by Lu Cifer on Tuesday, November 15, 2011 at 10:59pm
ISRAEL/ Ultra Orthodox students gesture as they pray during a reading class at the Kehilot Yaacov Torah School for boys in Ramot, Jerusalem June 24, 2010. Israel's ultra-Orthodox minority has long been at odds with the Jewish state's highest judicial authority over edicts which some devout Jews say interfere with their religious lifestyle. Ultra-Orthodox Jews protested in Israel last week against a court order to desegregate a religious school and force Jewish girls of European and Middle Eastern descent to study together. REUTERS/ Ronen Zvulun (JERUSALEM - Tags: RELIGION POLITICS EDUCATION IMAGES OF THE DAY) Reuters
ကမ္ဘာ့နိုင်ငံ အသီးသီးက ကျောင်းသူ ကျောင်းသားများမှာ နေ့စဉ် စာသင်ခန်းတွင်း ၀င်ပြီး အပြိုင်အဆိုင် စာသင်ယူနေကြရသည်။ သို့သော် သူတို့ သင်ယူနေသော သင်ခန်းစာအချို့မှာ မှားယွင်းနေရုံမကဘဲ အန္တရာယ်ရှိနေတာကိုပါ တွေ့ကြရသည်။
အောက်တွင် ဖော်ပြထားတဲ့နိုင်ငံတွေမှာ ကျောင်းသားများ သင်ယူနေရတဲ့ ဆိုးရွားသင်ခန်းစာအချို့ကို လေ့လာဖို့ ဖော်ပြလိုက်ပါသည်။
**အီရန်**
Lesson planး ဘာသာရေး စစ်ပွဲနှင့် ကျားမပြဿနာ
ဘာသာရပ် အကြောင်းအရာ။
အီရန် ခေါင်းဆောင်များက သူတို့ နိုင်ငံရေး မက်ဆေ့ခ်ျတွေ တကမ္ဘာလုံးကို ပျံ့နှံစေဖို့ အတွက် 'မီဒီယာသစ်' ကို အသုံးပြုလာသည်။ အီရန် ပြည်တွင်းမှာတော့ ဘာသာရေး အယူအဆ သွတ်သွင်းဖို့ ကျောင်းပုံနှိပ်စာအုပ်တွေထဲ အများအပြားထည့်လာသည်။
လေ့လာတွေ့ရှိချက်တစ်ခုအရ အီရန် ၇ တန်းကျောင်းသုံး ဖတ်စာအုပ်တစ်အုပ်မှာ "မူဆလင်လူငယ်တိုင်းသည် အလ္လာအရှင်တော်မြတ်၏ ရန်သူတိုင်းနှင့် မိစ္ဆာဟု သတ်မှတ်ထားသူတိုင်းကို ထိုးနှက်တိုက်ခိုက်ခြင်း၊ ပစ်မှတ်ကို တိကျကျွမ်းကျင်စွာ ပစ်ခတ်နိုင်ခြင်းဖြင့် မိမိ၏ကြောက်ရွံ့မှုအား နှလုံးသားထဲမှ မောင်းထုတ်ပစ်ကြရမည်" ဟု သင်ကြားထားသည်။ အီရန်ဥပဒေအရ လူငယ်တိုင်း အသက် ၁၉ နှစ်တွင် မဖြစ်မနေ ၁၈ လ စစ်မှုထမ်းရမည် ဖြစ်သည်။
၂၀၁၀ ခုနှစ် ၀ါရှင်တန်အခြေစိုက် Freedom House အစီရင်ခံစာအရ အီရန် အစိုးရက အီရန် ကျောင်းသားတွေကို အစ္စလမ်လူမျိုးကြီးစိတ်ဝင်အောင် သင်ကြားပေးနေသည်ဟု ဖော်ပြထားသည်။ အီရန်နိုင်ငံရေးစနစ်က ကျားမ ခွဲခြားမှု၊ လူမျိုးရေး ခွဲခြားမှုများ ပြုလုပ်ထားသည်။ အမျိုးသားတွေကို ပထမတန်းစား နိုင်ငံသားစိတ်ကိန်းအောင် သွတ်သွင်းလျက်ရှိသည်။ အမျိုးသမီးတွေကိုတော့ အိမ်တွင်းမှာ နေခိုင်းပြီး ဒုတိယတန်းစားနိုင်ငံသား ဖြစ်အောင် သင်ကြားနေသည်။
