာဆိုတာလည်း မရှိဘူးဆိုရင် နတ်သမီးမိန်းမနှင့် လူသေယောင်္ကျားအတွဲဖြစ်ပါတယ်။အတွဲမညီ ပါဘူး။ပထမအတွဲကလည်း မကောင်းတဲ့အတွဲဖြစ်ပါတယ်။

၃။နတ်သားယောင်္ကျားနှင့် လူသေမိန်းမအတွဲ

ယောင်္ကျားဘက်ကကောင်းတယ်။သီလရှိတယ်။ကိုယ်ကျင့်တရားကောင်းတယ်။သဒ္ဓါတရားကောင်းတယ်။သမာဓိ ကောင်းတယ်။ပညာရှိတယ်။ဒါကိုနတ်သားနဲ့တူတယ်လို့ဆိုတာပါ။မိန်းမလုပ်သူက သီလမရှိဘူး၊ ကိုယ်ကျင့်တရားမကောင်းဘူး။သမာဓိမရှိဘူး၊ပညာမဲ့တယ်။ဒီလိုအတွဲမျိုးကလည်း အတွဲမညီပြန်ပါဘူး။ ဒီအတွဲကိုယောင်္ကျားဘက်ကကောင်းပြီး မိန်းမဘက်ကမကောင်းလို့ နတ်သားယောင်္ကျားနှင့်လူသေမိန်းမ အတွဲလို့ဆိုတာပါ။

၎။နတ်သားယောင်္ကျားနှင့်နတ်သမီးမိန်းမ
ဒီအတွဲကတော့ အကောင်းဆုံးအတွဲပဲ။ယောင်္ကျားကလည်းသီလရှိတယ်။ကိုယ်ကျင့်တရားကောင်းတယ်။ သမာဓိရှိတယ်။ပညာရှိတယ်။သဒ္ဓါတရားရှိသလို၊မိန်းမဖြစ်သူကလည်း သီလရှိတယ်။ကိုယ်ကျင့်တရား ကောင်းတယ်။သမာဓိရှိတယ်။ပညာရှိတယ်။သဒ္ဓါတရားရှိတယ်။အလွန်ကောင်းမွန်ပြီး လူတိုင်းလူတိုင်း စံနမူနာ ယူပြီး လိုက်နာကျင့်သုံးအပ်တဲ့အတွဲဖြစ်ပါတယ်။အတွဲညီညီနဲ့ ကောင်းတဲ့သူအချင်းချင်း၊သူတော်ကောင်း အဖြစ်ဖြင့် ကောင်းတဲ့အကျင့်တွေကိုကျင့်ပြီးတော့ မေတ္တာ၊ကရုဏာတွေ နားလည်မှုတွေထားပြီးပေါင်းသင်း မယ်ဆိုရင် အိမ်ထောင်ရေးဟာ မသာယာဖွယ် မရှိပါဘူး။သာယာမှာပါ။

