**Public Health**
နေ့စဉ်နှင့်အမျှ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို
ကျန်းမာရေးအတွက် ပိုမိုစားသုံးကြရန် ဆရာဝန်များ၏ အကြံပေးခြင်းကိုခံနေရ၏။
အချို့အစားအသောက်များမှာ အမှန်တကယ်ပင် ကင်ဆာ ရောဂါအား ကာကွယ်တိုက်ဖျက်ရာ၌
အကူအညီပေးနိုင်ပေရာ အစားအသောက် သုတေသီ အမန်ဒါအာဆဲလ်၏ ခန္ဓာကိုယ်အတွက်
အရေးပါလှသော အစားအသောက်(၁၀)မျိုးကိုဖော်ပြလိုက်ရပေသည်။
**ဗိုက်တာမင်စီဓါတ်ပါသောသစ်သီးဝလံများ**

လိမ္မော်သီးနှင့်ဂရိတ်ဖရုအသီးများမှာ ခန္ဓာကိုယ်အတွက်
လိုအပ်သော ကိုမာရင်းCoumarins ဓာတ် အဓိကပါဝင်သော သစ်သီးနှစ်မျိုးဖြစ်၏။
ဓာတ်ခွဲခန်းမှ စမ်းသပ်မူများအရ ယင်းကို မာရင်းဓာတ်မှာ
ရင်သားတစ်သျှူးများအတွင်းမှ ကင်ဆာဆဲလ်များ၏တိုးပွားလာမူကို
ပိတ်ဆို့တားဆီးနိုင်ကြောင်း သိပံ္ပပညာရှင်များ ဆက်စပ်၍
သက်သေပြနိုင်ခဲ့ကြပေသည်။သို့သော် ယနေ့ကျွန်ုပ်တို့ စားသောက်နေကြသော
လိမ္မော်သီးများအတွင်း၌ ကိုမာရင်းဓာတ်က ခန္ဓာကိုယ်အတွင်း၌လည်း အလားတူ
အကျိုးသက်ရောက်မူ၇ှိ မရှိကို တိတိကျကျ မသိရှိကြသေးချေ။သို့သော်
ယင်းသစ်သီးများကို ပိုမို၍
စားသုံးသင့်သည်မှာတော့အမှန်ပင်ဖြစ်၏။အဘယ်ကြောင့်ဆိုသော်
ကင်ဆာရောဂါဖြစ်ပွားနှုန်းကို နည်းပါးစေသော ဗိုက်တာမင်စီဓာတ်ကလည်း
ယင်းသစ်သီးများအတွင်း၌ပါဝင်နေသောကြောင့်ဖြစ်၏။
ကင်ဆာရောဂါဖြစ်ပွားမူဖြစ်စဉ်တွငိ အဆိပ်သဖွယ် အရေးပါလှသော
အင်ဇိုင်းများ၏ဆိုးဝါးသော သတ္တိများကို ကိုမာရင်း(Coumarins)က
ပျက်ပြယ်စေကာ ရင်းသားကင်ဆာ ဖြစ်ပွားမူမှ အကာအကွယ်ပေးကောင်းပေးနိုင်သည်ဟု
ယူဆသော်ရ၏။
ထို့အပြင် ယင်းကိုမာရင်းဓာတ်အား ဆန်၊ဂျုံ၊ပြောင်းစသည့်
ကောက်ပဲသီးနှံများ၊ကြာညို့၊ဂေါ်ဖီထုပ်၊သခွားသီးနှင့် ဖရဲသီးများ၌လည်း
တွေ့ရှိနိုင်၏။
**ဘရိုကိုလီ(သို့)ဂေါ်ဖီပန်းအစိမ်းရင့်ရောင်**
အစားအသောက်နှင့်ပတ်သက်၍ အမေရိကန် အမျိုးသားကင်ဆာဌာနကြီးမှ
ဘရိုကိုလီအား နံပါတ်တစ် ကင်ဆာရောဂါကာကွယ်နိုင်သော အစားအစာအဖြစ်
သတ်မှတ်ခဲ့ကြ၏။ ဘရိုကိုလီ၏ အရသာမှာ အနည်းငယ်ခါးသက်သက်ဖြစ်သော်လည်း
ပါဝင်သော ဆာလ်ဖာဓာတ်ကမွှေးကြိုင်သော ရနံ့ကို ဖြစ်ပေါ်စေကာ
ကင်ဆာရောဂါဖြစ်ပွားမူကို အဓိက ကာကွယ်ပေးသော အပိုင်းဖြစ်သည်။
ဓာတ်ခွဲခန်းအတွင်း၌ ရင်သားကင်ဆာဆဲလ်များအတွင်းသို့
ယင်းဟင်းသီးဟင်းရွက် ဘရိုကိုလီမှ သဘာဝဓာတု ပစ္စည်းများကို
ရောစွက်ထည့်သွင်းစမ်းသပ်ကြည့်ရာ ကင်ဆာဆဲလ်များ၏ အရေအတွက် တိုးပွားလာမူကို
ရပ်တန့်စေနိုင်ကြောင်း သိပံ္ပပညာရှင်များက စမ်းသပ်တွေ့ရှိခဲ့ကြ၏။