ပြဌာန်းစာအုပ်မှ အထောက်အထား။
"မူဆလင် ဘာသာရေးစစ်ပွဲ 'ဂျီဟာဒ်' ကို ကာကွယ်ခြင်းသည် လူငယ်တိုင်း၊ လူကြီးတိုင်း၊ အမျိုးသမီးတိုင်းရဲ့ အလ္လာအရှင်တော်မြတ်ပေး တာဝန်ဖြစ်သည်။ ဤမြင့်မြတ်သော စစ်ပွဲအတွက် လူတိုင်း လုံးဝဥဿုံပါဝင် ဆင်နွှဲရမည်။ ငါတို့ရဲ့ တိုက်ပွဲဝင် သူရဲကောင်းများအတွက် ငါတို့ စွမ်းအားရှိသမျှ ကူညီတိုက်ခိုက်သွားရမည်....." (အီရန်နိုင်ငံထုတ် သတ္တမတန်း အစ္စလမ်ယဉ်ကျေးမှုနှင့် ဘာသာရေး ကျောင်းသုံး ဖတ်စာအုပ်မှ ကောက်နှုတ်ချက်)။
**တရုတ်**
Lesson plan: ပုံမှန်မဟုတ်တဲ့ သမိုင်း
ဘာသာရပ်အကြောင်းအရာ။
တရုတ်တို့မှာ မိမိကိုယ်ကို ကမ္ဘာ့အင်အားကြီး ဆူပါပါဝါအဖြစ် မြင်ကြည့်ဖို့ ချီတုံချတုံ ဖြစ်နေဟန်ရှိသည်။ လက်ရှိသင်ကြားနေသော တရုတ်သမိုင်းဖတ်စာအုပ်များတွင် ရှေ့နောက်မညီ ၀ိရောဓိများနှင့် ပြည့်နေသည်။ သန်းပေါင်းများစွာသော ကျောင်းသားတွေရဲ့ မျက်စိတွင် တရုတ်ပြည်ဆိုတာ လုံးဝ ရိုးသားအပြစ်ကင်းစင်ပြီး စစ်ရေးအင်အားချဲ့ထွင်မှု ကျူးကျော်မှုတို့နှင့် ဘာမှမပတ်သက်တဲ့ နိုင်ငံဟု မြင်ထားကြသည်။ သို့သော် စာအုပ်တွေမှာ သိုသိပ်မှုနှင့် ကြွားဝါမှု တပြိုင်နက်ထဲ ရောထွေးနေတတ်သည်။

တရုတ်ကျောင်းသုံး ပြဌာန်းစာအုပ်တွေမှာ ၁၉၅၀ ခုနှစ်က တိဘက်ကို ၀င်ရောက်ကျူးကျော် သတ်ဖြတ်တဲ့ အကြောင်း ဖော်ပြထားခြင်း မရှိ။ ကမ္ဘောဒီယားကို ၀င်ရောက်ခဲ့တဲ့ ဗီယက်နမ်တို့အပေါ် တုန့်ပြန်ခဲ့သည့် ၁၉၇၉ တရုတ်-ဗီယက်နမ် စစ်ပွဲအကြောင်းကို လုံးဝဖော်ပြမှု မရှိ။ တရုတ်ဆိုတာ ဘယ်တော့မှ ကျူးကျော်သူမဟုတ်၊ မိမိကိုယ်ကို ကာကွယ်သူသာဖြစ်ကြောင်း လက်ရှိသမိုင်းစာအုပ်များက သင်ကြားသည်။ ၁၉၅၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ဥက္ကဋ္ဌကြီးမော် ရဲ့ မဟာခုန်ပျံကျော်လွှားရေး လမ်းစဉ်ကြောင့် လူသန်း ၅၀ ကျော် သေဆုံးမှုနဲ့ ငတ်မွံတ်ခေါင်းပါးမှု တို့ကို ရှင်းရှင်းလင်းလင်း ရေးသားထားမှုမရှိ။
တရုတ် ကျောင်းသုံးပြဌာန်းစာအုပ် တစ်အုပ်မှ ဒုတိယကမ္ဘာစစ်နှင့် ဂျပန်ဆန့်ကျင်ရေး စစ်ပွဲအကြောင်း ရေးထားတဲ့ စာမျက်နှာ ဥပမာ ကြည့်ပါ။