ဒါနဲ့ပတ်သတ်ပြီး မှတ်သားလိုက်နာထိုက်တဲ့ ဝတ္ထုကြောင်းတစ်ခုကိုပြောချင်ပါတယ်။မြတ်စွာဘုရားဘဂ္ဂတိုင်း သံသုမာရဂိရိဆိုတဲ့မြို့မှာ သီတင်းသုံးတော်မူနေတဲ့အခါ အဲဒီမြို့မှာ မြတ်စွာဘုရားရှင်ကို သားအရင်းကဲ့သို့ ချစ်မြတ်နိုးကြတဲ့ နကုလပိတာနဲ့ နကုလမာတာဆိုတဲ့ ဒကာကြီး ဒကာမကြီးဆိုတာရှိပါတယ်။မြတ်စွာဘုရား ကိုပထမဆုံးတွေ့ဆုံချိန်မှာပင် သောတာပန်များဖြစ်ခဲ့တာပါ။မြတ်စွာဘုရားရှင်နှင့်ဘဝများစွာ အမျိုးတော်စပ် ခဲ့တာ၊ဘဝများစွာ အတူနေရခဲ့ကြရသောကြောင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး
နဲ့ အလွန်ပင်အကျွမ်းဝင်သောကြောင့် အကျွမ်းဝင်တဲ့နေရာမှာ ဧတဒဂ်အရာဖြင့် မြှောက်စားခံရတဲ့ ဒကာကြီး နဲ့ ဒကာမကြီးဖြစ်ပါတယ်။မြတ်စွာဘုရားရှင် မြို့ထဲကို ဆွမ်းခံကြွတော့ ထိုဒကာကြီး ဒကာမကြီးအိမ်ကိုလည်း ကြွပါတယ်။ခင်းထားတဲ့နေရာမြတ်မှာ မြတ်စွာဘုရားရှင်ထိုင်တော်မူနေတုန်း ဒကာကြီးနဲ့ဒကာမကြီးက ရိုသေစွာရှိခိုးပါတယ်။အဲဒီအခါမှာ နကုလပိတာဆိုတဲ့ ဒကာကြီးက လျှောက်ထားတယ်။မြတ်စွာဘုရားရှင် တပည့်တော်မှာ ဟောဒီနကုလမာတာဒကာမကြီးကို ငယ်ငယ်ရွယ်ရွယ်တည်းက ထိမ်းမြားပြီး ပေါင်းသင်းခဲ့ တာဖြစ်ပါတယ်ဘုရား။တပည့်တော်ဟာ နကုလမာတာကို ထိမ်းမြားသောအခါမှစ၍ အခြားသူတစ်ယောက် ကို ကိုယ်ထိလက်ရောက်မဆိုထားဘိ၊စိတ်နှင့်မျှမပြစ်မှားမိပါ။နကုလမာတာကို ယခုဘဝမှာလည်း အမြဲ ကြည့်နေချင် ပေါင်းသင်းလိုပြီး သံသရာမှာလဲ အတူတူပေါင်းသင်းလိုပါတယ်ဘုရား။

ထိုစကားကို နကုလမာတာ ကြားလျှင် အားကျမခံ သူ့စိတ်ရင်းကိုလျှောက်သည်မှာတပည့်မသည်လည်း ငယ်စဉ်အခါကပင် နကုလပိတာ၏ အိမ်သို့လိုက်ပါခဲ့ရပါသည်။ထိုအခါမှစ၍ အခြားသူကိုစိတ်မျှ မကူးမိပါ။ နကုလပိတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင် သံသရာမှာလည်း အမြဲတွေ့မြင်လိုပါသည်။ ထိုခင်ပွန်း ဇနီးနှစ်ဦးတို့ရဲ့ စကားကို ဘုရားရှင်က ပြန်လည်မိန့်တော်မူတာက ယခုဘဝမှာ စိတ်တူသဘောတူ ကြည်ဖြူ ကြသော ဇနီးခင်ပွန်း တို့သည် နောက်နောင်ဘဝ၌ မကွဲမကွာ ဖြစ်လိုကြလျှင် တစ်ယောက်နှင့်တစ်ယောက် သဒ္ဓါ၊သီလ၊စာဂ၊ပညာတို့ အရာရာ တူစေကြရမည်။

သဒ္ဓါဆိုတာ ရတနာသုံးပါး၊ကိုဆည်းကပ်ကိုးကွယ်ခြင်း၊ကံနှင့် ကံ၏အကျိုးကိုသက်ဝင်ယုံကြည်ခြင်း၊မိဘ ဆရာသမားများ၏ဂုဏ်များကိုသက်ဝင်ယုံကြည်ကြပြီး ကျေးဇူးသိတတ်စွာဆပ်ရခြင်းစတဲ့ သဒ္ဓါတရားနှင့် ပြည့်စုံစေရမှာပါ။ဒီသဒ္ဓါတရားက အင်မတန်မှ ဂရုပြုရမှာဖြစ်ပါတယ်။ဆိုလိုတာက ရတနာသုံးပါးဆိုတာ ဗုဒ္ဓဘာသာမှာပဲရှိတာဖြစ်ပါတယ်။ဒါကြောင့် အိမ်ထောင်ပြုတော့မယ်ဆိုရင် ဘာသာတူသူ လူမျိုးတူအချင်းချင်းပဲ ဖြစ်သင့်ပါတယ်။မိမိက ဘာသာတရားကိုင်းရှိုင်းပြီး ရတနာသုံးနဲ့ မိဘ၊ဆရာသမားများကိုကြည်ညိုလေးစား သော်လည်း မိမိနဲ့ပေါင်းသင်းနေထိုင်သူက ဘာသာခြားဖြစ်နေမယ်ဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်သလို သာယာဖြောင့်ဖြူးခြင်းလည်းရှိမှာမဟုတ်ဘူး။ဒါကြောင့် အိမ်ထောင်ပြုမယ်ဆိုရင် သဒ္ဓါတရားချင်း တူသူချင်း သာပြုသင့်ပါတယ်။ဘာသာတူသူနဲ့သာပြုသင့်ပါတယ်။ဒါက ဦးဇင်းတို့ပြောတဲ့စကားမဟုတ်ပဲ မြတ်စွာဘုရား တရားတော်အရ အသိပေးခြင်းဖြစ်ပါတယ်။