ဘရိုကိုလီတွင် ဖော်ပြပါသတ္တိထူးများပါဝင်ရုံမကဘဲ
ဗီတာမင်စီနှင့်အီးတို့ ကဲ့သို့သော ဓာတ်တိုးခြင်းကို အကာအကွယ်ပေးသော
antioxidant သတ္တိများပါဝင်နေပြန်၏။ ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေသော
ဖရီးရက်ဒီကယ်များ၏ တိုးပွားလာမူကို ရပ်တန့်စေ၏။
ယင်းဖရီးရက်ဒီကယ်လ်များမှာ လေထုညစ်ညမ်းမူနှင့် နေရောင်ခြည်အား
အလွန်အမင်းခံယူမူကြောင့် ခန္ဓာကိုယ်အတွင်း၌ဖြစ်ပွားလာပြီး ကင်ဆာ
ရောဂါဖြစ်စေသော အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်၏။
ကန်စွန်းဥ
မီးဖုတ်၍ဖြစ်စေ၊ ရေထဲတွင်ပြုတ်၍ဖြစ်စေ၊အာလူးကြော်ကဲ့သို့
အပိုင်းအစလေးများအနေနှင့်ဖြစ်စေ သုံးနိုင်၏။ မည်ကဲ့သို့စားစား
ကန်စွန်းဥမှ ကင်ဆာရောဂါအား တိုက်ဖျက်နိုင်သောဓာတ်သတ္တိသုံးမျိုးကို
ရရှိနိုင်၏။ ယင်းသုံးခုစလုံးကို antioxidants ဗိုက်တာမင်များဟု
ခေါ်၏။ဘီတာကာရိုတင်း၊ဗိုက်တာမင်စီနှင့်အီးများကို အတူတကွ တစ်ခါတည်းစားပါက
ပိုမို၍အာနိသင် အကျိုးရှိနိုင်ပြီးရင်သားကင်ဆာ တစ်သျှူးများက
ကင်ဆာရောဂါအား ခံနိုင်ရည်ကို ပိုမိုတိုးတက်စေပါသည်။
ပဲအမျိုးမျိုး
ကုလားပဲ အပါအဝင် ပဲအမျိုးမျိုး၌ လစ်နင်
Lignamsဟူသောအရာတစ်မျိုးပါဝင်သည်အမျိုးသမီးများ၌
အီစထရိုဂျင်ဟော်မုန်းပမာဏ လွန်စွာမြင့်မားလာပါက
ရင်သားကင်ဆာဖြစ်စေနိုင်သော ယင်းလစ်ဂင်များက သူကိုယ်တိုင်က
ဓာတ်တိုးမူကိုလျော့နည်းစေနိုင်သော antioxidant သတ္တိရှိပြီး
ကင်ဆာဖြစ်စေနိုင်သော ပြောငိးလဲမူကို ဟန့်တားနိုင်ပါသည်။
သံလွင်ဆီ
အမေရိကနှင့်ဥရောပမြောက်ပိုင်းနိုင်းငံများထက်
မြေထဲပင်လယ်နိုင်ငံများ၌ ရင်သားကင်ဆာ ဖြစ်ပွားနှုန်း လျော့နည်းသည်ကို
လေ့လာတွေ့ရှိကြရသည်။ကမ္ဘာ့ကင်ဆာသုတေသန အသင်းကြီးက ယင်းသို့ဖြစ်ရသော
အကြောင်းအရင်းမှာ မြေထဲပင်လယ်နိုင်ငံများ၌ သံလွင်ဆီ
ပိုမိုစားသုံးသောကြောင့်ဟုဆို၏။ ထိုသို့ဖြစ်ရသောအကြောင်းရင်းမှန်ကို
မည်သူမှတိတိကျကျ မပြောနိုင်သော်ငြားလည်း သံလွင်ဆီကို စားလိုက်သောအခါ
ရင်သားကင်ဆာဖြစ်ပွားနှုန်းနှင့်ဆက်စပ်နေသော ပြည့်ဝဆီများအတွက်
နေရာမှာအစားအစာများထဲတွငိလျော့နည်းသောကြောင့်ဖြစ်မည်ဟု ယူဆကြသည်။
ဟင်းသီးဟင်းရွက် အသုပ်များပေါ်၌ သံလွင်ဆီကိုဆမ်းစားရုံမျှဖြင့်
ပြည့်ဝဆီများစွာ ပါဝင်သော မေယိုနေ့စ် Mayon naise ကို
အစားထိုးသကဲ့သို့ဖြစ်သွားစေပါသည်။
သံလွင်ဆီမှာ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်သည် မှန်သော်လည်း
အဆီမှန်သမျှမှာ ကလိုရီဓာတ်မြင့်မားသည်ချည်းဖြစ်၏။ထို့ကြောင့်