"နန်ကျင်းမြို့ကို ဂျပန်တို့က သိမ်းပိုက်လိုက်သည်။ နန်ကျင်းမြို့မုဒိမ်းကျင့် ခံရမှုပင် ဖြစ်သည်။ ဂျပန်တို့က လူ ၃၀၀၀၀၀ ကျော်ကို သတ်ဖြတ်ပြီး ကမ္ဘာ့သမိုင်းတွင် အရက်စက်ဆုံး ကြောက်ရွံ့ဖွယ်အကောင်းဆုံး လူသတ်ပွဲကြီးကို ဖန်တီးခဲ့သည်" ဟုဆိုပြီး အကြီးမားဆုံး လူသတ်ပွဲဟု သုံးနှုန်းထားသည်။ ( ဂျပန် သမိုင်းစာအုပ်တွေမှာတော့ 'အစုလိုက်အပြုံလိုက် သတ်ခဲ့သည့် ဖြစ်ရပ်' ဟု သုံးနှုန်းထားသည်။ တရုတ်တို့က သူတို့ မလိုတဲ့နေရာများတွင် အသုံးအနှုန်းများကို ချဲ့ကားနိုင်သမျှ ချဲ့ကားထားသည်။
နောက် ဂျပန်တို့ကို ခုခံတွန်းလှန်နိုင်မှုမှာ တရုတ်တို့ရဲ့ စည်းလုံးညီညွတ်မှုနှင့် စစ်ရေးကျွမ်းကျင်မှုတို့ကြောင့်သာ ဖြစ်သည်ဟု ရေးထားသည်။ အမေရိကန်တပ်တွေ စစ်ပွဲကို ဦးဆောင်တိုက်ခိုက်ခဲ့ပေးတဲ့အကြောင်း လုံးဝ ဖော်ပြမထားပါ။
ပြဌာန်းစာအုပ်မှ အထောက်အထား။
"ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့အပေါ် တရုတ်တို့ အောင်မြင်မှုရရှိခြင်း၏ အဓိကအကြောင်းမှာ ထူးခြားလှသော တရုတ်ကွန်မြူနစ်ပါတီက တစ်နိုင်ငံထဲကို စုစည်းနိုင်ခဲ့သည့် ပင်မအကြောင်းတရားကြောင့်သာ ဖြစ်သည်...." (အများပြည်သူသုံး တရုတ်သမိုင်းစာအုပ်မှ ကောက်နုတ်ချက်)။
**ဆော်ဒီအာရေဗီယ**
Lesson plan: ယုံကြည်မှုရဲ့ ရန်သူတော်များ
ဘာသာရပ်အကြောင်းအရာ။
၉/၁၁ အမေရိကန် ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှုမှာ လေယဉ်တွေ ပြန်ပေးဆွဲသူ ၁၉ ယောက်အနက် ၁၅ ယောက်က ဆော်ဒီနိုင်ငံသားများ ဖြစ်သည်။
၉/၁၁ ဖြစ်ပြီးနောက် ဘုရင်အဘ်ဒူလာ က ဆော်ဒီပြဌာန်းစာအုပ်တွေကို ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့သည်။ အရင် ပြဌာန်းစာအုပ်တွေမှာ ခရစ်ယာန်၊ ကွန်မြူနစ်၊ ဇီယွန်ဝါဒီနှင့် အနောက်မှ လူဖြူတွေကို 'ဘာသာရေး မယုံကြည်သူများ' (non-believers) ဟုသတ်မှတ်ထားပြီး၊ မူဆလင်တို့ရဲ့ ဦးစားပေး မိစ္ဆာရန်သူများအဖြစ် သင်ကြားခဲသည်။
သို့သော် ဆယ်နှစ်ကျော်ကြာလာပေမဲ့ ပြောင်းလဲသင်ကြားမှု အကျိုးရလဒ်က သိသိသာသာ တိုးတက်မှုမရှိခဲ့။ ၂၀၀၆ ခုနှစ်မှာ အခြားဘာသာကွဲ လူမျိုးကွဲများအပေါ် သည်းမခံမှုကို ဖော်ပြသုံးနှုန်းထားတဲ့ စာပိုဒ်များ ဖြုတ်ပေးမယ်လို့ ဘုရင့်အစိုးရအဖွဲ့က တရားဝင်ကတိပေးခဲ့ပေမဲ့၊ ဆော်ဒီကလေးငယ်တွေက ဂျီဟာဒ်စစ်ပွဲ အကြောင်းနဲ့ ဂျူးမုန်းတီးရေး စာပိုဒ်များကို အော်ကျက်နေကြတုန်းပင်။ လက်ရှိ အမေရိက၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီနှင့် တူရကီနိုင်ငံများရှိ ဆော်ဒီပိုင်ကျောင်းတွေမှာလည်း အလားတူ ဖတ်စာအုပ်တွေကိုသာ သင်ကြားလျက်ရှိသည်။
ယခုနောက်ဆုံး ဆော်ဒီအစိုးက ထပ်ကြေငြာသည်။ ဆော်ဒီဘုရင့်နိုင်ငံအတွင်းရှိ ကျောင်းများ၊ ဆော်ဒီမှ ထောက်ပံ့မှုရယူထားသော တကမ္ဘာလုံးရှိကျောင်းများမှ ဖတ်စာအုပ်များကို လာမည့် သုံးနှစ်အတွင်း ပြန်လည် စစ်ဆေးသုံးသပ်မည် ဆိုတဲ့အကြောင်း။