နောက်သီလပါ။ဒါလည်းအရေးကြီးပြန်တယ်။မိမိကသီလရှိပြီး မိမိနဲ့ပေါင်းသင်းနေထိုင်သူက သီမကင်းမဲ့နေ မယ်ဆိုရင်မဖြစ်ပြန်ဘူး။အိမ်သားကသီလလုံခြုံပြီးအိမ်သူကကာမေသုမိစ္ဆာစာရစတဲ့သီလတွေဖောက်ပြား နေမယ်ဆိုရင်ဘယ်လိုမှအဆင်မပြေနိုင်ပါ။ဒါကြောင့်အိမ်ရှင်ကသီလရှိသလို အိမ်သူကလည်းသီလရှိရမှာ ဖြစ်ပါတယ်။

စာဂကျပြန်တော့လည်းတူရဦးမှာပါ။စာဂဆိုတာ လှူဒါန်းခြင်း ပေးကမ်းခြင်းကိုဆိုလိုတာပါ။တစ်ယောက်က လှူဒါန်းမှုပြုလျှင် တစ်ယောက်က ကြည်ဖြူရပါမယ်။မပိတ်ပင်ရဘူး၊မတားမြစ်ရဘူး၊မကြည်မဖြူမဖြစ်ရဘူး၊ “မယ်ကလှူမူ မောင်ကြည်ဖြူ မောင်ကလှူဒါန်း မယ်ရွှင်လန်း”ဖြစ်ရမှာပါ။နောက်ဆုံးတစ်ချက်က ပညာပါ။ ပညာချင်းတူရမှာပါ။လောကီပညာ၊မှစ၍ အရာရာ စဉ်းစားချင့်ချိန် ဆုံးဖြတ်နိုင်တဲ့ပညာ နောက်ဆုံးဝိပဿနာ ပညာထိတူကြရမှာဖြစ်ပါတယ်။ထိုလေးချက်နဲ့ ယောင်္ကျားနှင့်မိန်းမ တူညီမည်ဆိုလျှင် ယခုဘဝမှာလည်း မခွဲမခွာ သာသာယာယာ ပေါင်းသင်းရမည်ဖြစ်သလို၊နောင်ဘဝအဆက်ဆက်မှာလည်း အတူတူပေါင်းသင်း ရမည်ဖြစ်တယ်လို့ မြတ်စွာဘုရားကဟောတော်မူပါတယ်။ ဒီဒေသနာတော်ကို သတိထား ဂရုစိုက်ပြီး တစ်ယောက်တစ်ယောက် ယခုဘဝမှာလည်း နတ်သား နတ်သမီးနဲ့တူတဲ့ လင်မယားအဖြစ်ပေါင်းသင်း နေထိုင်ကြပြီး ဘဝတစ်လျှောက်လုံးပေါင်းသင်းနေထိုင်ချင်တယ်ဆိုရင် ယုံကြည်မှု(သဒ္ဓါ)၊ကိုယ်၊နှုတ်နှစ်ပါး လုံခြုံစောင့်ထိန်းမှု(သီလ)၊ပေးကမ်းလှူဒါန်းခြင်း(စာဂ)နဲ့ အကောင်းအဆိုးကိုခွဲခြမ်းစိတ်ဖြာနိုင်တဲ့(ပညာ) ဒီလေးပါးကိုလက်ကိုင်ထားနိုင်ပါစေဟု ဆုတောင်းမှု ပြုလိုက်ရပါသည်။

အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

**အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ) **

**From-အစိမ်းရင့်ရင့်**

1 comment:

ဝီရဓမ္မ(Brave The Dhamma) said...

လာလည်သွားပါတယ်။ကျန်းမာချမ်းသာပါစေ။

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)