ကလိုရီဓာတ်က်ု လိုအပ်သည်ထက်ပိုမိုစားသုံးပါက ကိုယ်အလေးချိန်ကို
တိုးတက်လာပြီး ယင်းအချက်ကလည်း အမျိုးသမီးများတွင် ရင်သားကင်ဆာကို
ဖြစ်စေတတ်သည်ကို သတိချပ်စေလိုပါသည်။ထို့ကြောင့် သံလွင်ဆီကိုလည်း
မျှမျှတတစားရန်လိုပါသည်။
ပေါင်မုန့်ညို
ပေါင်မုန့်ညို၊ဆန်လုံးညိုနှင့် နံနက်စာ ကွေကာအုပ်များကို
စားသုံးခြင်းဖြင့် အီစထရိုဂျင် ဟော်မုန်းပမာဏကို လျော့နည်းစေပြီး
ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများ စွန့်ထုတ်မှုကိုလည်း
လျင်မြန်စေနိုင်သည်ဟု ယူဆကြပါသည်။ထိုကဲ့သို့ဖြစ်ရခြင်း ဖြစ်စဉ်ကို
လေ့လာကြည့်ပါက ထိုအမျှင်ပါသော အစားအစာများ စားသုံးခြင်းကြောင့်
ခန္ဓာကိုယ်၏ အစာလမ်းကြောင်းတွင် အီစထရိုဂျင် ဟော်မုန်းဓာတ်တည်ရှိနေသော
အချိန်ကို တိုတောင်းသွားစေပြီး ခန္ဓာကိုယ်က ယင်းဟော်မုန်းကို
ပြန်လည်စုပ်ယူသောအချိန်လည်း တိုတောင်းသွားပေသည်။ဖော်ပြပါ အစားအစာများတွင်
ကင်ဆာရောဂါအားတိုက်ဖျက်သော ဗိုက်တာမင်နှင့်သတ္တုဓာတ်များ
ပါဝင်နေပါသည်။ထို့ကြောင့် အမျှင်များစွာပါသော အစားအစာများကို
စားသင့်လှပေသည်။
စတော်ဘယ်ရီ
စပျစ်သီးနှင့်ပန်းသီးတို့ပြီးလျှင် ကင်ဆာရောဂါဖြစ်နိုင်သော
ဓာတုပစ္စည်းများကို ဓာတ်ပြယ်စေနိုင်သော အီလာဂစ်အက်ဆစ်ကို
အများဆုံးတွေ့နိုင်သော အသီးမှာ
စတော်ဘယ်ရီနှင့်ရပ်စ်ဘယ်ရီအသီးတို့ပင်ဖြစ်သည်။ယင်းအသီးမှ ဗိုက်တာမင်စီမှာ
ခန္ဓာကိုယ်မှ လွယ်ကူစွာ စုပ်ယူနိုင်ပြီး ဖရီးရက်ဒီကယ်နများကို
လျော့နည်းစေပါသည်။
မုန်လာဥနီ
မုန်လာဥနီကို စားခြင်းဖြင့်
အမှောင်ထဲတွင်ပိုမြင်နိုင်ပါသည်။အဘယ်ကြောင့်ဆိုသော်
လိမ္မော်ရောင်ဘီတာကာရိုတင်းဓာတ်များစွာပါဝင်သောကြောင့်ဖြစ်ပါသည်။ဘီတာကာရိုတင်းဓာတ်မှာ
အထက်ပါ သတ္တိအပြင် ကင်ဆာရောဂါကိုဖြစ်စေနိုင်သော ဖရီးရက်ဒီကယ်လ်များ၏
ဆိုးကျိုးသတ္တိများကို ပျက်ပြယ်စေနိုင်ပါသည်။ခန္ဓာကိုယ်က
ဘီတာကာရိုတင်းဓာတ်များကို စုပ်ယူရာ၌ အဆီဓာတ်
အနည်းငယ်ရှိလျှင်ပိုကောင်း၏။ထိုကြောင့် မုန်လာဥနီများကို ချက်ပြုတ်ပြီး
ထမင်း၊ဟင်းနှင့်ဖြစ်စေ၊ ဟင်းသီးဟင်းရွက်အသုပ်များ၌ မုန်လာဥနီပါဝင်ပါက
အနည်းငယ် ဆီဆမ်း၍ ဖြစ်စေ စားသုံးပါက ပိုမိုကောင်းမွန်ပါသည်။
ပဲပြား၊ပဲငံပြာရည်
ပဲပြား၊ပဲပိစပ်၊ပဲပုပ်နှင့်ပဲငံပြာရည်များ၌ အိုက်စိုဖလေဗွန်
Isoflavonesဓာတ်ပါရှိပြီးကင်ဆာဆဲလ် များရှိရာသို့ သွေးများစီးဆင်းမှုကို
ဖြတ်တောက်လျော့နည်းစေပြီး ကင်ဆာဆဲလ်များ ကြီးထွားလာမှုကို
ရပ်ဆိုင်းစေပါသည်။
(HEALTH CARE JOURNALမှတွေ့၇ှိမျှဝေပါတယ်)
**tha dasoe**

No comments:
Post a Comment