ပြဌာန်းစာအုပ်မှ အထောက်အထား။
"အောက်ပါကွက်လပ်များတွင် သင့်လျော်သော စကားလုံးများ ဖြည့်စွက်ပါ။
ကမ္ဘာပေါ်ရှိ ဘာသာတိုင်းသည် ...................ဘာသာရေးလောက် မမှန်ကန်ဘဲ မှားယွင်းနေသည်။ အစ္စလာမ် ဘာသာ မယုံကြည် မကိုးကွယ်သောသူ မည်သူပဲသေသေ ................သို့ သက်ဆင်းသွားရမည်။ (ဆော်ဒီ ပထမတန်း ဖတ်စာအုပ်မှ)။
**ရုရှား***
Lesson plan: စတာလင်
ဘာသာရပ်အကြောင်းအရာ။
ရုရှား ခေါင်းဆောင်ကြီး စတာလင်အကြောင်း အပြုသဘောဆောင် ပြောဖို့မှာ ခက်ခဲလှသည်။ သူရဲ့ ဦးဆောင်မှုအောက်တွင် ရုရှား သန်း ၂၀ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ သို့နှင့်တိုင် ယနေ့ ရုရှား မျိုးဆက်သစ်ခေါင်းဆောင်များရဲ့ ကြိုးစားလုပ်ဆောင်မှုတိုင်းတွင် စတာလင်ကို ပြန်အဖတ်ဆယ်ရေးက ထိပ်ဆုံးက ပါဝင်နေသည်။
ကေဂျီဘီ ထောက်လှမ်းရေးမှုးမှ သမ္မရာထူး နှစ်ဆက်ယူခဲ့ပြီး ယခု ၀န်ကြီးချုပ်လုပ်နေသူ ဗလာဒီမာ ပူတင်က ကျောင်းသင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲဖို့ အားထုတ်ခဲ့သူ ဖြစ်သည်။ စတာလင်နိုက်ဇေးရှင်း လုပ်ဖို့အတွက် သူ့အခေါ် 'အကောင်းမြင်သမိုင်း' (positive history) သင်ရိုးညွှန်းတမ်းတွေ သင်ကြားရေး အဆက်မပြတ် လုပ်သည်။ စတာလင်ရဲ့ ကောင်းကွက်တွေကို အတင်းရှာဖွေနှိုက်ချွတ် အမွှန်းတင်ပြီး ကလေးတွေကို သံပြိုင်အော်ခိုင်း ဇာတ်တိုက်ခိုင်းနေသည်။
ပူတင်ခေတ် သမိုင်းစာအုပ်သစ် တစ်အုပ်တွင် စတာလင် ခေါင်းဆောင်မှုအောက်၊ ၁၉၃၂-၃၃ ခုနှစ် စိုက်ပျိုးရေး ပေါ်လစီမှားယွင်းမှုကြောင့် ဖြစ်ပျက်ခဲ့ရတဲ့ အငတ်ဘေးကြီးကို ဖော့ဖေါ်ပြထားသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဖက်ဆစ်တို့ကို တိုက်ပွဲဆင်နိုင်မှုမှာ အခြားမဟာမိတ်နိုင်ငံတွေရဲ့ အခန်းကဏ္ဍကကို အများကြီး လျော့ချပစ်ခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စု ရွှေထီးဆောင်းကာလကို အထပ်ထပ်ဖော်ပြထားသည်။
ပြဌာန်းစာအုပ်မှ အထောက်အထား။
"စတာလင်သည် ဆင်ခြင်တုံတရားရှိစွာ အရာရာကို ဆောင်ရွက်တတ်သူ ဖြစ်သည်။ ကွန်မြူစနစ်ကို ကာကွယ်စောင့်ရှောက်သူ၊ ဆိုဗီယက်အင်ပါယာကို ပုံဖော်ခဲ့သူ၊ ကမ္ဘာ့အင်အားကြီး စက်မှုနိုင်ငံကြီးကို စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပေသည်.." (ရုရှားသမိုင်း ၁၉၀၀-၁၉၄၅ စာအုပ်မှ)။
ရည်ညွှန်း။ Foreign Policy
**၀င့်ထန်း**
**From-မာဃလုလင်**

No comments:
Post a Comment