ဒီနေ့တော့ သူငယ်ချင်းတွေကို ပျော်စရာလေးတွေ ပြောပြမယ်နော်
**ဂယောင်ချောက်ချား**
ဘ၀တစ်ပါးသို့ပြောင်းတော့မည့် စကော့တလန်သားက ၄င်း၏ဇနီးကိုမှာနေသည်။
"တို့ရဲ့အိမ်နီးချင်း ဂျွန်ဆီက ပေါင် ၅၀ အကြွေးရစရာရှိတယ်၊ မမေ့နဲ့နော်"
"မမေ့ပါဘူးရှင်"
"မစ္စတာ စမစ်ကိုတော့ တို့ ၅ ပေါင်ပေးစရာရှိတယ်"
မိန်းမဖြစ်သူက သက်ပြင်းချပြီးပြောသည်။
"ဂယောင်ချောက်ချားတွေပြောနေပြန်ပါပြီ"
**အချိန်**
ဈေးမ၀ယ်ဖူးသော ယောင်္ကျားတစ်ယောက်ဈေးဝယ်လာသည်။
အမျိုးသား - အမကြီး ခရမ်းသီးတစ်လုံးဘယ်လောက်လဲ
ဈေးသည် - ခရမ်းသီးကအချိန်နဲ့ရောင်းတာမောင်လေးရဲ့
အမျိုးသား - ဒါဆိုကျွန်တော်ဘယ်အချိန်လာဝယ်ရမလဲခင်ဗျာ
**ကြိုးစားကြည့်လေ**
ဆရာ ။ ငါးတွေဘာဖြစ်လို့စကားမပြောသလဲ
ပီတာ ။ ရေထဲမှာ ဆရာစကားပြောကြည့်ပါလား။
**သက်သေ**
အတန်းထဲတွင်ဖြစ်သည်။ ဆရာမက မေးသည်။
" ငါးလိပ်ကျောက်က ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရတာလဲ"
ပီတာလေး လက်ညှိုးထောင်ပြီးဖြေသည်။
"ဝေလငါးနဲ့ အိပ်လို့ပါ"
"ပီတာ အခန်းထဲက ချက်ချင်းထွက်သွားစမ်း"
ထိုသို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။
"ကျောက်ပုဇွန်ရဲ့ မျက်လုံးက ဘာဖြစ်လို့ ပြူးထွက်နေရတာလဲ၊ ဘယ်သူသိကြသလဲကွယ်"
ပီတာလေးနောက်ပြန်လှည့်ပြီး အော်ပြောသည်။
"ဒါတွေအားလုံးကို သူမြင်မိလိုက်လို့"
**အိပ်မပျော်သောည**
တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကိုမေးသည်။
"ညကကောင်းကောင်းအိပ်ရရဲ့လားခင်ဗျာ"
"မမေးရင် ပိုကောင်းမယ် အိပ်ရာထဲမှာ ကြမ်းပိုးအသေတစ်ကောင်ကိုတွေ့ရတယ်"
"အသေတစ်ကောင်လောက်နဲ့ ဒီလောက်တောင်စိတ်အနှောင်အယှက်ဖြစ်ရသလားဗျာ"
"အသုဘလိုက်ပို့တဲ့သူ့ဆွေမျိုးသားချင်းတွေကိုမြင်ရင်
ခင်ဗျားဒီစကားမျိုးပြောမှာ မဟုတ်ဘူး၊ ဟင်း"
အားလုံးပဲ ပျော်နိုင်ကြပါစေ လို့...................
--
*(¯`•.•´¯) (¯`•.•´¯)
*`•.¸(¯`•.•´¯)¸.•´ ♥
☆ º ♥ `•.¸.•´ ♥ º ☆.¸¸.•´¯`♥
:¨•.•¨:☆.¸¸.•´¯`♥
`•. ပျော်ရွှ့င်ချမ်းမြေ့ကျပါစေ ♥
▬▬▬▬▬▬▬▬▬▬▬x▬▬▬**
*
**ကေခိုင်**
ဟာသလေးပါ ............

No comments:
Post a Comment